Facebook ကို အသုံးပြုပြီး တစ်ယောက် ကွန်ပြူတာကို တစ်ယောက် ထိန်းချုပ်နည်း

နာမည်ကြီး Remote Access Application ဖြစ်တဲ့ Team Viewer ကို တော်တော်များများ သိကြမှာပါ။ Team Viewer က ကွန်ပြူတာတစ်လုံး ကို အခြား ကွန်ပြူတာတစ်လုံး ဒါမှမဟုတ် ဖုန်းတစ်လုံးကနေ ထိန်းချုပ် ခိုင်းစေလို့ ရပါတယ်။ ဒါ့အပြင် Android / iOS ဖုန်းတွေကို ကွန်ပြူတာကနေ ထိန်းချုပ်ဖို့ အတွက် Team Viewer QuickSupport ဆိုတဲ့ App လည်းရှိ ပါသေးတယ်။ ဒါပေမယ့် TeamViewer မရှိတဲ့ စက်တွေ မှာဆို အခက်တွေ့ ပါတယ်။ ဘာဆော့ဝဲမှ သုံးစရာမလိုဘဲ တစ်ယောက် ကွန်ပြူတာကို တစ်ယောက်ထိန်းချုပ်လို့ ရတဲ့ Facebook Application တစ်ခုရှိပါ တယ်။ သူကတော့ Deskhop App ဖြစ်ပြီး Windows, Mac OS X(10.6) မှာ သုံးနိုင်ပါတယ်။

ပထမဆုံး Deskhop App Page ကို အောက်ကလင့်ကနေ သွားပါ။

http://goo.gl/xmGlEa

“Go to App” ကိုနှိပ်ပါ။

သူငယ်ချင်းတစ်ယောက်ကို ရွေးချယ်ပါ။ Chat ပိတ်ထားတဲ့ သူတွေ ဆိုရင်တော့ မြင်ရမှာ မဟုတ်ပါ။

ပြီးရင် မိမိ Screen ကို Share လုပ်မှာလား သူငယ်ချင်းရဲ့ Screen ကို Control လုပ်မှာလား ရွေးချယ်ပါ။ သင်ရွေးချယ် လိုက်တဲ့ သူငယ်ချင်းကို Facebook က Notification ပို့ ပေးမှာဖြစ်ပါတယ်။ သူကလည်း သင့်ကို Grant Access လုပ်ပေးဖို့ လိုပါတယ်။

ပြီးရင်တော့ 700 kB ၀န်းကျင်ရှိတဲ့ဖိုင်လေးကို ဒေါင်းလုပ် လုပ်ခိုင်းပါလိမ့်မယ်။ ဒေါင်းလုပ်လုပ်ပြီးရင် အင်စတော လုပ်ပေးပါ။ ဒါဟာ ခဏတာ အင်စတာ လုပ်တာဖြစ်ပြီး သင့်အလုပ်ပြီးစီးတာနဲ့ အလိုလို delete လုပ်ပေးမှာပါ။ သင်ရော သင့်သူငယ်ချင်းပါ ဒေါင်းလုပ်လုပ်ပြီး အင်စတော လုပ်ဖို့ လိုပါတယ်။

ပြီးရင်တော့ တစ်ယောက်ကွန်ပြူတာကို တစ်ယောက် ထိန်းချုပ်လို့ ရပါပြီ။ Disconnect အချိန်မရွေးလုပ်နိုင်ပါတယ်။ Disconnect လုပ်လိုက်တာနဲ့  ဒေါင်းလုပ်လုပ်ထားတဲ့ဖိုင်လေးကိုလည်း အလိုလို ဖျက်ပေးမှာပါ။

ဒါဆိုရင် ဘာ ဆော့ဝဲမှ မသုံးဘဲနဲ့  တစ်ယောက် ကွန်ပြူတာကို တစ်ယောက် ထိန်းချုပ်လို့ ရပါပြီ။


ref;Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...