Android , iPhone နဲ့ iPad များမှာ Chrome ကို အသုံးချနည်းများ

Google Chrome Browser ဟာ စွမ်းဆောင်ရည် မြင့်မားပြီး Desktop PC , Smartphone, Tablet အားလုံးးမှာ အသုံးပြုနိုင်ပါတယ်။ အခုဖော်ပြမယ့် နည်းလမ်းများက Chrome ရဲ့ စွမ်းဆောင်ချက် များကို အကျိုးရှိစွာ အသုံးချနိုင်မှာ ဖြစ်ပြီး လျှင်မြန်စေမှာပါ။ သင့် Device မှာ Chrome မရှိရင် သက်ဆိုင်ရာ App Store မှာ အခမဲ့ ရယူနိုင်ပါတယ်။

Tabs များကို Swipe လုပ်ပြီး ရွေးချယ်ပါ။

Chrome မှာ ဖွင့်ထားတဲ့ Tabs များထဲမှ နှစ်သက်ရာတစ်ခုကို လျှင်မြန်စွာ ရွေးချယ်နိုင်တဲ့ Swipe Gesture စွမ်းဆောင်ချက်ပါရှိပါတယ်။ အဲဒီ စွမ်းဆောင် ချက်ဟာ Android Phone, iPhone, iPad များမှာသာ အလုပ်လုပ်ပြီး Android Tablet မှာ အလုပ်မလုပ်ပါဘူး။

Android Phone မှာ ဆိုရင် လက်ချောင်းကို Chrome ရဲ့ Toolbar ပေါ်မှာ တင်ပြီး ဘယ်သို့မဟုတ် ညာဘက်ကို ပွတ်ဆွဲပါ။

iPhone, iPad များမှာ ဆိုရင် လက်ချောင်းကို စကရင်ရဲ့ အစွန်းမှာ နေရာချပြီး အတွင်းဘက်ကို ပွတ်ဆွဲပြီး နှစ်သက်ရာ Tab ကို -။ အဲဒီစွမ်းဆောင်ချက်ဟာ iOS မှ Safari မှာလည်း ပါရှိပါတယ်။

Tab List ကို အသုံးပြုပါ။ ( Phones Only)

ဖုန်းမှာဆိုရင် ညာဘက်အပေါ်ထောင့်မှ Tab ခလုတ်ကို နှိပ်လိုက်တာနဲ့ ဖွင့်ထားတဲ့ Tabs အားလုံးကို ပြသပေး မှာပါ။ နှစ်သက်ရာ Tab ကို ပြသပေးဖို့ တစ်ချက်နှိပ်နိုင်သလို Tab တစ်ခုကို ပိတ်ဖို့ X Button ကို နှိပ်နိုင်ပါတယ်။ Tabs အားလုံးကို လျှင်မြန်စွာ ပိတ်ချင်ရင် Menu မှ Close All Tabs ကို နှိပ်ပါ။

Smart Zoom ကို အသုံးပြုပါ။

Chrome မှာ Web Page တစ်ခုရဲ့ ဘယ်နေရာကို မဆို နှစ်ချက်နှိပ်လိုက်တာနဲ့ Zoom ဆွဲကြည့်နိုင်တဲ့ “Smart Zoom” စွမ်းဆောင်ချက်ပါရှိပါတယ်။ ဥပမာ အနေနဲ့ သင်ဟာ Desktop Website တစ်ခုကို ကြည့်နေတယ်ဆိုပါစို့။ အဓိက အကြောင်းအရာက သေးငယ်နေတယ်ဆိုရင် နှစ်ချက်နှိပ်ပြီး Zoom ဆွဲကြည့်နိုင်ပါတယ်။ 

တစ်ခုမှတ်ထားရမှာက ဒီစွမ်းဆောင်ချက်ဟာ Desktop Browser များအတွက် ဒီဇိုင်းလုပ်ထားတဲ့ ၀က်ဆိုက်များမှာ သာ အလုပ်လုပ်ပါတယ်။ မိုဘိုင်း ၀က်ဆိုက်များမှာတော့ “Smart Zoom” ကို သုံးလို့ မရအောင် Google က ပြုလုပ်ထားတာပါ။ Chrome မှာ Zoom ဆွဲကြည့်ချင်တဲ့ အရာတွေကို လက်နှစ်ချောင်းနဲ့ ဆွဲကြည့်နိုင်တဲ့ Pinch-to-Zoom စွမ်းဆောင်ချက်ကိုလည်း သုံးနိုင်ပါသေးတယ်။

Menu Option တစ်ခုကို လျှင်မြန်စွာ ရွေးချယ်ပါ။ ( Android Only)

Android Apps အများစုမှာ Menu ကို သုံးချင်ရင် Menu ခလုတ်ကို တစ်ချက်နှိပ်ပြီး Menu ပေါ်လာတာကို စောင့်ရပါတယ်။ အဲဒီနောက်မှာ ရွေးချယ်ချင်တဲ့ Menu Option ကို တစ်ချက်နှိပ်ရပါတယ်။ Chrome က ဒီထက်မြန်တဲ့ နည်းလမ်းကို ပြုလုပ်ပေးထားပါတယ်။ Menu ခလုတ်ကို ထိထားပြီး အောက်ကို ပွတ်ဆွဲပါ။ ဒါဆိုရင် Menu ပေါ်လာမှာ ဖြစ်ပြီး ရွေးချယ်ချင်တဲ့ Option ပေါ်ရောက်မှ လက်ကိုလွှတ်ပါ။ ဒီနည်းက လက်လှုပ်ရှားမှု တစ်ချက်တည်းနဲ့ အလုပ်ဖြစ်စေပါတယ်။

Google Voice Search

Chrome မှာ နေရာတိုင်းကနေ Google Voice Search ကို လွယ်ကူစွာ သုံးနိုင်ပါတယ်။ တက်ဘလက်မှာဆိုရင် Address Bar မှ မိုက်ကရိုဖုန်း အိုင်ကွန်ကို နှိပ်ပါ။ ဖုန်းမှာ ဆိုရင် Address Bar ကို တစ်ချက်နှိပ်ပါ။ X ခလုတ်ကို နှိပ်ပါ။ ဒါဆိုရင် မိုက်ကရိုဖုန်း အိုင်ကွန်ပေါ်လာမှာပါ။ အသံနဲ့ ရှာဖွေမှုများ ပြုလုပ်ခြင်း၊ ၀က်ဆိုက်လိပ်စာ ကို အသံထွက်ပြောပြပြီး ဖွင့်ခြင်းနဲ့ မေးခွန်းများ မေးခြင်းများကို ပြုလုပ်နိုင်ပါတယ်။

Desktop Site ကို အသုံးပြုခြင်း။

Chrome မှာ ၀က်ဆိုက်တစ်ခုရဲ့ Desktop Version ကို အသုံးပြုဖို့ Menu ကိုနှိပ်ပြီး Request Desktop Site ကို ရွေးချယ်ပါ။ Chrome က မိုဘိုင်းဖုန်းမှာ Desktop Browser လို ပြပေးမှာ ဖြစ်ပါတယ်။

Open Tab နဲ့ Browser Data များကို Sync ပြုလုပ်ခြင်း။

Chrome က သင့် Device များကြားမှာ Open Tabs နဲ့ အခြား ဘရောက်စာ ဒေတာများကို Sync လုပ်ပေးနိုင်ပါ တယ်။ ဒီလိုလုပ်ဖို့ Google Account နဲ့ Sign In ၀င်ရပါမယ်။ သင်ဟာ Laptop, Smartphone, Tablet များကို အသုံးပြုသူဆိုရင် ဒီစွမ်းဆောင်ချက်က အသုံးဝင်ပါတယ်။ Laptop မှာ ဖွင့်ထားတဲ့ Tab များကို အပြင်သွားတဲ့ အခါမှာ စမတ်ဖုန်းကနေ ကြည့်ရှုနိုင်မှာပါ။ Open Tabs များကို ကြည့်ဖို့ Chrome မှာ New Tab Page ကို သွားပါ။ ညာဘက်အောက်ထောင့်မှ Other Devices ကို နှိပ်ပြီး သို့မဟုတ် Menu ကိုနှိပ်ပြီး Other Devices ကိုနှိပ်ပါ။

Preloading နဲ့ Bandwidth Reduction ကို Enable လုပ်ပါ။

Chrome က အချိန်နဲ့ Bandwidth ကို သက်သာစေပါတယ်။ Preloading က Default အားဖြင့် On ထားပြီး သင်ကြည့်မယ်လို့ ထင်တဲ့ ၀က်ဆိုက်များကို Chrome က အလိုအလျှောက် ကြိုတင် ဒေါင်းလုပ်ပြုထားတာ ဖြစ်ပါ တယ်။ ဥပမာအားဖြင့် သင်ဟာ စာမျက်နှာငါးခုပါတဲ့ ဆောင်းပါးတစ်ခုကို ဖတ်နေတယ်ဆိုပါစို့။ ဒုတိယ စာမျက်နှာရဲ့ အောက်ဆုံးနားကို ရောက်နေပြီဆိုရင် Chrome က တတိယ စာမျက်နှာကို ကြိုတင် ဒေါင်းလုပ်ရယူပေးထားတာ ဖြစ်ပါတယ်။ အဲဒီအတွက် တတိယ စာမျက်နှာကို ပြသပေးမယ့် လင့် ကို နှိပ်လိုက်ရင် စာမျက်နှာကို အချိန်မဆိုင်း ဘဲ ချက်ချင်း ပြသပေးနိုင်ပါတယ်။ အဲဒီ စွမ်းဆောင်ချက်က မိုဘိုင်းဒေတာကို မဖြုန်းတီးမိအောင် WiFi ဆက်သွယ်မှု ကို သုံးနေမှသာ Enable လုပ်ပေးတာပါ။ 

Chrome ရဲ့ Reduce Data Usage Feature ကို Enable လုပ်ထားရင် သင်ကြည့်တဲ့ ၀က်ဆိုက်တွေကို Google Server များမှ တဆင့် ဖြတ်သန်းစေမှာ ဖြစ်ပြီး ဒေတာများကို ချုံ့ပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သင့်ရဲ့ Bandwidth ကို သက်သာစေမှာပါ။ အင်တာနက်ကို Data Usage နဲ့ သုံးသူများအတွက် လွန်စွာ အသုံးဝင်ပါ တယ်။ 

အဲဒီ စွမ်းဆောင်ချက်ကို သုံးဖို့အတွက် Menu ခလုတ်ကို နှိပ်ပြီး Settings ထဲသွားပါ။ Android မှာ ဆိုရင် Bandwidth Management ၊ iPhone , iPad မှာ ဆိုရင် Bandwidth ကို နှိပ်ပြီး Reduce Data Usage မှာ On ပေးပါ။

Google Cloud Print

Chrome ရဲ့ ပလက်ဖောင်းတိုင်းမှာ Google Cloud Print ပါရှိပါတယ်။ Menu ခလုတ်ကို နှိပ်ပြီး Print ကို နှိပ်ခြင်းဖြင့် Google Cloud Print ကို ထောက်ပံ့တဲ့ Printer များကနေ Print ထုတ်နိုင်ပါတယ်။ ဒီစွမ်းဆောင်ချက် ကို ထောက်ပံ့ပေးခြင်း မရှိတဲ့ Printer မျိုးဆိုရင် Desktop PC မှာ Chrome ကို အင်စတော လုပ်ပြီး ဘယ်လို Printer ကို မဆို Google Cloud Print နဲ့ ချိတ်ဆက် ခိုင်းစေနိုင်ပါတယ်။ 

iPhone, iPad များမှာ ဆိုရင် Chrome က Apple AirPrint ကို အထောက်အပံ့ပေးပါတယ်။ ဒါပေမယ့် Google Cloud Print က သင့်စမတ်ဖုန်း ၊ တက်ဘလက်များကနေ Printer တိုင်းကို အသုံးပြုခွင့်ပေးပါတယ်။

Flags

Chrome ရဲ့ Desktop Version မှာသာမက Android Version မှာပါ စမ်းသပ်နေဆဲဖြစ်တဲ့ လျှို့ဝှက် စွမ်းဆောင် ချက်များ ပါရှိပါတယ်။ အဲဒီ စွမ်းဆောင်ချက်များကို သုံးဖို့ Address Bar မှာ chrome://flags လို့ရိုက်ထည့်ပါ။ Android ရဲ့ Chrome Beta Version မှာ ဆိုရင် စွမ်းဆောင်ချက် အသစ်များစွာ ပိုမိုပါရှိပြီး chrome://chrome-urls လို့ ရိုက်ထည့်ခြင်းဖြင့် လျှို့ဝှက်ထားတဲ့ Chrome Pages များကို တွေ့ရှိနိုင်ပါတယ်။ 

မှတ်ထားရမှာက အဲဒီစွမ်းဆောင်ချက်ဟာ iPhone, iPad များမှာ အလုပ်မလုပ်ပါဘူး။

အဲဒီ Settings များကို သေချာမသိဘဲနဲ့ ပြောင်းလဲမှု မပြုလုပ်သင့်ပါဘူး။


ref;Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...