ကလေးငယ်များ အသိဉာဏ်ဖွံ့ ဖြိုးမှု ထင်ထားသည်ထက် စောနိုင်

အသက် တစ်နှစ်အောက်က လေးငယ်များသည် ယခင်က ခန့်မှန်း ထားသည်ထက် အသိဉာဏ်ဖွံ့ဖြိုးမှု ပိုစောကြောင်း သုတေသနသစ် တစ်ခုအရ သိရသည်။

Concordia University သုတေသီများ၏ တွေ့ရှိချက်တွင် အသက် (၁၀) လအရွယ် ကလေး သည် သက်ရှိသတ္တ၀ါများ ရွေ့လျားရာ လမ်းကြောင်းနှင့် သက်မဲ့အရာဝတ္ထု များ ရွေ့လျားရာလမ်းကြောင်းတို့ကို ခွဲ ခြားနိုင်ကြောင်းသိရသည်။
သက်ရှိနှင့် သက်မဲ့အရာဝတ္ထုများကိုခွဲခြားနိုင်သည့် စွမ်းရည်သည် သိမြင်နားလည်နိုင်စွမ်း၏ အခြေခံ ကျသည့် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လမ်းလျှောက်တတ်စ ကလေးငယ် တစ်ဦးအဖြစ်ဖွံ့ဖြိုးလာစေရန် ခြေလှမ်းသစ် တစ်ခု လည်းဖြစ်သည်။

ကလေးငယ် (၃၅၀) ဦးကိုစု ဆောင်း၍ အသက် (၁၀) လ၊ (၁၂) လ၊ (၁၆) လနှင့် (၂၀) လများ၌ Visual habituation paradigm အမည်ရှိ နည်းစနစ်အသုံးပြု၍ သက်ရှိနှင့် သက်မဲ့ပစ္စည်းများ ရွေ့ လျားရာ လမ်းကြောင်း ကို ခွဲခြားနိုင် ခြင်းရှိ မရှိ စစ်ဆေးခဲ့သည်။

အသက်အငယ်ဆုံး ကလေး ငယ်သည်ပင် ယခင်ကခန့်မှန်းထား သည်ထက် အချက်အလက်အသေး စိတ်များကို ပိုမိုတိကျစွာသိမြင်နိုင် ကြောင်း သုတေသနတွင် တွေ့ရှိခဲ့ရာ ကလေးငယ်များ၏ အသိဉာဏ်သည် ယခင်က ထက်စောစီးစွာ ဖွံ့ဖြိုးမှုရှိနိုင် ကြောင်း သုတေသီများက ကောက်ချက်ချထားသည်။

ယခုသုတေသနကို Infant behaviour and Development ဆေးပညာစာစောင်တွင် ဖော်ပြထားသည်။


ဇော်ကို
Ref;MDI
Health Updates Journal No,(132)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...