အင်တာဗျူး တစ်ခုမှ ရလိုက်တဲ့ သင်ခန်းစာ

အဆင့် ထူးချွန်စွာ ကျောင်းပြီး ဆုံးသွားတဲ့ လူငယ် တစ်ဦးဟာ ကုမ္ပဏီ တစ်ခုမှာ မန်နေဂျာရာထူး ၀င်လျှောက် ပါတယ်။ ပထမအဆင့် အင်တာဗျူး ကျော်ဖြတ် သွားပါတယ်။ ကုမ္ပဏီ ဥက္ကဋ္ဌက နောက်ဆုံး အဆင့် အင်တာဗျူးပါတယ်။ ဥက္ကဋ္ဌက လူငယ်ရဲ့ ကိုယ်ရေး ရာဇ၀င်ကို ဖတ်ကြည့်တယ်။ လူငယ်ဟာ တောက်လျှောက် ထူးချွန်လာခဲ့တာကို သတိထားမိ ပါတယ်။ အလယ်တန်း အဆင့်ကနေ မာစတာဘွဲ့ ကျောင်းပြီးတဲ့ အထိ။

ဥက္ကဋ္ဌ “ ကျောင်းမှာ စကော်လာရှစ် ရပါသလား ”
လူငယ် “မရပါဘူး ခင်ဗျား”

ဥက္ကဋ္ဌ “အဖေက ကျောင်းလခ ကျခံပေးတာလား”
လူငယ် “ ကျွန်တော် အသက်တစ်နှစ် ကတဲက အဖေ ဆုံးသွားပါပြီ၊ အမေက ကျောင်းစားရိတ် ထောက်ပံ့တာပါ။ ”

ဥက္ကဋ္ဌ “ ဒါဆိုရင် မင်းအမေက ဘယ်ကုမ္ပဏီမှာ အလုပ်လုပ်တာလဲ ”
လူငယ် “အမေက သူများကို အ၀တ်လျှော်ပေးတာပါ။”

ဥက္ကဋ္ဌ “မင်းကော မင်းအမေအတွက် အ၀တ်လျှော်ပေး ဖူးသလား ”
လူငယ် “မရှိပါဘူး ခင်ဗျား၊ မေမေက စာပဲကြိုးစားခိုင်းတာ၊ ပြီးတော့ မေမေလျှော်တာ ကျွန်တော်ထက် အများကြီး မြန်တာ ”

ဥက္ကဋ္ဌက လူငယ်ကို လက်ဝါး ဖြန့်ပြခိုင်းပါတယ်။ လူငယ်က သူ့ရဲ့ဖြူဖွေး နေတဲ့လက်ကို ပြလိုက်ပါတယ်။ 

ဥက္ကဋ္ဌ “မင်းကို တစ်ခုပဲ တောင်းဆိုမယ်။ မင်းဒီနေ့ အိမ်ပြန်ရောက်လို့ရှိရင် မင်းအမေကို လက်ဆေးကြောပေး လိုက်ပါ။ ပြီးရင် နက်ဖန်မနက် ပြန်လာခဲ့”

လူငယ်က မျော်လင့်ချက်တော့ရှိပြီ ဆိုပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ အိမ်ပြန်ပြီး မိခင်ကို လက်ဆေးပေးဖို့ ပြောပါတယ်။ မိခင်က သားကို တအံ့တသြ နဲ့ လက်ဆန့်ပေး လိုက်ပါတယ်။ ဆေးရင်းဆေးရင်းနဲ့ လူငယ်မျက်ရည် ၀ဲလာပါတယ်။ နောက်ဆုံးတော့ လူငယ် ငိုယိုသွားပါတယ်။ ပထဆုံးအကြိမ် မေမေရဲ့လက် ဒီလောက် ကျန်းတမ်းတာကို သတိ ထား မိပါတယ်။ အသားပိုတွေနဲ့ ပြည့်နက်နေပြီး အနာတစ်ခု ဆိုရင် ရေထိလိုက်တာနဲ့ မေမေလက်က တုန်သွား သလို ခံစားလိုက် ရပါတယ်။ ပထမဆုံးအကြိမ် ခံစားမိလိုက်ပါတယ်။ မေမေရဲ့ ဒီဒဏ်ရာ ပါတဲ့လက်နဲ့ အ၀တ်တွေ လျှော်ဖွတ်ပြီး ကျောင်းလခကို သွင်းခဲ့ရတယ်။ ဒီလက်ကြောင့်သာ သူဘွဲ့ရခဲ့ရတယ်။  မေမေလက်ကို ဆေးကြောပြီး သွားတယ်။ လူငယ်ဘာမှ မပြောပဲ ကျန်နေတဲ့ အ၀တ်အားလုံးကို လျှော်ဖွတ်လိုက်ပါတယ်။ အဲဒီညမှာ မေမေနဲ့ အကြာကြီး စကားပြောဖြစ်တယ်။

နောက်တစ်နေ့ ၊ လူငယ် ကုမ္ပဏီ ဥက္ကဋ္ဌကို သွားရောက် တွေ့ဆုံပါတယ်။ လူငယ်ရဲ့နီရဲနေတဲ့ မျက်ဝန်းကြီးကို ဥက္ကဋ္ဌ သတိထား မိသွားတယ်။ လူငယ်ကို ဘယ်လိုခံစား ရပါသလဲလို့ မေးလိုက်ပါတယ်။

လူငယ်က ပြန်ဖြေတယ်။ 

၁။ ကျေးဇူးတရားကို သိတတ်သွားပါတယ်။ မေမေကျေးဇူးတာ မရှိရင် ဒီလိုဖြစ်လာမှာ မဟုတ်ပါဘူး။
၂။ မေမေနဲ့ အတူ အလုပ်လုပ်တတ် သွားပါတယ်။ လုပ်ကြည့်မှပဲ မေမေရဲ့ဒုက္ခကို ကိုယ်ချင်းစာ တတ်သွားတယ်။
၃။ မိသားစု အတွင်းမှာရှိတဲ့ မေတ္တာတန်ဖိုးကို သိသွားပါတယ်။

ဥက္ကဋ္ဌက ပြန်ပြောလိုက်ပါတယ်။ ကုမ္ပဏီ လိုချင်တဲ့ ၀န်ထမ်းမန် ၀န်ထမ်းပုံစံဟာ ကျေးဇူးတရားကို သိတတ်တဲ့၊ သူတစ်ပါးဒုက္ခကို ကိုယ်ချင်းစာတတ်တဲ့၊ ပိုက်ဆံကို တစ်ခုတည်း မကြည့်တတ်တဲ့ မန်နေဂျာမျိုးပဲ ခန့်အပ်ချင်တယ်။ မင်းကို ဒီကနေ့စပြီး ခန့်အပ်လိုက်ပါပြီ။

နောက်ပိုင်းမှာတော့ ဒီလူငယ်ဟာ တကယ်ကြိုးကြိုးစားစား လုပ်ပါတယ်။ ၀န်ထမ်းတွေရဲ့ ထောက်ခံမူကိုလည်း အပြည့်အ၀ ရပါတယ်။ ကုမ္ပဏီ တစ်ခုလုံးလည်း တိုးတက်သွားပါတယ်။

စဉ်းစားစရာ ဖြစ်ပေါ်လာတာက တကယ်လို့ ကလေးတစ်ယောက်ဟာ တောက်လျှောက် အလိုလိုက်ခံရတယ်။ လူကြီးတွေ ၀ိုင်းပြီးချစ်တာကို ခံရတယ်။ ဘာမဆို “ ငါ ” ဆိုတဲ့ အသိဝင်သွားပြီး ဦးစားပေးခံရတာကိုပဲ အကျင့်ပါ သွားတယ် ဆိုပါစို့၊  နောင်အလုပ်ခွင်ထဲ ရောက်သွားရင် ကျန်တဲ့လူတွေ သူကိုနားထောင်ရမယ်။ မန်နေဂျာ ဖြစ်သွား ရင် ၀န်ထမ်းတွေကိုလည်း ကိုယ်ချင်းစာတတ်မှာ မဟုတ်ပါဘူး။ ဒီလိုလူစားမျိုးဟာ ကျောင်းမှာ အဆင့်ကောင်းရင် ကောင်းနိင်ပါတယ်။ မျက်နာပွင့်ကောင်း ပွင့်နိုင်ပါတယ်။ ဒါပေမဲ့ ကြီးကြီးမှားမှား အလုပ်မဖြစ်နိုင်ပါဘူး။ ပျော်ရွှင်မူ အစစ်အမှန်ကိုလည်း ခံစားနိုင်မှာ မဟုတ်ပါဘူး။ တစ်ချိန်ချိန်မှာ ကျဆုံးနိုင်ပါတယ်။

ဒါကြောင့် မိဘများရဲ့ အချစ်ဟာ အနှစ် ဖြစ်မသွားဖို့ အရေးကြီးပါတယ်။ သင်ကလေးကို အိမ်အကြီးကြီးနဲ့ နေခိုင်း မယ်။ အစားအစာ ကောင်းကောင်းကြွေးမယ်။ စန္ဒာယား သင်တန်းတွေ ခေါ်သင်ပေးမယ်။ တီဗွီ ဖန်သားပြင် အကြီးကြီးကို ပေးကြည့်မယ်။ အားလုံး လုပ်လို့ရပါတယ်။ ဒါပေမဲ့ သင်မျက်ခင်းကို မျက်ရိတ်တဲ့ အခါမျိုးမှာ သင် ကလေးကို ပေါင်းရှင်းခိုင်းပါ။ ထမင်းစားပြီးရင် သင်ကလေးကို တစ်ခါတစ်လေ ပန်းကန်ဆေးခိုင်းကြည့်ပါ။ အိမ်ဖေါ် ငှါးရမ်းဖို့ သင်တတ်နိုင်တာ မှန်ပါပေမဲ့ ကလေးကို ချစ်နည်းမှန်ဖို့ လိုပါတယ်။ ကျေးဇူးတရားကို နားလည်စေဖို့ လိုပါတယ်။

အဆင်ပြေအောင်ဘာသာပြန်ထားပါတယ် ။ မူရင်းဖတ်လိုသူများအတွက် http://club.1688.com/article/39595804.html

Aung Ko Latt
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...