နားကပ်လှလှ ရွေးရအောင်

နားကပ်တွေရောင်းတဲ့ ကောင်တာ ရောက်ရင် ဒီဇိုင်းစုံ/အရောင်စုံ ပြိုးပြိုးပြက်ပြက် လေးတွေမြင်တော့ အားလုံးလှနေလို့  ရွေးရခက် ပြန်ပြီပေါ့။ ဟိုဟာဝယ်ရ ကောင်းနိုး/ ဒီဟာယူရ ကောင်းနိုး နဲ့  နောက်ဆုံးတော့ အလှဆုံးလို့ ယူဆတာ ၀ယ်လာပြီး၊ အိမ်ရောက် တော့မှ ဒါကြီးဝယ်လာ မိတယ်…ဆိုင်မှာ ကျန်ခဲ့တဲ့ ဟိုဟာလေး ၀ယ်လာမိ ကောင်းသား…မှားပါပြီ… ဆိုတဲ့ အဖြစ်မျိုးတွေ ကြုံဖူးကြ မှာပါ။ ဒီပြ သနာရဲ့ အရင်းခံကတော့ မိမိမျက်နှာနဲ့ လိုက်ဖက်တာကို မရွေးချယ်တတ်လို့ ပါဘဲ။

(မျက်နှာ ၀ိုင်းသူများအတွက်)

ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာ့ မျက်နှာလေးပါ။ ဒါပမေယ့် နားကပ် အရွေးမတတ်ဘဲ နားကွင်းဝိုင်း ၀ိုင်းကြီး တွေသာ မှားပန်လိုက် မိရင်တော့ လမင်းကြီး ထိန်ထိန်သာတဲ့ ရုပ်ပေါက်သွားမှာပါ။ မျက်နှာ ၀ိုင်းသူများက နားဆွဲ ရှည်ရှည်တွေနဲ့ လဲ မလိုက်ဖက်ပြန်ပါဘူး။ အများအမြင်မှာ မျက်နှာရှည်သွယ်တဲ့ ပုံပေါ်စေဖို့  အချွန်းလေးတွေ (သို့ မဟုတ်) အချွန်အတက် များများပါတဲ့ နားကပ်လေးတွေကိုသာ ရွေးချယ်လိုက်ပါ။

(အသည်းပုံ မျက်နှာပိုင်ရှင် များအတွက်)

အပေါ်ကျယ်အောက်ကျဉ်း (ခေါ်) နဖူးကပါးပြင်ထက် ပိုကျယ်နေပြီး မေးစေ့သေးသေးမျက်နှာ ပိုင်ရှင်များဖြစ် ပါ တယ်။ အဲဒီမျက်နှာ ပုံစံနဲ့  ပြောင်းပြန်အချိုးကျတဲ့ အပေါ်ကျဉ်းအောက်ကျယ် တြိဂံပုံ သဏ္ဍာန်လေးတွေကို ရွေးချယ် ပန်ဆင်ပေးရပါမယ်။ ဒီ မျက်နှာပိုင် ရှင်များက ကြိဂံပုံနားကပ်အုံထူထူ နဲ့ လိုက်ဖက်သလို၊ နားသီးအောက် ၁-လက္မ အထိသာရှည်သော တြိဂံပုံနားဆွဲတို့ နဲ့ လည်း လိုက် ဖက်ပါတယ်။ မျက်နှာကြီးသူမို့  အပွင့်ကြီးကြီး (သို့ )ကြယ်သီး ပုံစံနားကပ်များ မ၀တ်သင့်ပါဘူး။

(မျက်နှာရှည် သူများအတွက်)

မျက်နှာရှည်သွယ်သူများဟာ နားကပ်သေးသေးလေးတွေနဲ့ သာ လိုက်ဖက်ပါတယ်။ ပုလဲနားကပ် နှင့်ကြယ်ပွင့်ကပ် နားကပ် လေးတွေက မေးရိုးကို အားဖြည့်ပေးရာ ရောက်သလို၊ မျက်နှာကိုဝင်းပပေါ် လွင်စေမှာအမှန်ပါ။ အကယ်၍ မေးရိုးထိ ရှည်ကျတဲ့ နားဆွဲပါးပါး တွေသုံးမိရင်တော့ မျက်နှာကို ပိုမိုရှည် ထွက်နေစေလို့ အရုပ်ဆိုး အကျည်းတန် စေပါတယ်။

(ဘဲဥပုံ မျက်နှာပိုင်ရှင်များအတွက်)

အမျိုးသမီး တစ်ယောက် ရှိသင့်တဲ့မျက်နှာပုံစံလေးမို့  အလှအပ ရှုထောင့်ကကြည့်ရင် ဒီမျက်နှာပိုင်ရှင်တွေက ကံကောင်းသူများ ဖြစ်ပါတယ်။ နားကပ်/နားကွင်း/နားဆွဲ အားလုံးနဲ့ လိုက်ဖက်သူပါ။ သွားလာရမယ့် ကာလ ဒေသနှင့်လိုက်ဖက်အောင် မိမိနှစ် သက်ရာကိုသာ ရွေးချယ်ပန်ဆင်ရုံပါဘဲ။ ငယ်ရွယ် သူများအဖို့  ၀က်အူရစ် အလိမ်နားကပ်လေးများ၊ ပုံမှန်အရွယ်နားကွင်း/နားဆွဲ လေးများက မြင်ရသူ ကိုစိတ်လှုပ်ရှာစေမှာပါ။ ပြိုးပြိုးပျက်ပျက် အရောင်စုံချယ်နားကပ်၊ ပန်းပွင့်ကြီးကြီးနားကပ်၊ ကြယ်သီးပုံနား ကပ်များက အသက် ၄၀ကျော်အမျိုးသမီးများကို စွဲဆောင်မှုပိုလာစေပါတယ်။

(လေးထောင့်ပုံ မျက်နှာပိုင်ရှင်များအတွက်)

လေးထောင့်ပုံမျက်နှာပိုင်ရှင်မိန်းကလေးများရဲ့  ရုပ်ရည်ဟာ အတန်ငယ်ခက်ထန်မာကျောတဲ့ သဏ္ဍာန် ရှိလို့ ၊ မေးရိုးနားထိ တွဲ လောင်းကျနေတဲ့ မျက်ရည်စက်ပုံ(သို့ မဟုတ်)နှင်းစက်ပုံ(သို့ မဟုတ်) ပုလဲ သွယ်ပုံ နားဆွဲ ပျော့ပျော့ရှည်ရှည်လေးတွေ ပန်ဆင် ခြင်းဖြင့် မိန်းမဆန်ဆန်သိမ်မွေ့ သွားစေပါတယ်။ နာကွင်းများ၊ မီးပန်းဆိုင်း ပုံနားကပ်များ ၀တ်ရင်တော့ အလွန်ရုပ်ဆိုးစေမှာပါ။

(ဒိုင်းမွန်းပုံ မျက်နှာပိုင်ရှင်များအတွက်)

ပါးပြင်ကျယ်ပြန့် လို့  မိန်းကလေးဆန်တဲ့ မျက်နှာပေါက်လေးပါ။ ဒါပေမယ့် ဒီမျက်နှာပေါက်မျိုးက နားကပ်ရွေးချယ်ဘို့ ခက်လှပါ တယ်။ ပြင်ဆင်မှုအသွင်သဏ္ဍာန်ကို အသက်အရွယ်ပေါ် မူတည်ပြီးပြောင်းလဲပန်ဆင်တတ်ဖို့ အရေးကြီး ပါတယ်။ အသက် ၃၀ အောက် မိန်းကလေးများက တွဲလွဲကျလှုပ် ခါယမ်းတဲ့ နားဆွဲလေးတွေနဲ့ လိုက်ဖက်ပေမယ့်၊ အသက် ၃၀ကျော်သူများအဖို့  အရောင် အသွေး စုံလင်တောက်ပတဲ့ ဧရာမနားကပ်ကြီးကြီးတွေက မဟာဆန်တဲ့ အလှ ဖြစ်စေပါတယ်။

(ထောင့်မှန်စတုဂံပုံ မျက်နှာပိုင်ရှင်များအတွက်)

လေးထောင့် ဆန်ဆန်မျက်နှာဖြစ်ပေမယ့် သူက မဆိုသယောင်လေး မျက်နှာရှည်သွယ်လို့  စွဲဆောင်မှုရှိ တဲ့ မျက်နှာ မျိုးလေးပါ။ နားကွင်း ထူထူကြီးကြီးတွေနဲ့ လိုက်ဖက်ပါတယ်။ မျက်နှာပြင်ကျယ်တာကြောင့် နားဆွဲ ရှည်ရှည်ဖြင့် လည်း ကြည့်ကောင်းသူများ ပါဘဲ။


(ဆောင်းပါးရှင်... ပေါက်ပေါက်... မျှဝေသည်)
promise.pauk
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...