အသက်တစ်နှစ်အောက် ကလေးဘ၀တွင် မည်သည့် အရာကို လိုက်ကြည့်သည်ကို ကြည့်၍ အကျင့်စရိုက်ကို ခန့်မှန်းနိုင်
လေ့လာမှု အသစ်တစ်ခု အရ တစ်နှစ်အောက် ကလေး များတွင် လှုပ်ရှားနေသော အရာဝတ္ထုများထက် လူများ၏ မျက်နှာကို ပို၍ကြည့်သော ကလေးများက လမ်းလျောက် တတ်စတွင် အေးတိအေးစက်နှင့် ခံစားချက်ကို မဖော်ပြ ဘဲ နေလေ့ရှိသော စရိုက် (Unemotional Behavious) ပိုနည်းကြောင်း သိရသည်။ ယင်းလေ့လာမှုအား King’s College London University of Manchester နှင့် University of liverpool တို့ ပူးပေါင်း၍ မွေးပြီး ငါးပတ် အရွယ်ရှိ ကလေးများတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းလေ့လာမှုတွင် ကလေးများက လူ၏ မျက်နှာနှင့် အနီရောင် ဘောလုံးလေးကြား မည်သည့် အရာကိုပို၍ အချိန်ကြာကြာ လိုက်ကြည့်ကြောင်း စောင့်ကြည့်ခဲ့ကြသည်။ ထို့ နောက် ရလဒ်ကို မှတ်တမ်းတင်ထား၍ အသက် ၂ နှစ်ခွဲ လမ်းလျောက်တတ်စတွင် ကလေးအား မေးခွန်းများ မေး၍ ရလဒ်နှစ်ခုအား နှိုင်းယှဉ်ကြည့် ခဲ့သည်။
ထိုအခါ လူများ၏ မျက်နှာကို ပို၍ အချိန်ကြာကြာ လိုက်လံကြည့်ရှု ခဲ့သော ကလေးက ရင်းနှီးဖော်ရွေ သော အဖြေများကို ပို၍ဖြေလေ့ရှိပြီး၊ အေးတိအေးစက် နေလေ့ရှိသော အမူအကျင့် ပိုနည်းကြောင်း တွေ့ရသည်။ ထို့ပြင် မိခင်က မိမိကလေးအား ချော့မြူစဉ် ပို၍ ခံစားချက် ပါပါချော့ပါ ကလည်း (Unemotionul Beha- viour) အေးတိအေးစက် နေလေ့ရှိ သော စရိုက် ပိုနည်းကြောင်း တွေ့ခဲ့ရ သည်။ King’s College london စိတ်ပညာဌာနမှ Dr Rachuel Bedfard က ကလေးများတွင် ဖြစ်ပွားသည့် Uncmotional Beha viars ကနောက်ပိုင်းတွင် လူမှုဆက်ဆံရေး အံမ၀င်မှု၊ ရာဇ၀တ်မှု ကျူးလွန်နိုင်ခြေများမှု စသည့်တို့ဖြင့် ဆက်စပ်နေ သည်ဟု ပြောပြခဲ့သည်။
အ၀င်း
Ref; Medindia
Health Updates Journal No. 142
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) အိပ်ချိန်နှင့် အူလမ်းကြောင်း အနာရောဂါများ ဆက်စပ်နေ ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် Acer Aspire E1-510P-2671 Laptop Review မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ
- (အနောကျသို့) ဆောင်းတွင်း စိတ်ကျရောဂါ ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် Acer Aspire E1-510P-2671 Laptop Review မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ