ဝက်နံရိုး ချဉ်စပ်ဟင်းရည် (ထိုင်း)
***... ဝက်နံရိုး ချဉ်စပ် ဟင်းရည် (ထိုင်း) ချက်ရန် အတွက် လိုအပ် တာလေးတွေ…
1. ဝက်နံရိုး – ၃၂ ကျပ်ခွဲသား (500 g)
2. တောရှောက်ရွက် (kaffir lime leavs) – ၇ ရွက်
3. လက်ညှိုး အရှည်ခန့် အပိုင်းလေးများ ဖြတ်ကာ အနည်းငယ် ကြေအောင် ထုထားသော စပါးလင် အချောင်းရှည် – ၂ ချောင်း
4. လက်ညှိုး အရှည်ခန့်ဖြတ်ကာ အနည်းငယ် ကြေအောင် ထုထားသော ကြက်သွန်ပင် အမြစ် – ၄ ခု
5. လက်ညှိုး အရှည်ခန့်ဖြတ်ကာ အနည်းငယ်ကြေအောင် ထုထားသော နံနံပင်အမြစ် – ၂ ခု
6. နှစ်ခြမ်းဖြတ်ကာ အနည်းငယ်ကြေအောင် ထုထားသော ပဒဲကော (galanga) – ၁ လက်မခွဲခန့်
7. အရသာမှုန့် (chicken powder) – လက်ဖက်ရည်ဇွန်း ၄ ဇွန်း
8. ငရုတ်သီးအကြမ်းမှုန့် – ကြိုက်နှစ်သက်သလောက်
9. လှီးထားသော နံနံပင်၊ ရှမ်းနံနံ (သို့) ပူစီနံ (mint)
10. ပါးပါးလှီးကာ ရေဆေးထားသော ကြက်သွန်နီ
11. သံပုရာသီး
ဝက်နံရိုးများကို ပွက်ပွက်ဆူနေသော ရေနွေးထဲ ၇ မိနစ်ခန့် အိုးအဖုံး မဖုံးပဲ ထည့်ပြုတ်ကာ အရည်များကို သွန်ပစ်ပြီး နံရိုးများကို ဆယ်ထားပါ။ (အရည်ကြည်ကြည်လေးရစေရန် အိုးမဖုံးပဲပြုတ်ကာ၊ ပထမပြုတ်ရည်ကို သွန်ပစ်ဖို့လိုပါတယ်။)
ပြန်ဆေးထားသည့် အိုးထဲမှ အသစ်ထည့်ထားသည့်ရေ (6 cups (1500 ml) ) ပွက်ပွက်ဆူလာ လျှင် ရှောက်ရွက်၊ ထုထားသော စပါးလင်၊ ကြက်သွန်ပင်အမြစ်၊ နံနံပင်အမြစ်၊ ပဒဲကော တို့ကို ထည့်ကာ မိနစ်နည်းငယ် (သို့) ရေပြန်ဆူလာသည်အထိပြုတ်ပါ။
ရေပြန်ဆူလာသည်နှင့် အရသာမှုန့် နှင့် နံရိုးများကိုထည့်ကာ...
အိုးအဖုံး ဖုံးပြီး ဖြင့် မိနစ် ၃၀ ခန့်ပြုတ်ပါ။
ပြီးလျှင် မိမိစားလိုသလောက်ခပ်ကာ ငရုတ်သီးအကြမ်းမှုန့်၊ နံနံပင်၊ ရှမ်းနံနံ (သို့) ပူစီနံ၊ ကြက်သွန်နီ တို့ထည့်ကာ သံပုရာရည်လေးညစ်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) တစ္ပတ္စာ သင်၏ကံဇာတာ ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် Acer Aspire E1-510P-2671 Laptop Review Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်အစာချေရည်ဆန်တက် ရောဂါရှိသူများ အစာအိမ် ဖြတ်ထုတ်ရန်မသင့်