ယူနန် ကော်ရည်ခေါက်ဆွဲ

ယူနန်ကော်ရည်ခေါက်ဆွဲကို လန်ဒန်မြို့က အကြာကြီး မြန်မာပြည်မှာ အခြေ ချဖို့ ထွက်ခါလာခါနီးမှာ ကျွန်မရဲ့ မိတ်ဆွေ တရုတ်လူမျိုးလည်းဖြစ် မြန်မာလူမျိုးလည်း ဖြစ်တဲ့ မမော်က ချက်ကျွေးလိုက်တာပါ။ သူခမျာ ကျွန်မက ရှောင်တခင် လာမယ်ဆိုတာကို ပြောပြီးပြီးချင်း ထချက်တာမို့ပေပဲ အလွန်စားကောင်းလှပါတယ်။ ကျွန်မတို့ လင်မယား ကတော့ အလွန်ကြိုက်ပါတယ်။ အဲဒါလေးကို မေးခဲ့ပြီး ခဏခဏ လုပ်စားဖြစ်ပါတယ်။ လုပ်ရတာ လွယ်ပေမဲ့ အမယ်တော့ များပါတယ်။
ပါဝင်ပစ္စည်းများ
ဝက်ပေါင်ခြောက် (တရုတ်ဆိုင်က ဝက်ပေါင်ခြောက်) ၅၀သား
ဝက်အူချောင်း – ၅၀သား
ဝက်သား -က ၅၀သား
ရှီတာကီမှို -၄ ပွင့်
ပဲလိပ်ခြောက် -၄-၅ ချောင်း
ပန်းခြောက် – အနည်းငယ်
ပြောင်းကော်မှုန့် – ၁ဝ ဇွန်း
မုန်လာဥနီ – ၁ ချောင်း
ကြက်သွန်ဖြူနှစ် – ၁ ဇွန်း (စားပွဲဇွန်း)
ခရမ်းချဉ်သီး အသေးလေးများ – ၇ လုံးခန့်
ကြက်ဥ – ၂ လုံး
ကြက်ပြုတ်ရည် – ၁ လီတာ
chiili bean sauce – ၃ဇွန်း( စားပွဲတင်)
ပဲငံပြာရည်အနောက် – ၁ ဇွန်း (စားပွဲဇွန်း)
ပဲငံပြာရည်အချို – ၂ ဇွန်(စားပွဲဇွန်း)
ဝက်ပေါင်ခြောက်၊ ဝက်သား၊ ဝက်အူချောင်းတို့ကို ပါးပါးလေးများ လှီးပြီး ကြော် ထားပါ။




မှို၊ ပဲခြောက်၊ ပန်းခြောက်တွေကို ရေစိမ်ထားပြီး ပျော့လာရင် သေးသေးလေး တွေလှီးစိတ်ထားပါ။ ပြီးရင် ဆီပူတစ်ချက်ထိုးရုံကြော်ပေးထားပြီး ဆယ်ထားပါ။








တည်မယ့်အိုးထဲမှာ chilli bean sauce နဲ့ ကြက်သွန်ဖြူနှစ်ကို ခဏတည်ပါ။ ဒီအချိန်မှာ ရှောက်ကောပတ်ကော (ဖာလာကြီးစေ့နဲ့ နာနတ်ပွင့်)ထည့်ပြီး ဆီသတ်ပါ မွှေးပါတယ်။


ကြော်ပြီးသား အဆာပလာတွေကို ထည့် ခဏနေ ကြက်ပြုတ်ရည်ထည့်ပါ။

ကော်ရည်လောင်းထည့်ပြီး ပဲငံပြာရည်များထည့် အသားမှုန့်ထည့်ပြီး ပျစ်လာသည်အထိ ကျိုပါ။



ကြော်ပြီးသား အဆာပလာတွေကို ထည့် ခဏနေ ကြက်ပြုတ်ရည်ထည့်ပါ။

ကော်ရည်လောင်းထည့်ပြီး ပဲငံပြာရည်များထည့် အသားမှုန့်ထည့်ပြီး ပျစ်လာသည်အထိ ကျိုပါ။

နောက်ဆုံးမှာ တရုတ်မဆလာဖြူးပေးပါ။
အရည်ပြီးသွားရင် ဂျုံခေါက်ဆွဲပြားကို ပြုတ်ပြီး မြေပဲကြော်၊ ကြက်သွန်ဖြူ ဆီချက်၊ ငရုတ်သီးကြော်၊ ကြက်သွန်မြိတ်ပါးပါးလှီး၊ နံနံပင် ပါးပါးလှီးတို့ဖြင့် မွမ်းမံကာ စားသုံးရင်ဖြင့် အလွန်အရသာရှိပါတယ်။


အရည်ပြီးသွားရင် ဂျုံခေါက်ဆွဲပြားကို ပြုတ်ပြီး မြေပဲကြော်၊ ကြက်သွန်ဖြူ ဆီချက်၊ ငရုတ်သီးကြော်၊ ကြက်သွန်မြိတ်ပါးပါးလှီး၊ နံနံပင် ပါးပါးလှီးတို့ဖြင့် မွမ်းမံကာ စားသုံးရင်ဖြင့် အလွန်အရသာရှိပါတယ်။


C@Danuphyu Daw Saw Yee (London)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+