Cream Cheese ထောပတ်ကိတ်

ခရင်မ်ချိစ် ထည့်သွင်းပြုလုပ်ထားတဲ့ ထောပတ်ကိတ် တစ်မျိုးပါ။ အီအီဆိမ့်ဆိမ့် အရသာရှိပြီး ကော်ဖီခါးခါးနဲ့ လိုက်ဖက်လှပါတယ်။ ထောပတ်ကိတ်ကို ဆန်းသစ်ကြည့်ချင်တဲ့ သူများလည်း သဘောကျနှစ်သက်နိုင်မယ် ထင်ပါတယ်။
ပါဝင်ပစ္စည်းများ (၈လက်မx ၈လက်မ ကိတ်မုန့်တစ်လုံးစာ)
ဂျုံ ၂၅၀ ဂရမ်
baking powder 1 teaspoon
သကြား ၂၀၀ ဂရမ်
ခရင်မ်ချိစ် ၂၀၀ ဂရမ်
ထောပတ် ၁၃၀ ဂရမ်
နွားနို့် ၆၀ မီလီလီတာ
ကြက်ဥ ၄လုံး
မုန့်မဖုတ်ခင် ဂျုံနဲ့ ဘိတ်ကင် ပေါင်ဒါကို ရောမွှေဇကာချထားပါ။

မုန့်ဖုတ်နည်း
ပထမဆုံး မုန့်ဖုတ်မယ့်ဗန်းကို ထောပတ်သုတ်ပြီး ဆီစိမ်စက္ကူခင်းပေးထားပါ။
သကြား၊ ခရင်မ်ချိစ် နဲ့ ထောပတ် (အခန်းအပူချိန် ခပ်ပျော့ပျော့) ကို ပွလာအောင် စက်နဲ့ သို့မဟုတ် မွှေတံလေးနဲ့ မွှေပေးပါ
အေ၇ာင်ခပ်ဖြူဖြူဖြစ်လာပြီဆိုရင် ကြက်ဥကိုထည့်ပေးပါ
ခုနကဂျုံအရောကို ၃ ခါခွဲပြီး ထည့်မွှေပေးရပါမယ်
ပထမဆုံးဂျုံကို ထည့်ပြီးရင် နွားနို့တစ်ဝက်ကို ထည့်မွှေပါ။ ပြီးမှ ကျန်တဲ့ဂျုံကို တစ်ခါထပ်ထည့်ပြီး သမအောင်မွှေပြီး ကျန်တဲ့နွားကိုထည့်မွှေပြီး နောက်ဆုံးပိတ်ဂျုံကို ထည့်မွှေပေးပါ။
၁၆၀ဒီဂရီ အပူပေးထားတဲ့ အာဗင်မှာ ၆၀ မိနစ်ခန့်ဖုတ်ပါ။
မုန့်ကျက်မကျက်ကို တုတ်လေးနဲ့ မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ်ကပ်မပါလာရင် ရပါပြီ။
C@EVY's Kitchen
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+