ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ ပညာရေးကောလိပ် (DTED) ဝင်ခွင့် စတင်လျှောက် ထားနိုင်
ယခုနှစ် တက္ကသိုလ် ဝင်တန်း အောင်မြင် သူများ လျှောက် ထားနိုင်သည့် ပညာရေးကောလိပ် (DTED) ဝင်ခွင့်များ ကိုခေါ်ယူ လိုက်ပြီဖြစ်ကြောင်း သိရသည်။
၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ပညာရေးကော လိပ် (DTED) လုပ်ငန်းခွင်အကြို ဆရာအတတ် ပညာ ဒီပလိုမာနှစ်နှစ်သင်တန်း အမှတ်စဉ် (၂၀/ ၂၀၁၅) ဝင်ခွင့်များကို ခေါ်ယူနေပြီဖြစ်ရာ ယခုနှစ် တွင် တက္ကသိုလ် ဝင်တန်းအောင်မြင်ပြီး ဒီဇင်ဘာ ၁ ရက်နေ့တွင် အသက် ၂၂ နှစ်ထက်မကြီးသူ မည်သူ မဆို လျှောက် ထားနိုင်ကြောင်း သိရသည်။
“ရန်ကုန်ဆိုရင် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှာ လျှောက်လွှာတွေကို သွားထုတ်ရပါမယ်။ တင်တာကတော့ မြို့နယ်ပညာရေးမှူးရုံးတွေကို တင်ပေးရပါမယ်” ဟု ဗဟန်းမြို့နယ် လက်ထောက် ပညာရေးမှူးကပြောသည်။
ဝင်ခွင့်လျှောက်လွှာများကို စက်တင်ဘာ ၁၁ ရက်ထက် နောက်မကျဘဲ သက်ဆိုင်ရာမြို့နယ်ပညာရေး မှူးရုံးများသို့ ပေးပို့သွားရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအရ သင်တန်းသားနှင့် သင် တန်းသူကို ၁ အချိုး ၃ ဦးနှုန်းရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဆယ်တန်းရမှတ် ဘယ်လောက်ရရင် လျှောက်လို့ရမယ်ဆိုတာကတော့ မသိသေးပါဘူး။ မနှစ်က ပညာရေး တက္ကသိုလ်ဝင်ခွင့်ကိုမရတဲ့ကျောင်းသား၊ ကျောင်းသူတွေက ပညာရေးကောလိပ်ကိုဝင်ကြ တယ်။ မနှစ်ကပညာရေးကောလိပ် ၄၇၄ မှတ်လောက်ကိုမရတဲ့ ကလေးတွေက ၄၇၀ လောက်နဲ့ ပညာ ရေးကော လိပ်လျှောက်ကြတယ်။ ဒီနှစ်ဘယ်လောက်နဲ့ဖြတ်လဲဆိုတာတော့ မသိသေးဘူး။ ၄၀၀ ကျော် လောက် ကတော့ ပုံမှန်ပဲ။ မနှစ်ကစစ်ကိုင်းတိုင်း ပညာရေးကောလိပ်က ၄၂၂ မှတ်နဲ့ ဝင်ခွင့်ပေးတယ်” ဟု ပညာရေးကောလိပ်တစ်ခုမှ ကျောင်းအုပ်တစ်ဦးက ပြောသည်။
လုပ်ငန်းခွင်အကြို ဆရာအတတ်သင်တန်းကို တိုင်းဒေသကြီး ပြည်နယ်အလိုက်၊ ခရိုင်အလိုက် သင် တန်းသားရွေးချယ်ရာတွင် ဒေသခံတိုင်းရင်းသားများကို ဦးစားပေးရွေးချယ်လေ့ရှိကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာရေးကောလိပ်ပေါင်း ၂၀ ခုရှိပြီး တစ်နှစ်လျှင် သင်တန်းသား၊ သင် တန်းသူ ၉၀၀၀ ဝန်းကျင် မွေးထုတ်ပေးနေကြောင်း သိရသည်။
Democracy Today Daily
ဇူလိုင်လ (၂၂) ရက်၊ ၂၀၁၅ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) သွေးဆုံးကိုင်ဝေဒနာအတွက် အိမ်တွင်း ကုထုံးလေးများ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) Facebook သေတမ်းစာ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို