ကင်ဆာ ဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်တဲ့ အပင်လေးများ
ကမ္ဘာနှင့်အ၀ှမ်းမှာ မှီတင်းနေထိုင် ကြကုန်သော သက်ရှိ လူသားများဟာ ကင်ဆာရောဂါ ဆိုးကြီးများ ၏ ခြိမ်းခြောက်မှုကို ခံနေကြရ ပါတယ်။ ယနေ့  ဆေးသိပ္ပံ နည်းပညာတွေ မည်မျှလောက်ပင် အစွမ်း ထက်မြတ်နေပါစေ၊ လူ့ အသက်ကို ခိုး ယူလေ့ရှိတဲ့ အဲဒီ ကင်ဆာရောဂါ ဆိုးတွေကိုတော့ အမြစ်ပြတ်ချေ မှုန်းပေးနိုင်ခြင်း မရှိသေးပါဘူး။ ကင်ဆာရောဂါ အများစုကို ခွဲစိပ်ခြင်း(သို့ )ခီမိုဆေး သွင်းခြင်းနည်းတို့ ဖြင့် ကုသပေးလေ့ရှိရာ၊ ၄င်း ခီမိုဆေးများဟာ ကျန်းမာတဲ့ ဆဲလ်များကို ဖျက်ဆီး ပစ်ရုံသာမက ခန္ဓာကိုယ် ကြီး တစ်ခုလုံးရဲ့ ဇီဝ ကမ္မဖြစ်စဉ်တွေကိုပါ ဘေးထွက်ဆိုးကျိုး သက်ရောက်စေနိုင် ပါတယ်။ သို့ သော် စိတ်ဓာတ် ကျမသွားပါနှင့်။ အောက်ဖော်ပြပါ အပင် (၄)မျိုး တို့ က ကင်ဆာဆဲလ်တွေကို ထိထိရောက်ရောက် တိုက်ဖျက်ပေးနိုင်ပါတယ်။
(၁) ဆေးခြောက်
Cannabis(ခေါ်)ဆေးခြောက်ကို တကမ္ဘာလုံးက ဥပဒေနဲ့ ဆန့် ကျင်သော တရားမ၀င်ပစ္စည်းလို့  သတ်မှတ် ထားကြပါတယ်။ သို့  သော်လည်း အကောင်းနဲ့ အဆိုး ဒွန်တွဲလေ့ရှိတဲ့ လောကနိယာမအတိုင်း ထိုဆေးခြောက်က ခန္ဓာကိုယ်ထဲရှိ ကောင်းတဲ့ဆဲလ် တွေကို လုံးဝဖျက်ဆီးခြင်းမပြုဘဲ မကောင်းတဲ့ ကင်ဆာ ဆဲလ်များကိုသာ ရွေး၍သတ်ပေးပါတယ်။ နိုင်ငံတကာ ဆေးသိပ္ပံပညာရှင် များ၏ ထပ်ခါထပ်ခါ စမ်းသပ်မှု များ၏ရလာဘ်အဖြစ် ဆေးခြောက်တွေဟာ ရင်သားကင်ဆာအပါအ၀င် ကင်ဆာရောဂါတော်တော် များများအတွက် လွန်စွာဆေးဖက် ၀င်ကြောင်းကို အတည်ပြုနိုင်ခဲ့ပါတယ်။ ထိုသတင်းကို Healthy Food Star(Good Food, Good Life) (ခေါ်) အင်တာနက် ဆေးပညာသတင်းလွှာမှာ ၂၀၁၅ ခုနှစ် ဧပြီလ လယ်မှာ ရေးသားဖော်ထားပါတယ်။
(၂) နနွင်း
ဟင်းခတ် အမွှေးအကြိုင် တစ်မျိုးဖြစ်တဲ့ နနွင်းပင်ဟာ ခန္ဓာကိုယ်ထဲရှိ ကင်ဆာပြန့် ပွားမှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ ဆီးကျိတ်ကင်ဆာ ဝေဒနာသည် အမျိုးသား ၆ ဦးကို လေ့လာစမ်းစစ်ပြီးနောက်မှာ၊ ထို ၆ ဦးစလုံး၏ ဆီးကျိတ်ကင်ဆာ ပြန့် ပွား မှုကို နနွင်းက စွမ်းအားပြည့် ကာကွယ်ပေးနိုင်ကြောင်း တွေ့ ရှိ ခဲ့ပါတယ်။ အကြောင်းရင်းကတော့ အပင်ထဲရှိ Curcumin(ခေါ်)အ ၀ါရောင်ခြယ် ဆေးဖက်ဝင် အစွမ်း သတ္တိကြောင့်ပါဘဲတဲ့။ ၄င်း Curcumin ဓာတ်မှာ ခန္ဓာကိုယ် အကျိုးပြု ဓာတ်တိုးဆန့် ကျင်ပစ္စည်း များကို ပိုင်ဆိုင်ထားတဲ့အပြင်၊ ရောင်ရမ်းမှုကို သက်သာစေခြင်း၊ မှို၊ ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားပိုးတွေ ကို သေစေခြင်း၊ ကင် ဆာရောဂါတွေကို ကာကွယ်ပေးခြင်း၊ အန္တရာယ်ပေးနိုင်တဲ့ရောဂါများအတွက် သက်စောင့်ဆေးအဖြစ်တာဝန်ယူခြင်း စသဖြင့် ဆေးစွမ်းသတ္တိတွေ ပြည့်ဝနေပါတယ်။
(၃) လက်ဖက်စိမ်းပင်
လက်ဖက်စိမ်းရွက်ထဲမှာ ပါရှိတဲ့ သဘာဝ Polyphenols E အစွမ်းက ကင်ဆာ အကျိတ်ဆဲလ်တွေ ကြီးထွားခြင်း နဲ့  တနေရာမှအ ခြားတနေရာသို့ ပြောင်းရွှေ့ ခြင်းကို ဟန့် တားပေးနိုင်ပါတယ်။ စေတနာ့ လူနာအမျိုးသမီး ၄၀ ဦးကို အုပ်စုနှစ်စုခွဲ၍ စမ်းသပ်ခဲ့ပါ တယ်။ ထိုစမ်းသပ်မှုတွင် အမျိုးသမီး ၂၀ ဦး ကို တစ်နေ့ လျှင် လက်ဖက်စိမ်းရွက် ၄၀၀ မီလီဂရမ်ကို ရေနွေးကြမ်းစိမ်၍ သောက် စေခြဲ့ပီး ကျန်အမျိုးသမီး ၂၀ ကိုတော့ placebo ဆေးကို တစ်နေ့  နှစ်လုံး တိုက်ကျွေးခဲ့တာပါ။ ရက်ပေါင်း ခြောက်ဆယ်အကြာမှာ သွေး နဲ့ ဆီးနမူနာများကိုယူ၍ စစ်ဆေးခဲ့ရာ၊ လက်ဘက် စိမ်းရေနွေးကြမ်း သောက်သူများဟာ hepatocytes (ခေါ်) ရင်သား ကင်ဆာကြီးထွားမှုကို ဖြစ်စေတဲ့ ဟိုမုန်းတွေ လျော့ကျ သွားတာကိုတွေ့ ရှိခဲ့ပြီး၊ placebo ဆေးသောက် သူများမှာတော့ ထူးခြားတဲ့ အာနိသင်မပြပါဘူးတဲ့။
(၄) စပျစ်သီး
စပျစ်သီးထဲမှာ လူသားတို့ ကျန်းမာရေးအတွက် အလွန်အရေးပါသော ဆေးစွမ်း သတ္တိတွေပြည့်နှက်နေ ပါတယ်။ စပျစ်သီးထဲရှိ ဓာတုဓာတ်ပေါင်းစုက ခရမ်းလွန်ရောင်ခြည်သင့်သော အရေပြားဆဲလ်များ နှင့် မော် လီကျုးတို့ ကို ဆုံးရှုံးပျက်စီးခြင်းမှ ကာကွယ်ပေး ပါတယ်။ ၄င်းအသီးထဲတွင်ပါရှိသော flavonoid ပစ္စည်းက အရေပြား ကင်ဆာဝေဒနာသည်များကို လွန်စွာ ကောင်းကျိုးပြုပါတယ်။
(ကိုးကား။ Healthy Food Star(Good Food, Good Life)
(ပေါက်ပေါက်…ရေးသားမျှဝေသည်)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ကွမ်းရွက်မှ ရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးလေးများ (အပိုင်း ၁) Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ၿပန္တင္နည္းJAVA leaning Myanmar (PDF)
- (အနောက်သို့) ခြင်အန္တရာယ် သက်ရောက်မှု Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ၿပန္တင္နည္းJAVA leaning Myanmar (PDF)