ညအိပ်ချိန်တွင် မိုဘိုင်းဖုန်း မသုံးသင့်
ခေတ်ကာလ တိုးတက်လာသည်နှင့်အမျှ စမတ်ဖုန်းတစ်လုံးကို လူတိုင်းလိုလို အသုံးပြုလာကြပါပြီ။ စမတ်ဖုန်းကို အသုံးပြုခြင်းက မိုဘိုင်းဖုန်းနဲ့ အင်တာနက်အသုံးပြုချင်လို့ဖြစ်ပါတယ်။ ဒီတော့ စမတ်ဖုန်း အသုံးပြုသူတွေဟာ နေ့နေ့ ညည အင်တာနက် အသုံးပြုသူတွေဖြစ်လာကြပါတယ်။ နေ့လည် နေ့ခင်းဘက် စမတ်ဖုန်းနဲ့ အင်တာနက် အသုံးပြုတာ ကိစ္စမရှိပေမဲ့ ညအိပ်ယာဝင်တဲ့အချိန်ထိ မိုဘိုင်းဖုန်းနဲ့ အင်တာနက်အသုံးမပြုသင့်ပါဘူး။ ညအိပ်ယာ ဝင်ချိန်မှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုခြင်းက မိုဘိုင်းဖုန်းမှ ထုတ်လွှင့်လိုက်တဲ့ အပြာရောင် အလင်းတန်းအချို့ကြောင့် မိမိအတွက် ဆိုးကျိုးတွေဖြစ်ပေါ်လာစေပါတယ်။
မိမိတို့ရဲ့ ကောင်းမွန်စွာ အိပ်စက်အနားယူချိန်တွေကို ဖရိုဖရဲဖြစ်စေပြီး နောက်တစ်နေ့မနက်မိုးလင်းတဲ့အခါ မိမိဦးနှောက်ရဲ့ မှတ်ဉာဏ်အားကို လျော့နည်း စေကာ စိတ်ချောက်ချားခြင်းကိုဖြစ်ပေါ်စေပါတယ်။ အလင်းရောင် အနည်းငယ်သာရှိတဲ့ ညအချိန်မှာ စမတ်ဖုန်းမှ ထွက်ရှိလာတဲ့ အလင်းတန်းကြောင့် သင်ယူလေ့လာမှုကို ခက်ခဲစေပါတယ်။ အချိန်ကြာမြင့်လာတာနဲ့အမျှ အိပ်ချိန်မလုံလောက်သည့် ပြဿနာဖြစ်စေပြီး အာရုံကြောအားနည်းတဲ့ရောဂါကို ဖြစ်လာစေဖို့ အားပေးရာလည်း ရောက်တဲ့အပြင် စိတ်ဖိစီးမှုတွေကိုပါ ဖြစ်ပေါ်စေပါတယ်။
စမတ်ဖုန်းမှ ထုတ်လွှတ်တဲ့ အလင်းတန်းတွေကြောင့် ခန္ဓာကိုယ်ရဲ့ အဆီဓါတ်ထိန်းချုပ်မှု ဟော်မုန်းတွေကို လျော့နည်းစေတဲ့အတွက် ဆာလှောင်မွတ်သိပ်မှုကို ဖြစ်လာစေပါတယ်။ ဒါ့အပြင် သုတေသန ပညာရှင်တို့ရဲ့ လေ့လာတွေ့ရှိချက်များအရ စမတ်ဖုန်းမှ ထုတ်လွှတ်တဲ့ အလင်းတန်းကြောင့် ကင်ဆာဖြစ်နိုင်ခြေများခြင်း ၊ မျက်လုံးတွင် တိမ်စွဲခြင်း နှင့် မျက်စိအာရုံစူးစိုက်မှုကို ပျက်စီးစေခြင်းများ ဖြစ်ပေါ်စေပါတယ်။
Ref : techinsider
Aung Ko Htet (MMA)
#aungkohtet_mma
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+
- (အနောကျသို့) Window 8,8.1,10 တွေမှာ The Server Stumbled – Error 0x80072EE7 ဖြေရှင်းနည်း Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'