နေ့စဉ် ကွန်ပျူတာ သုံးစွဲသူများ သတိပြုရန်....
နေ့စဉ် ကွန်ပျူတာ အသုံးပြုသူတွေ အနေနဲ့ ကီးဘုတ်နဲ့ မောက်(စ်) ကိုင်တွယ်တဲ့ လက်အနေအထား မမှန်ရင် လက်ကောက်ဝတ်/ လက်မျက်ရိုး နေရာတွေမှာ Carpal Tunnel Syndrome (CTS) လို့ ခေါ်တဲ့ အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်တတ် တယ်လို့ ဆိုပါတယ်...
အဲဒီလိုရောဂါမျိုး ဖြစ်လာရင် သာမာန် အနေအထားနဲ့ ကုသလို့ မပျောက်ကင်းရင် ခွဲစိတ် ကုသမှုတွေ လုပ်ရတယ်လို့ သိရပါတယ်...
အောက်ပုံတွေထဲက အချို့ကတော့ ကွန်ပျူတာ အသုံးပြုရာမှာ လက်အနေအထား မမှန်လို့ CTS ရောဂါရပြီး ခွဲစိတ် ကုသမှုတွေ လုပ်ရတဲ့ ပုံတွေလို့ ဆိုပါတယ်...
လက်ကောက်ဝတ်/ လက်မျက်ရိုး နေရာတွေမှာ ဒီလို ရောဂါမျိုးတွေ မဖြစ် ရလေအောင် ကွန်ပျူတာကို အသုံးပြုတဲ့အခါ ပုံတွေမှာ ပြထားတဲ့ အတိုင်း လက် အနေအထား မှန်ကန်စွာနဲ့ အသုံးပြုရမယ်လို့ အကြံပြုထားပါတယ်....။
(ဖြည့်စွက်ချက်။ ။CTS ရောဂါဆိုတာ လက်ကောက်ဝတ်/လက်မျက်ရိုးနေရာက အာရုံကြောတွေကို အချိန်ကြာမြင့်စွာ ဖိထား၊ ခေါက်ထားရာက လက်အနေအထား မမှန်လို့ ဖြစ်ပေါ်လာတဲ့ အာရုံကြောနဲ့ ဆိုင်တဲ့ ရောဂါ တမျိုးလို့ ဆိုပါတယ်... ဒီရောဂါဖြစ်လာရင် လက်ကောက်ဝတ်/လက်မျက်ရိုးနေရာတွေက နာကျင်တာ.. ထုံကျင်တာ.. တစစ်စစ် ကိုက်ခဲတာမျိုးတွေ ဖြစ်တတ်ပါတယ်... ဒီလို နာကျင် ကိုက်ခဲ တာတွေဟာ လက်မောင်း၊ ပုခုံးနဲ့ လက်ပြင်နေရာတွေထိ ရောက်ရှိတတ်ပြီး နေရထိုင်ရ ခက်တဲ့ အခြေအနေတွေအထိ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်... အများအားဖြင့် (ကွန်ပျူတာကီးဘုတ်နဲ့ မောက်စ် အသုံးပြုတာတွေ အပါအ၀င်) အလုပ်လုပ်တဲ့အခါ လက်အနေအထား မမှန်တာတွေကနေ စတင်ဖြစ် ပွားပြီး... အခြားရောဂါ အကြောင်းအရင်း တွေနဲ့လည်း ဆက်စပ်နေတယ်လို့ Wikipedia ရဲ့ ဖော်ပြချက်အရ သိရပါတယ်... Carpal Tunnel Syndrome (CTS) နဲ့ပတ်သက်လို့ အသေးစိတ် လေ့လာချင်ရင် - https://en.wikipedia.org/wiki/Carpal_tunnel_syndrome မှာ သွားရောက်လေ့လာနိုင်ပါတယ်...)

ကိုမျိုး
ref;wikipedia/irkhan
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အနောကျသို့) ကလေးငယ်တစ်ဦး မီးခြစ်နှင့် ဆော့ကစားရာမှ မီးလောင်သေဆုံး... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးSamsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ