မြည်းလိုလူတွေနဲ့ အငြင်းအခုံ မလုပ်ပါနဲ့...

မြည်းက ကျားကို ပြောသည်။ "မြက်ခင်းပြင်က အပြာရောင်..." ကျားက ပြန်ပြောသည်။ "မဟုတ်ဘူး အစိမ်းရောင်..." ဒီလိုနဲ့ နှစ်ဘက်ငြင်းခုံမှုက ပိုမိုပြင်းထန်လာပြီး အမှားအမှန် ဆုံးဖြတ်ရန် တောဘုရင် ခြင်္သေ့မင်းထံသို့ သွားကြသည်။ ခြင်္သေ့မင်းထိုင်နေသည့် နေရာအနားမရောက်မီ မြည်းက စတင်အော်ပြောသည်။ "အရှင်ခြင်္သေ့မင်း... မြက်ခင်းပြင်က အပြာရောင်ဆိုတာ မှန်ပါသလား...?" ခြင်္သေ့မင်းက ပြန်ဖြေသည်။ "မှန်ပါသည်... မြက်ခင်းပြင်က အပြာရောင်ပါ..." မြည်းက ခပ်သုတ်သုတ်နဲ့ ဆက်ပြောသည်။ "ကျားက အကျွန်ုပ်ပြောတာကို သဘောမတူဘူး... ဆန့်ကျင်တယ်... အကျွန်ုပ်ကို စိတ်အနှောင့်အယှက် ဖြစ်အောင်လုပ်လို့ သူ့ကိုအပြစ်ပေးပါ အရှင်ခြင်္သေ့မင်း...." ထို့နောက် တောဘုရင်က ကျားကို ၅ နှစ်လုံးလုံး နှုတ်ပိတ်နေစေရန် ပြစ်ဒဏ်ချမှတ်လိုက်သည်။ မြည်းသည် အလွန်ကျေနပ်အားရကာ ပျော်ရွင်စွာနဲံ ခုန်ပေါက်ပြီး ပြန်လာခဲ့သည်။ သူ့ရဲ့နှုတ်မှလည်း တတွတ်တွတ် ရေရွတ်လျက်.... 'မြက်ခင်းပြင်သည် အပြာရောင်' 'မြက်ခင်းပြင်သည် အပြာရောင်' 'မြက်ခင်းပြင်သည် အပြာရောင်' ကျားသည် ပြစ်ဒဏ်ကို ကျေနပ်စွာ လက်ခံခဲ့သော်လည်း သူက ခြင်္...