Smart thief...
ဆရာဝန်တယောက်နှင့် အင်ဂျင်နီယာတယောက် ချောကလက်ဆိုင်သို့ ၀င်လာသည်။
ဆိုင်အတွင်း ဈေးဝယ်သူတွေ ရှုပ်နေချိန် ဆရာဝန်က ချောကလက် ၃ ခုကို ခိုးပြီး အိတ်ထဲ ထည့်လိုက်သည်။
ထိုနောက် စတိုးဆိုင်ကနေ ထွက်သွားပြီး ဆရာဝန်က အင်ဂျင်နီယာကို ပြောသည်။
"ကျုပ်လောက် တော်တဲ့သူခိုး မရှိဘူး... ဆိုင်ထဲက ချောကလက် ၃ ခု ခိုးတာ ဘယ်သူမှ မမြင်ဘူး... ခင်ဗျားလည်း ကျုပ်ကို မယှဉ်နိုင်ပါဘူးဗျာ..."
ဒီအခါ အင်ဂျင်နီယာက...
"ဒီထက် ကောင်းတဲ့အရာ ခင်ဗျား မြင်ချင်လား...? လာခဲ့ ဆိုင်ထဲကို ပြန်သွားမယ်... ကျုပ် အမှန်အကန် ခိုးပြမယ်..."
ထို့နောက် ဆိုင်ကောင်တာသို့ သွား၍ အင်ဂျင်နီယာက အရောင်းစာရေးကို ပြောလိုက်သည်။
"ခင်ဗျား မျက်လှည့်ပြတာ ကြည့်ချင်လား ...?"
"ဟုတ်ကဲ့ ...!"
"ကျုပ်ကို ချောကလက်တခု ပေးပါ..."
အရောင်းစာရေးက သူ့ကို ချောကလပ်တခု ပေးလိုက်သည်။ အင်ဂျင်နီယာက စားပစ်လိုက်သည်။
သူသည် ဒုတိယအကြိမ် တောင်းပြီး စားလိုက်ပြန်သည်။
တတိယအကြိမ်လည်း ထိုနည်းအတိုင်း လုပ်လိုက်ပြန်သည်။ ဒီအခါ အရောင်းစာရေးက စိတ်မရှည်စွာဖြင့်...
"ခင်ဗျား မျက်လှည့်ကလည်း ဘယ်မှာလဲဗျာ..."
ဒီအခါ အင်ဂျင်နီယာက...
"အဲဒီ ချောကလပ်တွေအားလုံး ကျုပ်သူငယ်ချင်းအိတ်ထဲမှာ ရှာကြည့်လိုက် တွေ့လိမ့်မယ်...."







- (အရှေ့သို့) သေပြီဆရာ... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောက်သို့) စိတ်ပြောင်းသွားပြီ.... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း