သေပြီဆရာ...
အရက်ဆိုင်တဆိုင်မှာ အမျိုးသားတယောက် သူ့အရက်ခွက်ကို မသောက်ပဲ စိုက်ကြည့်နေသည်။
နာရီဝက်ခန့်အကြာ ကားသမားတယောက် ဆိုင်ထဲဝင်လာပြီး သူ့အရက်ခွက်ကို ဆက်ကနဲယူပြီး မော့သောက်လိုက်သည်။
အမျိုးသားက ငိုယိုသည့်အခါ ကားသမားက....
"ဟာဗျာ ခင်ဗျားကလည်း ကျုပ်က သက်သက်စတာပါ... လာဗျာ ခင်ဗျားကို ကျုပ် ပြန်ဝယ်တိုက်မယ်... ယောကျ်ားတန်မဲ့ အခုလိုငိုတာကို ကျုပ် သိပ်မုန်းတာပဲ..."
ထိုအခါ အမျိုးသားက...
"ကျုပ်အရက်ကို ယူသောက်လို့ ငိုတာ မဟုတ်ပါဘူးဗျာ... ဒီနေ့က ကျုပ်ဘ၀ရဲ့အဆိုးဆုံးနေ့ပဲ... ဒီလိုဗျာ... ဒီမနက် အိပ်ပျော်သွားလို့ ရုံးနောက်ကျတယ်... သူဌေးက ဒေါသထွက်ပြီး ကျုပ်ကို အလုပ်ဖြုတ်တယ်... အိမ်ပြန်မယ်လုပ်တော့ ကျုပ်ကား အခိုးခံရတယ်... ရဲကို တိုင်တော့ ရဲက ဘာမှလုပ်မပေးနိုင်ဘူး ပြောတယ်... ဒါနဲ့ ကျုပ်လည်း အိမ်ကို တက္ကစီငှားပြီး ပြန်ခဲ့တယ်... အိမ်ရှေ့ရောက်တော့ ကျုပ် ပိုက်ဆံအိတ်နဲ့ ဘဏ်ကတ်တွေ ကားထဲ ကျန်ခဲ့တယ်ဆိုတာ သိလိုက်ရတယ်... ဒါပေမယ့် တက္ကစီသမားက မောင်းပြေးသွားတယ်... အိမ်ထဲ ရောက်ပြန်တော့လည်း ကျုပ်မိန်းမက ဥယျာဉ်မှူးနဲ့ ဖောက်ပြန်နေတာကို တွေ့ရပြန်တယ်... ဒါနဲ့ ကျုပ်လည်း စိတ်ညစ်ညစ်နဲ့ အရက်ဆိုင်ကို ထွက်လာခဲ့တယ်... ကျုပ်ကိုယ်ကျုပ် အဆုံးစီရင်ဖို့ စဉ်းစားနေတဲ့အချိန် ခင်ဗျားရောက်လာပြီး ကျုပ် အဆိပ်ထည့်ထားတဲ့ အရက်ခွက်ကို ခင်ဗျား မော့သောက်လိုက်တာပါပဲဗျာ..."
"




..."






- (အရှေ့သို့) အောင်ပွဲ... ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) Smart thief... ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..