မြန်မာနိုင်ငံအတွင်း 4G ကွန်ယက်အား နိုဝင်ဘာလတွင် အပြီးသတ် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ဂျပန်ကုမ္ပဏီများမှ ပြောကြား...
ယခုကဲ့သို့ သဘောတူညီနိုင်ခဲ့မှုမှာ ဧပြီ ၂၀၁၂ ခုနှစ်တွင် ချမှတ်ခဲ့သည့် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ပြုပြင်ပြောင်းလဲမှုများအတွက် တရားဝင် အကူအညီပေးရေး ပေါ်လစီ (Official Development Assistance) ODA ၏ ပထမဆုံး စီမံကိန်းဖြစ်သည်။ သတင်းထုတ်ပြန်ချက်များအရ ယခု စီမံကိန်းမှာ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ပြောင်းလဲလာသော နေထိုင်မှုဘဝ ပုံစံများအတွက်လည်း ရှေးရှုထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရှိသော ဆက်သွယ်ရေးဆိုင်ရာ ကွန်ယက်များဖြစ်သည့် အထိုင်ဖုန်းလုပ်ငန်း၊ မိုဘိုင်းဖုန်းလုပ်ငန်း၊ အင်တာနက်လုပ်ငန်းများမှာ အရှိန်အဟုန် မြင့်မားစွာ တိုးတက်လာနေသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်သည့်အခါတွင် အရှိန်ဟုန် လျော့နည်းမှုများ ရှိနေကြောင်း ဝေဖန်မှုများ ရှိနေခဲ့သည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံ၏ အထင်ကရ မြို့ကြီးများဖြစ်သော နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ပိုမိုကောင်းမွန်သော ဆက်သွယ်ရေး ကွန်ယက်များ တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ အကူအညီ တောင်းခံထားကြောင်း သိရသည်။ ထိုကဲ့သို့ အကူအညီ တောင်းခံမှုများအရ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းမှု ဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ODA အတွက် ဂျပန်ယန်း ၁.၇၁ ဘီလီယံ အထောက်အပံပေးမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းများအရ မြန်မာနိုင်ငံ၏ အဓိကမြို့ကြီး ၃ မြို့ကြား နောက်ဆုံးပေါ် ဆက်သွယ်ရေး နည်းပညာဖြစ်သည့် 4G ကွန်ယက်ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာတွင် အပြီးတည်ဆောက်မည် ဖြစ်ကြောင်း သိရပြီး လိုအပ်သော အခြေခံ အဆောက်အဦများကို ဆောက်လုပ်ပြီးစီးပါက လိုင်းဖုန်း ၁.၅ သန်း၊ အင်တာနက် အသုံးပြုသူ ၁ သန်းနှင့် 4G ကွန်ယက်ဖြင့် မိုဘိုင်းလ်ဖုန်း အရေအတွက် လေးသောင်း တပြိုင်နက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် 4G ဆက်သွယ်ရေး စခန်းပေါင်း ၅၀ ကို အဆိုပါမြို့ကြီးများတွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ Sumitomo Corporation မှ သတင်းထုတ်ပြန်ခဲ့သည်။ ထိုကဲ့သို့ 4G ကွန်ယက်များတွင် 30Gbps မြန်နှုန်းအထိ ပြုလုပ်နိုင်သော ဖိုင်ဘာဆက်ကြောင်းများ ပါဝင်မည်ဖြစ်ပြီး တည်ဆောက်ပြီးစီးသွားပါက မြို့တစ်မြို့၏ အင်တာနက်မြန်နှုန်းမှာ 12Gbps အထိ ရရှိသွားမည်ဖြစ်ကြောင်း ဂျပန်ကုမ္ပဏီမှ ညွှန်းဆိုထားသည်။
Sumitomo Corp နှင့် NEC တို့မှ ယခုကဲ့သို့ တာဝန်ယူ ဆောက်လုပ်ပေးမှုမှာ ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့်အခါ နိုင်ငံတကာ အဆင့်အတန်းမီ ဆက်သွယ်ရေး ကွန်ယက်များ အသုံးပြုသွားရန်နှင့် ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်တို့တွင် အဆင့်အတန်းမြင့်သည့် ဆက်သွယ်ရေးကွန်ယက်များ သုံးစွဲနိုင်ခြင်းကို အထောက်အကူ ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ပြန် ကြေညာခဲ့လေသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး အောက်ပရေတာ လျှောက်ထားမှုများတွင် နိုင်ငံတကာမှ ဆက်သွယ်ရေး အော်ပရေတာများလည်း ပါဝင်နေခြင်းကြောင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ဈေးကွက်အတွက် မေးခွန်းထုတ်မှုများ ရှိနေသည်။ အဆိုပါ ဆက်သွယ်ရေး အော်ပရေတာ လျှောက်ထားမှုများတွင် Sumitomo ကုမ္ပဏီ၏ ဆက်သွယ်ရေး အော်ပရေတာ ဖြစ်နိုင်ခွင့်မှာ အားသာချက်များ ရှိနေသည်။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းထုတ်ပြန်ချက်များအရ မြန်မာ့ဆက်သွယ်ရေး အော်ပရေတာ အပြီးသတ် ရွေးချယ်မှုအား ဇွန်လ ၂၆ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲထွဋ်
Ref & Credit to Smart Pro Journal

- (အရှေ့သို့) Graphic Ebook မ်ား ပေါင်းစည်းခြင်း..... Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)ဆေးစွမ်းထက်သော သလဲသီး...သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်Jennifer Lawrence..ဆရာဝန်နှင့် တွေ့ဆုံချိန်တွင် သိထားသင့်သော အချက် (၇)ချက်
- (အနောကျသို့) ကွန်ပျူတာရဲ့ USB Port တွေကို Removable Access Tool နဲ့ Lock ချထားရအောင်.... Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)ဆေးစွမ်းထက်သော သလဲသီး...သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်Jennifer Lawrence..ဆရာဝန်နှင့် တွေ့ဆုံချိန်တွင် သိထားသင့်သော အချက် (၇)ချက်