Frozen Keyboard Pro v 0.5.3 for android....
Android ဖုန်း/Tablet တွေအတွက် ၂၀၁၃ မေ 21 ရက်နေ့မှာထပ်မံထွက်ရှိလာတဲ့ Android မြန်မာစာကီးဘုတ် “Frozen Keybord Pro” version အသစ် 0.5.3 ကိုတင်ပေးလိုက်ပါတယ်။ Frozen Keyboard ကတော့ Android ဖုန်းအသုံးပြုသူတိုင်းသိကြမယ်လို့ထင်ပါတယ်။ ယခု Pro version 0.5.3 မှာတော့ ဇော်ဂျီဖောင့်ကိုအမှန်အတိုင်းမြင်ရပါပြီ ၊ စာရိုက်ရင်စာလုံးလွဲတာတွေမဖြစ်တော့ပါဘူး ။ ဒီဇိုင်းကလည်းအရင် Frozen keyboard ထက်ပိုပြီး သပ်ရပ်လှပတာကိုတွေ့ရပါတယ်။ Frozen Keyboard Pro ရဲ့အသွင်အပြင်ကို Android 4.0 အထက်ဖုန်းတွေရဲ့ Default Keyboard ဒီဇိုင်းမျိုးနဲ့ရေးသားထားတာကိုလည်းတွေ့ရပါတယ်။ ယခု Frozen Keyboard Pro မှာတစ်ချို့သော မြန်မာစာလုံးပေါင်းများကို shift key ရိုက်၍အချိန်မကုန်ရအောင် key တစ်ခုချင်းစီကို long press နှိပ်ထားရုံနဲ့ Shift နဲ့တွဲရိုက်ရမယ့် အက္ခရာများကို Pop-up key အနေနဲ့ပြပေးမှာဖြစ်ပါတယ်။ Frozen Keyboard Pro ကိုရေးသားသူကတော့ Android Developer ကိုသီဟအေးကျော် ပဲဖြစ်ပါတယ်။ Myanmar Android users များအတွက် Developer ကိုသီဟအေးကျော်ရဲ့ ကြိုးပမ်းမှုများက ဂုဏ်ယူဖွယ်ရာဖြစ်ပါတယ်။ Frozen Keyboard Pro ဟာ မြန်မာစာရိုက်ဖို့သာဖြစ်ပြီး မြန်မာလိုဖတ်ရှုဖို့ကတော့ မိမိတို့ရဲ့ Android ဖုန်း/Tablet များမှာ ဇော်ဂျီမြန်မာစာ font သွင်းထားဖို့လိုပါတယ်။ Frozen Keyboard Pro v0.5.3 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
Frozen keyboard pro v 0.5.3 အားရယူရန်
http://www.myanmarmobileapp.com/2013/05/21/frozen-keyboard-pro-v-0-5-3-for-android/
- (အရှေ့သို့) ပျှော်ရွှင်ဖွယ်ရာ သူတို့ကမ္ဘာ..... ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...ကိုယ့်ကို ကမ်းလှမ်းလာကြတဲ့ ဇာတ်အပေါ်မှာပဲ လက်ခံပြီးတော့ ရိုက်ကူးဖြစ်တယ်လို့ဆိုတဲ့ အိချောပို
- (အနောကျသို့) AVG 2013 Build 2740a5822 (x86/x64) with Keygen (All Product)... ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...ကိုယ့်ကို ကမ်းလှမ်းလာကြတဲ့ ဇာတ်အပေါ်မှာပဲ လက်ခံပြီးတော့ ရိုက်ကူးဖြစ်တယ်လို့ဆိုတဲ့ အိချောပို