လူရွှင်တော်များအသင်း စတင်ဖွဲ့စည်း

ဟာသပညာရှင်များ ပါဝင်ဖွဲ့စည်းထားတဲ့ လူရွှင်တော်များအသင်းဖွဲ့စည်းမှုကို စက်တင်ဘာလ ၂၇ ရက်နေ့က ဆရာစံလမ်းရှိ SS Food Centre မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဟာသ လူရွှင်တော်များ အသင်းဖွဲ့စည်းမှုဟာ အချို့လူရွှင်တော် အများစုအနေနဲ့ ဆင်းရဲ နွမ်းပါးကြတဲ့အတွက် အသက်အရွယ် အိုမင်းလာတဲ့အခါမှာ ဆေးဝါးကုသစရိတ်၊ နေရေး၊ ထိုင်ရေး စရိတ်အားလုံးကို
လူရွှင်တော်များအသင်းမှ တာဝန်ယူပေးသွားနိုင်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။
ယခုအသင်း စတည်ဖွဲ့စည်းမှု မှာတော့ ရန်ကုန်နဲ့ မန္တလေးအပြင် မြန်မာနိုင်ငံ အနှံအပြားမှာ ရှိတဲ့ လူရွှင်တော်များ ပါဝင်ပြီး လစဉ်ရန်ပုံငွေ အဖြစ်လည်း တစ်ယောက်ကို ၁၀၀၀ ကျပ်နှုန်း ကောက်ခံ သွားမှာ ဖြစ်ပါတယ်။ ယခုလို ကောက်ခံမှုဟာ အသက်အရွယ် ကြီးနေတဲ့ လူရွှင်တော် များကို အပြည့်အ၀ ကူညီ ထောက်ပံ့ ပေးနိုင်ဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခုလို လူရွှင်တော်များ အသင်း စတင် ဖွဲ့စည်းမှုမှာ လူရွှင်တော် အလှူရှင်တွေမှ ရန်ပုံငွေပေါင်း နှစ်ဆယ့် ရှစ်သိန်း တစ်သောင်း ကိုလည်း ထည့်ဝင် လှူဒါန်း ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် လာမယ့် အောက်တိုဘာလ ၂၂ ရက်နေ့ မှာလည်း ရန်ကုန်မှာ ရှိတဲ့ လူရွှင်တော်များနဲ့ မန္တလေးမှာရှိတဲ့ လူရွှင်တော်များဟာ အသင်းရန်ပုံငွေ အဖြစ် ရန်ကုန်မြို့ရှိ အောင်ဆန်းကွင်းမှာ ချစ်ကြည်ရေး ဘောလုံး ကန်သွားမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။
MRTV-4