Shodan (သို့) အင်တာနက် ပေါ်မှ ကြောက်စရာ အကောင်းဆုံး Search Engine

Shodan (သို့) အင်တာနက် ပေါ်မှ ကြောက်စရာ အကောင်းဆုံး Search Engine
“လူတွေက Google ပေါ်မှာ ရှာလို့ မတွေ့ ဘူး ဆိုရင် ကိုယ့်ရဲ့ ကွန်ယက် လုံခြုံရေး က အရမ်းေ ကာ င်း နေပြီး ဘယ်သူမှ မတွေ့နိုင် ဘူးလို့ ထင်နေ ကြပါတယ်။ အဲဒါ ဟာ လွန်စွာမှ မှားယွင်းတဲ့ အတွေး ပါပဲ။” ဟု Shodan ( သို့ ) အင်တာနက် ပေါ်မှ ကြောက်စရာ အကောင်းဆုံး search engine အား တီထွင်ခဲ့သူ John Matherly က ဆိုခဲ့သည်။
Shodan က search engine ပါပဲ။ ဒါပေမယ့် သာမန် search engine မဟုတ်ပါဘူး။ Google တို့ Bing တို့လို ဝက်ဘ်ဆိုဒ် တွေကို ရှာပေး တဲ့ search engine မဟုတ်ပါဘူး။
Shodan ရှာပေးမယ့် အရာတွေကတော့ အင်တာနက်ရဲ့ ပင်မကျောရိုးတွေဖြစ်တဲ့ ဆာဗာ တွေ၊ router တွေ၊ ကင်မရာတွေ၊ printer တွေနဲ့ အခြားအခြားသော အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ ပစ္စည်းတွေကိုပဲ ဖြစ်ပါတယ်။ ကြောက်စရာ အရမ်းကောင်းတယ် မဟုတ်ပါလား။
Shodan ဟာ ၂၄ နာရီပတ်လုံး အင်တာနက် နဲ့ ချိတ်ဆက် ထားတဲ့ ကမ္ဘာ တစ်ဝန်း ရှိ ပစ္စည်းပေါင်း သန်း ၅၀၀ ခန့်ကို ရှာဖွေပေး တယ် လို့ ဆိုပါတယ်။ Shodan သုံးပြီး ရှာတွေ့နိုင်တဲ့ အရာတွေ က ကျော ချမ်း စရာတောင် ကောင်း ပါတယ်။
အချက်ပြ မီးပွိုင့် ထိန်းချုပ် စနစ်နဲ့ လုံခြုံရေး ကင်မရာတွေ က စပြီး ရေ အားလျှပ်စစ် စက်ရုံနဲ့ နျူက လီးယား ဓာတ်ပေါင်းဖို့ ထိန်းချုပ် စနစ်များ ပါ ပါဝင်နေ ပါတယ်။
Default Password ပဲ သုံးထား တဲ့ လုံခြုံရေး စနစ်တွေဟာ မရေတွက်နိုင်အောင် များပြား လှတာ ကို တွေ့ရ ပါမယ်။ ပိုလို့ ဆိုးတာ က လုံခြုံရေး စနစ် လုံးဝ မပါ ရှိတဲ့ စနစ်တွေ က ပိုလို့တောင် များေ န ပါတယ်။ မသမာ သူတွေ လက်ထဲ ကိုသာ Shodan ရောက်ရှိ သွားရင် ကမ္ဘာကြီးတော့ ဒုက္ခ လှလှ တွေ့နိုင် ပါတယ်။
နောက် တစ်ချက် က Shodan သုံးပြီး တွေ့ရှိ လာတဲ့ အရာတွေ ထဲက အများစု ဟာ တကယ်တမ်းေ တာ့ လုံခြုံရေးအရ အင်တာနက် နဲ့ ချိတ်ဆက်ထား ဖို့တောင် မသင့်တော် ပါဘူး။
ဥပမာ - စက်ရုံ တစ်ခုရဲ့ အပူပေး စနစ်ကို ကွန်ပြူတာ နဲ့ ထိန်းချုပ် နိုင်ပါတယ်။ ဒါပေမယ့် နည်းပညာ ကုမ္ပဏီ အများစု က အပူပေး စနစ်နဲ့ ကွန်ပြူတာ စနစ်ကို တိုက်ရိုက် ချိတ်ဆက် ရမယ့် အစား လွယ်ကူ တဲ့ နည်းလမ်း ဖြစ်တဲ့ အင်တာနက် ဆာဗာ သုံးပြီး ချိတ်ဆက် လိုက်တဲ့ အခါ ဤစက်ရုံရဲ့ အပူပေး စနစ်ကို ကမ္ဘာတစ်ဝန်း ကနေပြီး အင်တာနက် ပေါ်မှာ ရှာတွေ့ နိုင်ပြီး အလွယ် တကူ ထိန်းချုပ် သွားနိုင် ပါတော့တယ်။
ကောင်းတဲ့ သတင်း တစ်ခုကတော့ လောလောဆယ် မှာ Shodan ကို ကောင်းမွန်ပြီး အကျိုးရှိတဲ့ ကိစ္စတွေ အတွက်ပဲ အသုံးပြု နေပါ တယ်လို့ John Matherly ဆိုပါတယ်။ Matherly ဟာ Shodan ကို လွန်ခဲ့တဲ့ ၃ နှစ် က တည်ထွင် ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ အချိန်မှာ Shodan ကို အသုံးပြုနေ သူများ ဟာ ကွန်ယက် လုံခြုံရေး စမ်းသပ် သူတွေ၊ ပညာရှင် တွေ၊ အာဏာပိုင် အဖွဲ့အစည်း တွေ ပဲလို့ သိရှိ ရပါတယ်။ သာမန်သူ တစ်ဦး အနေနဲ့ Shodan ကို သုံးမယ် ဆိုရင် account မပါပဲ နဲ့ ရှာဖွေမှု ၁၀ ခု ပြုလုပ် နိုင်ပြီး account ဖွင့်ပြီး ပါက ရှာဖွေမှု ၅၀ အား ပြုလုပ် နိုင်မည် ဖြစ်သည်။
ဒီထက် ပိုပြီး နက်နဲ စွာ အသုံးပြု မယ် ဆိုရင်တော့ အချက်အလက် အပြည့်အစုံ တင်ပြ ရမည် ဖြစ် သလို အခကြေး ငွေလည်း ပေးဆောင် ရမည် ဟု သိရှိ ရသည်။
This Way, Shodan
http://www.shodanhq.com/
Ref:Myanmar Consumer Guide
Via: Than Toe Aung
- (အရှေ့သို့) ကံမေကာင္းတဲ့သူ... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) နည်းပညာဆိုင်ရာ E-Books များ စုစည်းမှု... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို