နှင်းခူအတွက် အိမ်တွင်းဆေးနည်းများ

နှင်းခူအတွက် အိမ်တွင်းဆေးနည်းများ နှင်းခူဆိုတာ အရေပြား ရောင်ရမ်းတဲ့ အခြေနေ တစ်ရပ်ပါ။ လက္ခဏာ အနေနဲ့ အရေပြားနီးမြန်းတာ ၊ရောင်တာ ၊ ယားတာ ၊ ခြောက်တာနဲ့ အဖက်တွေလန် တာတို့ ဖြစ်တတ်သလို ပြင်းထန်တဲ့ ပိုးဝင်မှုကြောင့် အရည်ကြည် စိမ့်ထွက်တာနဲ့ သွေးထွက်တာတို့ ဖြစ်တတ်ပါတယ် ။ နှင်းခူ ဖြစ်ရင် သက်သာစေဖို့ အိမ်တွင်း ကုသနည်းတစ်မျိုးကိုလိုက်နာသင့်ပါတယ်။
၁။ ဂျုံမှုန့်သုံးပြီး ရေချိုးပါ
နှင်းခူကြောင့် ယားယံနေရင် ဂျုံမှုန့်အကြမ်းကိုသုံးပြီး ရေချိုးလိုက်ပါ။ အရေပြားရောင်ရမ်းမှုနဲ့ ယာယံမှုကို သက်သာစေပါတယ်။ ဂျုံမှုန့်ထည့်ထားတဲ့ ရေနဲ့ ချိုးတာကြောင့် အယားပြေစေရုံမက အရေးပြားကို စိုပြေစေပါတယ်။
၂။ ပင်လယ်ဆားဖြင့် ရေချိုးပါ
ပင်လယ်ဆားဟာ အကောင်းဆုံးအရေပြား ကြေး(ဂျီး)ချွတ်ပစ္စည်းတစ်မျိုးပါ။ အရေပြား ဆဲလ်သေတွေကို ကင်းကွာစေရုံမက အရေပြားဆဲလ်တွေကို ပြန်လည်ကောင်းမွန်စေပါတယ်။ ပင်လယ်ဆားမှာပါတဲ့ မရှိမဖြစ် သတ္တုဓာတ်တွေက အရေပြား ရောင်ရမ်းမှုကိုကျစေပြီး စိုပြေစေပါတယ်။ သုံးရမယ့် နည်းက ပင်လယ်ဆားနဲ့ ရေကိုရောပြီး နှင်းခူနာကိုလိမ်းပေးရမှာပါ။ ပြီးမှရေချိုးလိုက်ပါ ။
၃။ သံလွင်ဆီ သုံးပါ ။
ဗီတာမင်အီး များစွာပါဝင်တဲ့ သံလွင်ဆီဟာ နှင်းခူလက္ခဏာကို သက်သာစေပြီး ၊ အစိုဓာတ်ကိုပြန်ထိန်းပေးကာ အရေပြား ခြောက်သွေ့ တာနဲ့ အက်ကွဲတာကို သက်သာစေပါတယ် ။ ရေချိုးပြီးချိန်မှာ သံလွင်ဆီကို နှင်းခူနာပေါ်ချက်ချင်းလိမ်းပေးရမှာ ဖြစ်ပါတယ် ။
၎။ လက်ဖက်ဆီကို လိမ်းပါ
လက်ဖက်ဆီမှာ တာပင်နွိုက်ပါဝင်တာကြောင့် အရေပြားရောင်ရမ်းမှုနဲ့ ယားယံမှုကို အမြန်သက်သာစေပါတယ် ။ ကြိတ်ခြေထားတဲ့ လက်ဖက်ရွက်ကိုလဲ လိမ်းပေးနိုင်ပါတယ် ။
၅။ နှမ်းကြတ်စေ့ဆီကို သုံးပါ
နှမ်းကြတ်စေ့ဆီမှာ အိုမီဂါ ၃ဖက်တီး အက်စစ်များစွာ ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပြီး အရေပြားကို ကျန်းမာစိုပြေပါတယ် ။
(နှင်းခူနာ ရှိသူတိုင်း အမြန်သက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ...။)
By Good Health
- (အရှေ့သို့) ခြေတစ်ပေါင်ကျိုး ရပ်ပြီး သွားတိုက်ပေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးJAVA leaning Myanmar (PDF)စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... မော်ဒယ် အေးချမ်းမြတ်မိုး ဓားထိုးခံရ၍ သေဆုံး
- (အနောကျသို့) မျက်နှာသစ်ရာမှာ အကြီးဆုံးအမှား(၁၀)ချက် - အပိုင်း (၁) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးJAVA leaning Myanmar (PDF)စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... မော်ဒယ် အေးချမ်းမြတ်မိုး ဓားထိုးခံရ၍ သေဆုံး