ရိုးရိုးအေးအေး ကာရိုက်တာနဲ့ရော၊ ခပ်သွက်သွက် ဟာသကားလေးတွေမှာပါ တွေ့လာရတဲ့ မိုးယုစံ
ခင်ဆွေသက် on 2014-04-29 11:27
ပရိသတ် အများက ချစ်စနိုးနဲ့ ချစ်ခင်အားပေးကြတဲ့ အပြင် မြန်မာဆန်တဲ့ ၀တ်စုံလေးတွေနဲ့လိုက်ဖက်တယ် လို့ သတ်မှတ်ခြင်းခံရတဲ့ မိုးယုစံဟာ တည်ငြိမ်အေးဆေးတဲ့ ကာရိုက်တာတွေအပြင် ခပ်သွက်သွက် ခပ်မြူးမြူးအလှုပ် ကာရိုက်တာတွေကိုလည်း သရုပ်ဆောင်နေသူမို့ သူမရဲ့ လက်ရှိအနုပညာ လှုပ်ရှားမှု အကြောင်း ခုလို မေးကြည့်ဖြစ်တဲ့အခါ..
‘မိုးယု ခုရိုက်နေတဲ့ ကားလေးက ဒါရိုက်တာက ဦးကျော်ဇောလင်း (အတွေးပုံရိပ်) ၊ မင်းသား က ကောင်းပြည့်နဲ့ပေါ့။ ထုတ်လုပ်ရေးက စိန်ဌေးပါ။ လူငယ်ဖန်စီလေးပါပဲ။ ကောင်လေးနဲ့ ခဏခဏ ရန်ဖြစ်တဲ့ ခပ်စွာစွာကောင်မလေး ပုံစံလေးပေါ့။ ဒီလိုကာရိုက်တာမျိုး မိုးယုရှေ့မှာလဲ လုပ်ဖူးပါတယ်။ ဒါပေမဲ့ ပုံစံတူပေမဲ့ နဲနဲကွဲတယ်။ မိုးယုရိုက်တဲ့ ကာရိုက်တာတွေကတော့ နဲနဲစုံတော့ ကွဲသွားမှာပါပဲ။ ပရိသတ် တော်တော်များများကတော့ မိုးယုကို ရိုးရိုးအေးအေး အငြိမ်ကာရိုက်တာတွေနဲ့ ပိုလိုက်တယ် လို့ ပြောကြပေမဲ့ တချို့ပရိသတ်ကျတော့လဲ ခပ်သွက်သွက် ဟာသကားတွေနဲ့လဲ လိုက်တယ်လို့ ပြောကြ တယ်။ မိုးယုအနေနဲ့ကတော့ ပေးလာသမျှ ကာရိုက်တာတိုင်းကို အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး ဖြစ်အောင် နောက်ပြီး ပရိသတ်လက်ခံနိုင်အောင် ကြိုးစားသွားမှာပါ’လို့ သူမက ပြောပါ တယ်။
ဒါ့အပြင် မိုးယုစံဟာ သူမရဲ့ အလှူအတန်းနဲ့ပတ်သတ်ပြီးတော့လဲ ‘အလှူနဲ့ပတ်သတ်လို့ကတော့ ငါဘယ် လိုရည်ရွယ်ချက်နဲ့လှူမယ်။ ဘယ်နှစ်ကြိမ် လှူမယ်ဆိုပြီး သတ်မှတ်ပြီး လှူတာမျိုး မရှိပါဘူး။ လိုအပ်တဲ့နေ ရာတွေ တွေ့ရင်သော်လည်းကောင်း၊ တစ်ဆင့် သိရရင်သော်လည်းကောင်း၊ လှူလိုက်တာပါပဲ။ ကြုံရင်ကြုံသလိုလှူဖြစ်တယ်။ လှူတဲ့ခါမှာလဲ အများသိရမယ်။ ပရိသတ်သိရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှူတာမျိုးတော့ မရှိပါဘူး။ ဒီလိုပဲ စိတ်ထဲမှာ လှူချင်စိတ်ဖြစ်ရင် လှူလိုက်တာပါပဲ။ ဘယ်အလှူမဆို ကိုယ့်ချွေးနဲစာနဲ့လှူတာဆိုတော့ ဘယ်လိုပြောရမလဲ လှူမယ်ဆိုတဲ့အသိပဲ သိတာပေါ့။ လိုအပ်တဲ့နေရာတွေ မှာ ဆက်လှူဖြစ်နေဦးမှာပါပဲ’လို့ ပြောပြသွားပါတယ်။
Trend Myanmar
- (အရှေ့သို့) တက္တူးထိုးအၿပီး သိထားသင့်တဲ့ အချက်များ လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်းAndroid version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)
- (အနောကျသို့) ထူးဆန်းသတ္တ၀ါ တွေကို မွေးမြူထားတဲ့ မက္ကဆီကိုနိုင်ငံက တိရိစ္ဆာန်ရုံ လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်းAndroid version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)