ဆော်ဒီအာရေးဗီးယားတွင် ကူးစက် Mers ရောဂါကြောင့် သေဆုံးသူ ၁၀၀ ကျော်ပြီ
ဆော်ဒီအာရေးဗီးယား နိုင်ငံတွင် ဆားစ်ရောဂါဆန်ဆန် အသက်ရှူ လမ်းကြောင်း ကူးစက်ဝေဒနာ တစ်မျိုး ၂၀၁၂ ခုနှစ်ကတည်းက စတင်ပျံ့နှံ့လျက်ရှိရာ ယခုအခါ ယင်းဝေဒနာကြောင့် သေဆုံးသူ ၁၀၀ ကျော် သွားပြီ ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်လိုက်သည်ဟု BBC သတင်းတစ်ရပ်က ဆိုသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရှစ်ဦး သေဆုံးသွားခဲ့ရာ သေဆုံးသူအရေ အတွက်သည် ၁၀၂ ဦးအထိ ရှိသွားပြီ ဖြစ်ကြောင်း ဆော်ဒီကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခြင်း ဖြစ်သည်။ မြို့တော် ရီယဒ်၊ ဂျာဒက်နှင့် ဒမ်မန်မြို့များမှ ဆေးရုံးကြီးသုံးခုတွင် Mers ရောဂါကို အဓိကကိုင်တွယ်သော အထူးကုဌာနများ ဖွင့်လှစ်ထားကြောင်း ယာယီကျန်းမာရေးဝန်ကြီး အဒယ်ဖာကိခ် က ပြောဆိုထားသည်။
Mers ရောဂါသည် အသက်ရှူလမ်းကြောင်း မှတစ်ဆင့် ကူးစက်ခြင်း ဖြစ်ပြီး အဖျားရောဂါ၊ နမိုးနီးယားနှင့် ကျောက်ကပ်ပျက်စီးခြင်း စသည်တို့ ဆက်လက် ဖြစ်ပွားတတ်သည်။ ဆော်ဒီအာရေးဗီးယား တွင် ကူးစက်မှုနှုန်း မြင့်မားလျက်ရှိပြီး ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ချုပ် WHO က ရောဂါကူးစက်မှု ပုံစံများကို စုံစမ်းဖော်ထုတ်ရာတွင် ကူညီလိုကြောင်း ကမ်းလှမ်းထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းက သေဆုံးသွားခဲ့သူ များတွင် မြို့တော်ရီယာဒ်မှ ကလေးတစ်ဦး ပါဝင်ပြီး ကျန်သုံးဦးမှာ အနောက်ပိုင်းမြို့တော် ဂျာဒက်မှဖြစ်သည်။ ပြီးခဲ့သည့် ၂၄ နာရီ အတွင်းက လည်း Mers ရောဂါ ကူးစက်ခံရသူဟု ယူဆနိုင်သည့် လူ ၁၆ ဦးကို တွေ့ရှိထားကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဆေးရုံကြီးသုံးခုတွင် ယင်းဝေဒနာ အထူးကုသည့် ဌာနကို ဖန်တီးထားကာ အထူးကြပ်မတ် ကုသလျက် ရှိပြီး စုစုပေါင်းလူနာ ၁၄၆ ဦးကို နေရာထိုင်ခင်း စီစဉ်ပေးထားသည်ဟု ကျန်းမာရေး ဝန်ကြီး အဒယ်ဖာကိက ဆိုသည်။
မကြာသေးခင် ရက်များတွင် အီဂျစ်တွင်လည်း အဆိုပါဝေဒနာရှင် တစ်ဦးကို တွေ့ရှိခဲ့ကာ ၄င်းသည် ဆော်ဒီ အာရေးဗီးယားမှ ပြန်လည်ရောက်ရှိလာသူ ဖြစ်သည်။
ဆော်ဒီအာရေးဗီးယား လူမှုကွန်ရက် မီဒီယာများတွင် ပြည်သူများက ၄င်းကိစ္စကို အစိုးရက ကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး စိုးရိမ်မှုများ ရှိနေကြောင်း ဝေဖန်နေကြသည်ဟု သတင်းထောက် များက ဆိုသည်။
The Voice Weekly
- (အရှေ့သို့) ကူးတို့ရေယာဉ် နစ်မြုပ်မှုမှ ကျန်ရစ်သူ မိသားစုများကို တောင်ကိုရီးယားသမ္မတ တောင်းပန် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) စေတန်ရဲ့ကချေသည် ရုပ်ရှင်ဇာတ်ကားမှာ နေတိုး ကြိုက်တဲ့ ဇာတ်ဝင်ခန်းအကြောင်း Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း