ဘင်္ဂလားပင်လယ်အော်တွင် MH370 ပျက်ကျခဲ့သည်ဆိုမှု ဩစတြေးလျ ပယ်ချ
ဘင်္ဂလားပင်လယ်အော်တွင် လေယာဉ်ပျက် အစိတ်အပိုင်းများ ရှာဖွေတွေ့ရှိထားသည်ဟု ပုဂ္ဂလိက ရှာဖွေရေး ကုမ္ပဏီ တစ်ခု၏ အဆိုသည် MH370လေယာဉ်နှင့် ဆက်စပ်မှု မရှိနိုင်ကြောင်း ဩစတြေးလျ အစိုးရက ပြောကြားခဲ့သည်။ မတ်လ (၈)ရက်နေ့က မလေးရှားမှ တရုတ်နိုင်ငံသို့ ဦးတည်ပျံသန်း ရင်း တောင်တရုတ် ပင်လယ်ပေါ်တွင် ပျောက်ဆုံးသွားသော လေယာဉ်သည် လမ်းကြောင်းပြောင်းလဲ ပျံသန်းသွားသည်ဟု ယူဆရပြီး လတ်တလောတွင် ဩစတြေးလျ ကမ်းလွန်၌ ပိုက်စိပ်တိုက် ရှာဖွေမှု များ ပြုလုပ်နေသည်။

သို့သော်လည်း ဩစတြေးလျတောင်ပိုင်း အဒီလိုင်ဒီတွင် အခြေစိုက်သည့် ရေကြောင်းရှာဖွေရေး ကုမ္ပဏီ တစ်ခုက မိမိတို့သည် ဘင်္ဂလား ပင်လယ်အော်အတွင်း၌ လေယာဉ်ပျက် အစိတ်အပိုင်းများ ရှိနေသည် ကို ထောက်လှမ်းတွေ့ရှိထားကြောင်း ကြေညာခဲ့သည်။ ထိုနေရာသည် လက်ရှိ ရှာဖွေမှုများ ဖြန့်ကျက် လုပ်ဆောင်နေသည့် ဇုန်သတ်မှတ်ချက်နှင့် ကီလိုမီတာ (၅၀၀၀)မျှ ကွာဝေးသည်။ မလေးရှား၏ ယာယီ ပို့ဆောင်ရေးဝန်ကြီး ဟီရှမ်မက်ဒင်ဟူစိန်က အဆိုပါ သတင်းကို မိမိတို့ ကြားသိကြောင်း အတည်ပြုခဲ့သော် လည်း လေယာဉ်ကို လိုက်လံရှာဖွေနေသည့် ဩစတြေးလျ JACစင်တာကမူ ယင်းကို လက်မခံခဲ့ချေ။
“GeoResonance ကုမ္ပဏီက MH370ရဲ့ တည်ရှိတဲ့ နေရာဟာ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပြီး ဩစတြေးလျက လိုက်ရှာနေတဲ့ဇုန်မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ တကယ်တမ်းမှာ ဩစတြေးလျ အနေနဲ့ ဂြိုဟ်တုက ထောက်လှမ်းရရှိတဲ့ အချက်အလက်တွေ၊ တခြားသတင်းတွေကို အခြေခံပြီး ပျောက် ဆုံးနေတဲ့ လေယာဉ်နောက်ကို လိုက်နေတာ ဖြစ်ပါတယ်။ GeoResonanceက အဆိုပြုတဲ့ နေရာဟာ ရရှိထားတဲ့ သတင်းအချက်အလက်တွေနဲ့ ကိုက်ညီတဲ့ ဇုန်သတ်မှတ်ချက်မျိုး မဟုတ်ပါဘူး။ နိုင်ငံတကာ ပူးပေါင်းအဖွဲ့ အနေနဲ့ MH370ရဲ့ နောက်ဆုံးနားခို လှဲလျောင်းရာဟာ လက်ရှိ သတ်မှတ်ထားတဲ့ ဇုန်အတွင်း မှာပဲ ဖြစ်လိမ့်မယ်လို့ အလေးအနက် ယုံကြည်ကြပါတယ်”ဟု JACက ကြေညာခဲ့သည်။ MH370သည် လူပေါင်း(၂၃၉)ဦး လိုက်ပါသွားပြီး ကွာလာလမ်ပူမှ ထွက်ခွာသွားသည့်နောက် ရေဒါမှ အဆက်အ သွယ် ပြတ်တောက်သွားကာ ထိုနောက်ပိုင်း လေယာဉ်၏ ကံကြမ္မာကို လုံးဝ မခန့်မှန်းနိုင်လောက်အောင် ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။
Planet Myanmar Network
- (အရှေ့သို့) ကုလသမဂၢ ငြိမ်းချမ်းရေး သံတမန်အဖြစ်မှ ဂျော့ဂ်ျကလူနီးနုတ်ထွက် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Very little makes it more valuable...
- (အနောကျသို့) "S.I.R Rock House အဖွဲ့ မူလအတိုင်း Band 4 ဖွဲ့ဖြင့် ဆက်လက်လှုပ်ရှားမည်" Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Very little makes it more valuable...