မန္တလေးတွင် ၁၅ ရက်အတွင်း GSM ဖုန်းလိုင်းပေါင်း နှစ်သိန်းကျော် ထပ်မံတိုးမြှင့်မည်
“လက်ရှိ လိုင်းပေါင်း ငါးသိန်းကျော် ရှိတယ်။ ၁၅ ရက်အတွင်းမှာ နောက်ထပ်လိုင်းပေါင်း နှစ်သိန်းကျော် ထပ်မံတိုးမြှင့်မယ်။ အခုက အသုံးပြုသူ ဦးရေနဲ့ ဆက်သွယ်ရေး လိုင်းတွေက မမျှတဘူး ဖြစ်နေတယ်။ ထပ်တိုးမြှင့် လိုက်ပြီးရင်တော့ ဖုန်းဆက်သွယ်မှုရော၊ အင်တာနက် အသုံးပြုမှုတွေရော မြန်ဆန်လာမှာ ဖြစ်ပါတယ်” ဟု ၎င်းကထပ်မံဆိုသည်။
လက်ရှိ မန္တလေးတိုင်းဒေသကြီး အတွင်းတွင် ဆက်သွယ်ရေး စခန်းပေါင်း ၁၂၀ ကျော်ရှိပြီး၊ ၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဆက်သွယ်ရေး စခန်းပေါင်း ၁၂၀ ကျော် ထပ်မံတိုးမြှင့်မည်ဖြစ်ကာ မန္တလေးမြို့ တွင်းတွင်လည်း 3G GSM ဆက်သွယ်ရေး စခန်းပေါင်း ၅၅ ခု တိုးမြှင့် တပ်ဆင်တည်ဆောက် သွားမည် ဖြစ် ပြီး ယင်းစခန်းများ ပြီးစီးပါက ဒေသခံပြည်သူ လေးသိန်းနီးပါး လုံလောက်စွာ အသုံးပြုနိုင်မည်ဖြစ်ကာ WCDMA ဆက်သွယ်ရေး လိုင်းပေါင်း နှစ်သိန်းကျော်လည်း ထပ်မံတိုးမြှင့်ရန် စီစဉ်လျက် ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“တာဝါတိုင်တွေ၊ ဆက်သွယ်ရေး စခန်းတွေ တိုးမြှင့်တယ်သာ ပြောတာ အင်တာနက် အသုံးပြုရတာက လုံးဝအဆင်မပြေဘူး။ အမြဲတမ်းလိုလိုပဲ ကွန်နက်ရှင်က ကျနေတယ်” ဟု ချမ်းအေးသာစံ မြို့နယ် အတွင်း နေထိုင်ပြီး ဖုန်းနှင့် အင်တာနက် အသုံးပြုသူ အသက် ၂၃ နှစ်အရွယ်ရှိ ဦးရဲကိုက The Voice သို့ ပြောကြားသည်။
မန္တလေးမြို့တော်တွင် တယ်လီနော မြန်မာက Ericsson ကုမ္ပဏီနှင့် ပူးပေါင်းကာ Data Center တည်ဆောက်နေပြီး အဆိုပါစင်တာမှ တစ်နိုင်ငံလုံးရှိ တယ်လီနော၏ ဆက်သွယ်ရေး တာဝါတိုင်များနှင့် ချိတ်ဆက်၍ တယ်လီနောမြန်မာ မိုဘိုင်းလ် ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ကာ 2G၊ 3G နှင့် 4G မိုဘိုင်းလ် ဝန်ဆောင်မှုများ ပေးအပ်သွားမည် ဖြစ်သည်။
The Voice Weekly
မန္တလေး၊ ဧပြီ ၂၉
- (အနောကျသို့) တစ်သက်လုံး စီးသွားနိုင်တဲ့ ဒေါက်မြင့်ဖိနပ် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း