Acer ၏ ပထမဆုံး စမတ်နာရီကို မိတ်ဆက်



နယူးယောက်မြို့တွင် ကျင်း ပပြုလုပ်ခဲ့သော ပွဲတစ်ခု၌ Acer က ကုမ္ပဏီ၏ ပထမဆုံး စမတ် နာရီကို မိတ်ဆက်ပေးခဲ့သည်။

Acer Liquid Leap ဟု ခေါ် သည့် စမတ်နာရီသည် ကျန်းမာ ရေးလှုပ်ရှားမှုများကို ခြေရာခံနိုင် သည့်အပြင် message များ၊ noti-fication များနှင့် အချိန်ကိုဖော် ပြပေးနိုင်သည်။ ၎င်းကို Android ထုတ်ကုန်အများ အပြားနှင့် ချိတ် ဆက်အသုံးပြုနိုင်မည်ဟု သိရ သည်။ ၁၇ မီလီမီတာအကျယ်ရှိ သည့် အဆိုပါ စမတ်နာရီကို အ မျိုးသားများရော၊ အမျိုးသမီးများ ပါ ၀တ်ဆင်အသုံးပြုနိုင်ရန် ဒီဇိုင်း ပြုလုပ်ထားသည်။ ၎င်းကို ၅ လက်မ အရွယ် Acer Liquid Jade စမတ်ဖုန်းနှင့်အတူ တွဲဖက်ရောင်း ချမည်ဖြစ်သော်လည်း သီးခြား ၀ယ်ယူလိုသူ များအတွက်လည်း ရောင်းချသွားမည်ဟု Acer က ပြောကြားသည်။

တန်ဖိုးနှင့် ရောင်းချမည့်ရက် အတိအကျကို ကြေညာထားခြင်း မရှိသော်လည်း ယခုနှစ်ကုန်ပိုင်း တွင် ရောင်းချဖွယ်ရှိသည်။

—Ref: Engadget
7Day Daily
No.365 Thursday, May 1,2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...