ထိုင်း Slot machine အဖွဲ့နှင့် Rဇာနည်၊ ဖြူဖြူကျော်သိန်းဖျော်ဖြေမည်



ထိုင်းတီးဝိုင်းအဖွဲ့ slot machine နှင့် မြန်မာအဆိုတော် Rဇာနည်၊ ဖြူဖြူကျော်သိန်းတို့၏ ဖျော်ဖြေပွဲကို ဇွန်လ(သို့မဟုတ်) ဇူလိုင်လအတွင်း ရန်ကုန်မြို့ရှိ Myanmar Event Park ၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ယင်းဖျော်ဖြေပွဲနှင့်ပတ်သက် သောသတင်းစာရှင်းလင်းပွဲကို တက်ရောက်ရန် အဆိုတော် Rဇာနည်သည် ထိုင်းနိုင်ငံသို့ ဧပြီ ၂၃ ရက်က သွားရောက်ခဲ့ပြီး ထိုင်းတီဗီချန်နယ်များအတွက် ရိုက်ကူးရေးများပြုလုပ် ခဲ့ကြောင်း ၎င်းကပြောသည်။

‘‘ဒီမှာလုပ်နေကျ စာနယ်ဇင်းရှင်းလင်းပွဲလိုမျိုး လုပ်တာပါ။ ဖြူဖြူကတော့ ခရီးသွားနေလို့ မလာနိုင်ဘူး။ အဲဒီအဖွဲ့နဲ့တွေ့ တော့အပြန်အလှန် တစ်ယောက် နဲ့တစ်ယောက် ချီးကျူးပြောဆိုကြ ပြီးတော့ အောင်အောင်မြင်မြင်နဲ့ ဖြစ်အောင်လုပ်ကြမယ်ပေါ့။ နှစ် နိုင်ငံချစ်ကြည်ရေးလည်း ပါပါ တယ်။ MTV Exit တုန်းက မြန်မာ ပရိသတ်တွေက slot machine ကိုအားပေးတယ်လေ။ သူတို့ လည်းလာ ဆိုချင်တဲ့ဆန္ဒရှိတယ်။ ရှိုးက ဇွန်၊ ဇူလိုင် နှစ်လထဲကတစ် လဖြစ်မယ်။ ရက်ကတော့မသေ ချာသေးဘူး’’ဟု Rဇာနည်ကပြော သည်။

ရှိုးပွဲတွင် Rဇာနည်က slot machine အဖွဲ့၏ 'Yesterday' သီချင်းကို မြန်မာလိုပြန်ဆိုမည် ဖြစ်သည်။ ထိုင်းနိုင်ငံရှိ BEC-TERO Entertainment နှင့်မြန်မာ နိုင်ငံရှိ Channel 7, MRTV 4 ချန် နယ်တို့ ပူးပေါင်းပြု လုပ်ခြင်းဖြစ် သည်။

‘‘slot machine ရဲ့သီချင်း တစ်ပုဒ်ကို မြန်မာလိုပြန်ဆိုမယ်။ တေးရေး Rခိုင်ကရေးပေးထား တယ်။ အဲဒါသူတို့ရဲ့ကမ်းလှမ်း ချက်ပေါ့။ ပြီးတော့ ဖြူဖြူကလည်းတစ်ပုဒ်ဆိုမယ်’’ဟု Rဇာနည်က ပြောသည်။

၂၀၁၂ ဒီဇင်ဘာက MTV Exit က ကြီးမှူးကျင်းပသည့် အဆိုတော်ဂျေဆင်မရက်ဇ်ပါဝင် ဖျော်ဖြေခဲ့သော ပွဲတွင် အမျိုးသား လေးဦးဖြင့် ဖွဲ့စည်းထားသော ထိုင်းတီးဝိုင်း slot machine အဖွဲ့ က ပထမဆုံး အကြိမ် မြန်မာပရိသတ်များကိုဖျော်ဖြေခဲ့သည်။

‘‘ငါတို့ရဲ့ ''Yesterday" သီချင်းကို Rဇာနည်ပြန်ဆိုထား တာကိုကြားရဖို့ မျှော်လင့်နေပါ တယ်။ မြန်မာမှာရှိတဲ့ ပရိသတ် တွေကို ဆုံတွေ့ဖို့အဆင်သင့်ဖြစ် နေပါပြီ’’ဟု slot machine အဖွဲ့ ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ တွင် ရေးသားထားသည်။

7Day Daily
No.365 Thursday, May 1,2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...