မြန်မာပြည်ကို ယာမနဲ့ ဖြိုခွင်းဖို့ကြံစည်နေတာ ဘယ်သူတွေလဲ



““ငါ့ယောက်ျားနဲ့ ငါ့သား၊ တောထဲ အလုပ်သွားလုပ်ရင်း ယာမဆေးပြားသုံး နေတယ်ကြားလို့ လိုက်သွားခေါ် တာ ငါပါ သုံးကြည့်ခဲ့တယ်ဟေ့””ဆိုတဲ့ စကားကို ကြွားဝါသလို ပြောလာသူ အမျိုးသမီးတစ်ဦးကို အထူး အဆန်းကြုံတွေ့ခဲ့ရဖူး ပါတယ်။ WY စာတန်းပါ ပန်းနုရောင် လိုလို၊ အနီရောင်လိုလို ယာမဆေးပြား ဆိုတာ နိုင်ငံတော်အစိုးရက တားမြစ် ဖမ်းဆီးကာ အပြစ်ပေးအရေးယူနေတဲ့ စိတ်ကြွမူးယစ်ဆေးဝါး တစ်မျိုးဖြစ်သော်လည်း ယခုအချိန်မှာတော့ မြန်မာပြည်သူ လူထုအကြားမှာ ပျံ့နှံ့သုံးစွဲနေကြမှုတွေ အလွန် အမင်းဖြစ်ပွားနေတာကို သတင်း စာ၊ ဂျာနယ်များထဲမှာသာမက ပတ်ဝန်း ကျင်အသိုင်းအ၀ိုင်းကြားတွေမှာ လည်း မျက်မြင်ကြုံတွေ့နေရပါတယ်။

ကိုယ်တိုင်သုံးစွဲလာခဲ့ပါတယ်ဆိုတဲ့ အမျိုးသမီးရဲ့ ပြောပြချက်အရ သူ့ရဲ့ ခင်ပွန်းနဲ့ သားဖြစ်သူဟာ တရုတ်-မြန်မာ နယ်စပ်အနီးက သစ်ခုတ်သူများနေထိုင် တဲ့ စခန်းတစ်ခုကိုသွားရောက်အလုပ်လုပ် ကိုင်ခဲ့ကြတာဖြစ်ပြီး ခင်ပွန်းနဲ့သားဟာ အဲဒီနေရာမှာ ယာမဆေးပြားတွေသုံးစွဲ နေကြပါတယ်လို့ ကြားရတဲ့ အတွက် ပြန် ခေါ်ရန်သွားရောက်ခဲ့ပါသတဲ့။ ဒါပေမဲ့ အဲဒီဒေသမှာအလုပ်လုပ်ကိုင်နေတဲ့ လူတိုင်း ကျားမ မရွေးအတော်များများဟာ ယာမဆေးပြားတွေသုံးစွဲနေကြတာကို တွေ့မြင်ခဲ့ရသလို သူ့ရဲ့ခင်ပွန်းကတိုက် တွန်းတဲ့အတွက် သူပါ ယာမဆေးပြား တွေကို သုံး၊ လေးကြိမ်ခန့်သုံးစွဲကြည့်ဖြစ် ခဲ့တာပါလို့ ပြောပြပါတယ်။

သူနေထိုင်ရာ မန္တလေးတိုင်းဒေသ ကြီး အထက်ပိုင်းတစ်နေရာကနေ အရှေ့ မြောက်ဘက်ကို ဆိုင်ကယ်ဖြင့် သွားခဲ့ရ ပြီး ရွှေလီမြစ်ကိုလည်း ဖြတ်ကူးခဲ့ရကာ ကချင်ပြည်နယ်နဲ့ တရုတ်နိုင်ငံနယ်စပ် အနီးထိတိုင်အောင် ခရီးဝေးကြီးသွားခဲ့ရ ပါသတဲ့။ အဲဒီဒေသမှာ KIA တပ်များ အဓိကရှိကြောင်းနဲ့ တပ်မတော်စစ် ကြောင်း ကလည်း ရံဖန်ရံခါလာရောက်ပြီး သစ်ဖမ်းဆီးမှုတွေလုပ်ကြတာကိုတွေ့မြင် ခဲ့ရပါသတဲ့။ သူတို့ နေထိုင်ခဲ့ကြ တဲ့ နေရာကိုတော့ အမည်သတ်မှတ်ထားရှိမှု မရှိဘဲ သစ်ပွဲစားတွေ၊ သစ်ခုတ်သူတွေ နေထိုင်တဲ့ တောစ ခန်းတစ်ခုလို့သာ သိရ ကြောင်းနဲ့ ဒေသခံများပြောကြားချက်အရ ရမ်းပုံ၊ ခေါလောဝူးတင်ဝ၊ မိုးလုံး၊ စင်းခမ်း၊ ငှက်ပျောတော၊ မသာတောင် စတဲ့ဒေသ တွေအနီးမှာဖြစ်ပြီး ကချင်၊ ရှမ်း၊ ဗမာနဲ့ တရုတ်လူမျိုးတွေကို အများဆုံးတွေ့ခဲ့ရ တယ်လို့ပြောပြပါတယ်။

အဲဒီနေရာကို ဆိုင်ကယ်စီးတရုတ် လူငယ်တွေ လာရောက်ကြပြီး ““အစိ ယူဦးမလား၊ အစိယူဦးမလား””လို့ စကား သံဝဲ၀ဲနဲ့ လိုက်လံရောင်းချနေကြပြီး ““အစိ””ဆိုတာဟာ ယာမဆေးပြားတွေကို ရည်ညွှန်းခြင်းဖြစ်ပြီး အဲဒီနယ်မှာတော့ ““ယာမ””လို့ မသုံးနှုန်းဘဲ ““အစိ””လို့သာ ခေါ် ကြကြောင်းနဲ့ ပိုက်ဆံရှိအလုပ်ရှင်တွေဟာ အလုပ်သမားတွေသုံးစွဲဖို့ဆိုပြီး ဆေးပြား တွေကို ပန်းကန်လုံးတွေနဲ့တောင်ထည့် ပေးထားတာကိုလည်း ကြုံခဲ့ရပါတယ်လို့ ဆိုပြန်ပါသေးတယ်။ ကိုယ်တိုင်ဝယ်ယူ သုံးစွဲချင်ကြပါကလည်း သာမန်ဆေးပြား ဆိုရင် တစ်ထောင်ကျပ်နဲ့သာ ၀ယ်ယူ ရရှိနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ဆေးပြား ဆိုပါက သုံးပြားလျှင် ငါးထောင်ခန့်ရှိ တယ်လို့လည်း သိခဲ့ရပါသတဲ့။

အဲဒီက ဈေးဆိုင်တွေမှာလည်း ယာမဆေးပြားတွေကို ရောင်းချပေးနေကြ ပြီး ဆေးပြားတွေသုံးဖို့ဝယ်တာနဲ့ သုံး လက်မပတ်လည်ခန့်ရှိတဲ့ ခဲပြားတစ်ပြားကို ထပ်ဆောင်းပေးလိုက်ပြီး အခြားလိုအပ်တဲ့ ယာမသုံးတဲ့ ပိုက်တွေကိုတော့ ၀ယ်ရပါသတဲ့။ ဆေးပြားတစ်ပြားလောက် ပဲ ၀ယ်ရင်တော့ ခဲပြားမပေးဘူးဆိုပဲ။ ဒီပြင် လိုအပ်တဲ့ ပစ္စည်းတွေကတော့ လည်ပင်းရှည်တဲ့အချိုရည်ဘူးတွေ၊ ရေ သန့်ဘူးတွေနဲ့ ဂက်(စ်)မီးခြစ်ဖြစ်ပြီး မီး ခြစ်တစ်လုံးဟာ ဆေးတစ်ခါသုံးရုံပဲလို့ဆို တာကြောင့် အဲဒီဒေသမှာတော့ဘူးခွံတွေ၊ မီးခြစ်ခွံတွေ ဟာ တောင်ပုံရာပုံဖြစ်နေ တာပဲလို့ ဆိုပြန်ကာ အချိုရည်ဘူး၊ ရေ သန့်ဘူးထုတ်လုပ်သူတွေနဲ့ မီးခြစ်ထုတ် လုပ်သူတွေအတွက်တော့ အလွန်ရောင်း ကောင်းပြီး စီးပွားဖြစ်စေနိုင်တယ်လို့ ရယ်ရယ်မောမောနဲ့ပြောပြန် ပါတယ်။

ဆေးပြား၊ ခဲပြား၊ ရာမပိုက်၊ မီးခြစ် နဲ့ ရေဘူးရပြီဆိုတာနဲ့ ဆေးသုံးဖို့လုပ်နိုင် ပါပြီတဲ့။ ဦးစွာအသုံးပြုမယ့်ဘူး ရဲ့အောက် နားတစ်နေရာမှာ အပေါက်ဖောက်ပြီး အောက်မှာတပ်ရတဲ့ပိုက်ကိုတပ်ပါသတဲ့။ အဲဒီပိုက်မှာ အကန့်ကလေးတွေသုံးကန့် လောက်ပါတာမို့ ဘူးထဲကိုရေဖြည့်တဲ့ အခါမှာတော့ ရေပြန်မထွက်နိုင်ပါဘူး တဲ့။ ရေတစ်ဝက်လောက်ဖြည့်ပြီးတဲ့ အခါမှာ တော့ ဘူးအ၀မှာလည်း ပိုက်တစ်ခုတပ် ပြီး ပါးစပ်မှာတေ့ထား။ ပြီးရင် ခဲပြားကို တစ်လက်မအရှည်ခန့်ဖြတ်ယူ၊ အဲဒီခဲပြား ပေါ်မှာ ယာမဆေးပြားတွေကိုပူးစီးပြီးတင် ကာ အောက်ကပိုက်အနီးမှာကပ်လို့ ခဲ ပြားအောက်ခြေကနေ ဂက်(စ်)မီးခြစ်ရဲ့ မီးတောက်မျှဉ်းမျှဉ်းလေးနဲ့ အပူပေးရပြန် ပါသတဲ့။ အခြားဖယောင်းတိုင်မီး၊ ဆေး လိပ်မီးလို အပူအနည်းငယ်ပြင်းရင်ကိုမရပဲ ဂက်(စ်) မီးတောက်အမျှဉ်းဆုံးအပြာ ရောင်လေးကိုပဲ အသုံးပြုလို့ ခဲပြား အောက်မှာဟိုဘက်ဒီဘက်ရွှေ့ပေးနေရပြီး အဲဒီမီးအပူရှိန်ကြောင့် ယာမဆေးပြားတွေ ဟာ နှုတ်ခမ်းနီအနီရဲရဲအရောင်ပုံစံအရည် ပျော်လာပြီး ထွက်လာ တဲ့ အငွေ့တွေကို အောက်ပိုက်ကနေတစ်ဆင့်ကြားခံရေကို ဖြတ်ကာအပေါ်ပိုက်မှနေရအောင်ဆွဲယူ ကာ ““ခရူးရူး၊ ခရူးရူး””နဲ့မြည်အောင် ရှူ ရှိုက်သုံးစွဲရပါသတဲ့။

အနံ့အရသာကတော့ ချောကလက် ရနံ့လို အလွန်မွှေးပြီး သုံးစွဲပြီးပါကအိပ် ချင်စိတ်တွေပျောက်လို့ ဘယ်လောက် အလုပ်ပန်းပန်းစိတ်ရောလူပါတက်ကြွလှုပ် ရှားလာပါသတဲ့။ ဆေးပြားတွေကို ဒီ အတိုင်း စားသုံးမိရင်တော့ သေစေနိုင် တယ်လို့လည်း ပြောပါတယ်။ အဲဒီဒေသ တွေက လူကြီး၊ လူငယ်မရွေး အလုပ်ကြမ်း သမားတွေ၊ အခြားအပျော်ရှာသူတွေ၊ ငွေပေါသူတွေအားလုံးလိုလိုသုံးစွဲနေကြ တယ်လို့လည်း ဆိုပြန်ပါပဲ။ ယင်းအမျိုး သမီးရဲ့ သုံးသပ်ယူဆချက်ကတော့တစ် ကြိမ်၊ နှစ်ကြိမ်မက သုံးရုံနဲ့တောင် ဘိန်းဖြူ လို စွဲလမ်းသွားစေတယ်ဆိုတာမျိုးမဟုတ် ပဲ အချိန်မှန်မသုံးစွဲရလို့လည်း ဘာမှမဖြစ် ကြောင်းနဲ့ ပင်ပန်းမှုတွေ သာပြေပျောက် သွားပြီး လူကိုသာလန်းဆန်းတက်ကြွစေ တာပါလို့ပြောလာပါတယ်။

နောက်ထပ်ထပ်မံသိရသေးတာ ကတော့ အဲဒီဒေသမှာ ယာမဆေးပြားသုံး စွဲမှုကို KIA က အရေးတယူ မတားမြစ် ဘဲ နံပါတ်ဖိုး၊ ဘိန်းဖြူသုံးစွဲမှုကိုတော့ သတ်ပစ်တဲ့အထိ ပြစ်ဒဏ်ပေးကြပါသတဲ့။ သူ့ရဲ့အတွေ့ အကြုံအရအသက်အရွယ် အတန်ငယ်ကြီးမားတဲ့ အမျိုးသမီးကြီး တစ်ဦးဟာ နံပါတ်ဖိုးရောင်းချနေတာကို KIA က သိရှိသွားကြတဲ့အတွက် အဲဒီ မိန်းမကြီးကိုဖမ်းဆီးရိုက်နှက်ကာလမ်းပေါ်မှာ ကြိုးဖြင့်တုပ်နှောင်ချ ထားပြီး လမ်း သွားလမ်းလာလူတိုင်းကိုဝင်ရောက်ရိုက် နှက်သွားကြစေလို့ ဘယ်သူမှ မရိုက်ချင် တော့မှဘဲ သနပ်ဝါးကြောနဲ့ လည်မျိုကို လှီးဖြတ်သတ်လိုက်ကြပါသတဲ့။ နံပါတ် ဖိုးကိုအပြစ်ပေးတယ်ဆိုသော်လည်း ယာမကိုတော့ ခွင့်ပြုတယ်လို့သိရတဲ့ KIA ရဲ့ ဥပဒေသကတော့ နားလည်ရခက်လှပါတယ်။

အစိုးရတာဝန်ရှိသူတွေ အနေနဲ့က တော့ ယာမဆေးပြားကို တရားမ၀င်မူးယစ် ဆေးဝါးအဖြစ်သတ်မှတ်ကာ တားမြစ်ဖမ်း ဆီးအရေးယူနေတာတွေကို ကြားမြင်သိ တွေ့နေရပေမဲ့ အခြားအားနည်းချက် တွေ အများ အပြားရှိနေသေးတာမို့ မြေ လျှိုးမိုးပျံပြီးဝင်ရောက်လာနေကြတဲ့ ရာမ ဆေးပြားတွေနဲ့ သုံးစွဲသူတွေများပြား လွန်းလာတာတွေအပေါ် အရေးယူ ဆောင်ရွက်နေမှုပုံစံတွေကို ကြည့်မြင် သုံးသပ်ရတာကတော့ သင်္ဘော ပျက်တာကို ဆန်ခါခုံးနဲ့ လိုက်ဆယ်နေသလို ပါပဲ။ ဒါ့အပြင် ယာမဆေးပြားတွေဝယ်ယူ သုံးစွဲဖို့လွယ်ကူတဲ့ နယ်ဒေသတွေမှာ လည်း တာဝန်ရှိသူပုဂိ္ဂုလ်တွေပါသုံးစွဲ နေကြတယ်လို့ မျက်မြင်ပုဂိ္ဂုလ်တွေရဲ့ ပြောပြ ချက်တွေအရသိရှိရသေးသလို ယင်းတာဝန်ရှိပုဂိ္ဂုလ်တွေက အခြား သုံးစွဲသူပြည်သူတွေကို ဖမ်းဆီးအရေး ယူ နေကြတာတွေကိုလည်း မြင်တွေ့နေရ သေးပြန်တော့ အစိုးရတာဝန်ရှိပုဂိ္ဂုလ်တို့ ရဲ့ လုပ်ဆောင် ချက်တွေကလည်း တစ် မျိုးကြီးလို့ပဲ သတ်မှတ်ရပြန်ပါပေဦးမယ်။

ဒီလိုအချက်တွေကြောင့်ပဲ မြန်မာ ပြည်ကို ယာမအသုံးပြုပြီး ကျွန်ဇာတ်သွင်းဖို့ ကြံရွယ်နေတဲ့ သူတွေရဲ့ အကွက်ချလုပ် ဆောင်မှုစနစ်ဆိုးတစ်ခုဟာ ပြည်သူတွေ ကြားထဲမှာ ဗိုင်းရပ်(စ်)ပိုးသဖွယ်စိမ့်ဝင် ပျံ့နှံ့နေ ပါပြီ။ မိုးကြိုးပစ်တာကို ထန်း လက်နဲ့ပဲကာနေတဲ့ လက်ရှိအစိုးရရဲ့ လုပ် ဆောင်ချက်တွေဟာ တစ်စုံတစ်ရာ မက သော မှားယွင်းမှုတွေရှိနေပြီဆိုတာကို ထောက်ပြချင်ပါတယ်။ ဘယ်နေရာမှာ ဘယ်လိုတွေမှား ယွင်းနေပါတယ်ဆိုတာ ကတော့ ဆိုင်ရာ၊ ဆိုင်ရာဒေသတွေမှာ တာဝန်ယူထားတဲ့ တာဝန်ရှိသူပုဂိ္ဂုလ်များ ရဲ့ အရေးသာလျှင်ဖြစ်သလို အောက်က ပြောသမျှ လက်ခံထားပြီးပြီးစလွယ်လုပ် ကြတဲ့ အထက်ပိုင်းက တာဝန်ရှိပုဂိ္ဂုလ် တွေမှာလည်း ပိုမိုတာဝန်ကြီးစွာရှိပါတယ် ဆိုတာကို မမြင်မသိသေးလို့ပဲဖြစ်ဖြစ်၊ မမြင်ချင် မသိချင်လို့ပဲဖြစ်ဖြစ်၊ မမြင်ချင် ယောင်မသိချင်ယောင်ဆောင်တာပဲဖြစ်ဖြစ် မြင်သိသွားကြစေဖို့ လက်တို့ လိုက်ရပါတယ်။

မြန်မာပြည်သူတွေကို ယာမဆိုတဲ့ မူးယစ်မင်းသားနဲ့ ဖြိုခွင်းဖို့ကြံနေတဲ့ ပုဂိ္ဂုလ် တွေရဲ့ အကြံအစည်ဟာ ဘာကိုဦးတည် နေတယ်ဆိုတာကတော့ ခပ်ရေးရေးစတင် မြင်နေရပါပြီ။ ဘယ်သူတွေက အဓိက လုပ်နေ တာလဲဆိုတဲ့ အချက်ကတော့ ကျန်ပါသေးတယ်။ ဒါကြောင့် ရောင်းချသူတွေ၊ သုံးစွဲ သူတွေရှိနေတာကို တင်ပြပြီးပြီမို့စီစဉ် ဆောင်ရွက်ဖို့ကတော့ တာဝန်ယူ ထားတဲ့ အဘတွေ၊ ဆရာတွေရဲ့ကိစ္စပဲမို့ အဘတို့ ဆရာတို့ဘာသာ ဘယ်လိုပဲလုပ်ကြလုပ် ကြ အကောင်း ဆုံးအထိရောက်ဆုံးဖြစ် အောင် အမြန်ဆန် ဆုံးဆောင်ရွက်ပေး စေချင်ပါကြောင်းနဲ့ တရားဝင်သုံးစွဲရန် အတွက်တော့ လွှတ်တော်ထဲမှာတင်သွင်း ပြီး ခွင့်ပြုတော်မမူလိုက်ကြပါနဲ့ အဘ ဆရာကြီးတို့ရယ်။

Hot News Weekly
01/01/1970

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...