Google Now ကိုယ်ရေးလက်ထောက်က ကားရပ်နားရာ နေရာကို မှတ်သားနိုင်ပြီ



Google က စမတ်ဖုန်းများ မှာ ကိုယ်ရေးလက်ထောက် Google Now ကို ထည့်သွင်းပေးထားပြီး ယခုအခါ Google Now က ကားရပ်နားရာ နေရာ ကို မှတ်သားပေးနိုင်ပြီ ဟု သိရပါသည်။ Google Now က ကားရပ်နားရာနေရာ ကို ကဒ် တစ်ခု ဖြင့် ပြသပေးမည် ဖြစ်ပြီး တည်နေရာ အတိအကျ ကို သိနိုင်ပါသည်။ ယခင် ကားရပ်နားခဲ့သည့် နေရာများ ကို ကြည့်ချင်လျှင် Previous Locations ကို နှိပ်ရမည် ဖြစ်သည်။ Google က အသုံးပြုသူ ၏ ကားရပ်နားရာ တည်နေရာများ ကို အခြား သူများ နှင့် Share ပြုလုပ်မည် မဟုတ်ဟု ကတိပေးပါသည်။

Google Now က စမတ်ဖုန်း ရှိ Sensor များကို အသုံးပြုပြီး ကားရပ်နားလိုက်သည် ကို သိရှိမှတ် သားပေးနိုင်ပါသည်။ ထို့အတွက် ကားအတွင်း မှ ထွက်ခွာသည်နှင့် Google Now က ကားရပ်နားရာ နေရာ ကို အလိုအလျှောက် မှတ်သားပေးမည် ဖြစ်သည်။ အဆိုပါ စွမ်းဆောင်ချက် ကို အသုံးမပြုချင်လျှင် Disable ပြုလုပ်နိုင်ပါသည်။

အခြား ပြောင်းလဲမှုများတွင် Reminder Interface အသစ်ပါရှိလာခြင်း၊ Settings အချို့ ကို အသံဖြင့် ဖွင့်နိုင်ခြင်း တို့ ဖြစ်ပါသည်။ ဖုန်း ရှိ Contact များကို Nickname များ ပေးနိုင်သည့် စွမ်းဆောင်ချက် သည် ယခင် ကတည်းက ပါရှိသော်လည်း ယခု Update တွင် အဆိုပါ Nickname များကို Settings ထဲတွင် စီမံခန့်ခွဲနိုင်ပြီဖြစ်သည်။

သူရ
Myanmar Digital Life Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...