စိတ်လွတ်ကိုယ်လွတ် ဟိုလျှောက်ဒီလျှောက်ဓလေ့ ပျောက်သွားတော့မှာလား


ကိုထိုက်

တွေးချင်ရာ တွေး၊ ငေးချင်ရာ ငေးပြီး စိတ်လွတ် ကိုယ်လွတ် လမ်းလျှောက်ခြင်း ဓလေ့ကို လူတွေ သိပ် မချစ်ကြ တော့ဘူးလား။ လမ်းလျှောက်ခြင်း သည် ဘ၀ စည်းစိမ် တစ်မျိုး ဖြစ်၏။ ယနေ့ အချိန်တွင် ကား တွေးချင်ရာ တွေး၊ ငေးချင်ရာ ငေးပြီး စိတ်လွတ် ကိုယ်လွတ် လမ်း လျှောက်ခြင်းကို လူတွေ အလုပ်နည်းလာကြပြီ။ အထူးသဖြင့် မြို့ပြ နေများ ထိုလမ်းလျှောက်နည်းနဲ့ အလှမ်းဝေး လာကြသည်။ ကားတွေ၊ စက်ဘီးတွေ၊ ဘတ်စ် ကားတွေ၊ ဓာတ်ရထားတွေ၊ ရထားတွေကို သာ အားကိုးပြီး လူတွေ တစ်နေရာက တစ် နေရာကို သွားလာနေကြသည်။

လမ်းလျှောက်သည့်ကိစ္စကို တမင် စီစဉ်ပြီး လုပ် ရသော အလုပ်တစ်ခု၊ ကျန်းမာရေး လိုက်စားသည့် အပြုအမူ၊ ၀ိတ်ကျစေသည့် လေ့ကျင့်ခန်း၊ ခန္ဓာကိုယ် ကျစ်လျစ်သွယ်လျ စေသော အမူအကျင့် အဖြစ်လောက်သာ သဘောထားပြီး လုပ်နေကြသည်။ ဒါတွေ အပြင် လမ်းလျှောက်ခြင်း ကနေ လူတွေ ရနိုင် တာ တစ်ခု ရှိသေးသည်။ စိတ်အေး လက်အေး စဉ်းစား တွေးတော ခွင့်ရခြင်း ဖြစ်၏။ အင်္ဂလိပ် ကဗျာ ဆရာ ၀ါ့ဒ်ဝါ့သ်သည် လမ်း လျှောက်သမားဖြစ်သည်။ သူဘ၀ အချိန်အတော်များများကို ကုန်ဆုံးခဲ့ရာ ရေကန် ရပ်ကွက်တွင် လမ်းလျှောက်ခြင်းက သူ့ကဗျာများအတွက် ကုန်ကြမ်း များ၊ တွန်း အားများ ဖြစ်စေခဲ့သည်။ အလှကို ခံစား၊ အတွေးမှာ နစ်မြောပြီး သူလမ်းလျှောက်သည်။ အင်္ဂလိပ် စာရေးဆရာ ချားလ် ဒစ် ကင်းလည်း လမ်း လျှောက်သမားဖြစ်သည်။ သူက ညပိုင်းမှာ လမ်းလျှောက်ရတာ ပိုကြိုက် သည်။ မိုင် (၂၀) လောက်ကို အသာလေး လျှောက်နိုင်သူ။ လမ်းလျှောက်ရင်း ဒစ်ကင်း တွေ့ခဲ့ ခံစားခဲ့ရသော လန်ဒန်လေ၏ အနံနင့် အရသာကို သူ့စာတွေမှာ ခံစားနိုင်သည်။ ဗာ ဂျီးနီယား ၀ုဖ်သည်လည်း စိတ်ခွန်အားအတွက် လမ်း လျှောက်သူ ဖြစ်သည်။ လန်ဒန်မြို့ နေအိမ်မှထွက်ပြီး မြို့တစ်ခွင် ဥယျာဉ်ပန်းခြံ တွေထဲ လမ်းလျှောက်လေ့ရှိသည်။ စိတ်လွတ် ကိုယ်လွတ် ဟိုတွေး ဒီတွေး နဲ့ လျှောက်သည်။ စာရေးဆရာလည်းဖြစ် သဘာ၀၀ါဒီ လည်းဖြစ်သော ဟင်နရီ ဒေးဗစ် သောရိုး လည်း လမ်းလျှောက် သမားကြီး ဖြစ်သည်။ ဂျော့ အိုဝဲ၊ တောမတ် ဒီ ကွင်စီ၊ ဖရက်ဒရစ် နစ်ရှေး၊ ဘရုစ် ချတ်ဝင်း၊ ဗလာဒီမာ နိုဘို ကော့ဗ်တို့သည်လည်း လမ်းလျှောက် သမားကြီး များဖြစ်သလို လမ်းလျှောက် ခြင်း ၏ ကောင်းကျိုးများကို ရေးသားဖော်ပြခဲ့သူများ ဖြစ်သည်။ လမ်းလျှောက်ခြင်း ကောင်းကျိုးကို သိဖို့ ကိုယ်တိုင်က စာရေးဆရာ တစ်ယောက် ဖြစ်စရာ မလို။ ယခုတင်ပြသည့် လမ်းလျှောက် ခြင်းသည်လည်း တစ်နေရာကနေ တစ်နေရာ ကို ရောက်ဖို့ လျှောက်သွားရခြင်းမျိုးကို မဆို လို။ ဘယ်ကို ရောက်ရ မည် မရည်ရွယ်ဘဲ လမ်း လျှောက်ခြင်းမျိုးကိုသာ ဆိုလိုသည်။

လမ်းလျှောက်မှု နည်းလာကြသည့်တိုင် လမ်းလျှောက်ခြင်း ကိုကား လူတွေ အလုံးစုံ မစွန့်လွှတ်သေး။ လေ့ လာမှု စစ်တမ်း တစ်ရပ် အရ ဗြိတိန်နိုင်ငံတွင် ခရီးသွားခြင်း တိုင်းတွင် လမ်းလျှောက် ရခြင်းသည်လည်း မပါမဖြစ် တစ်ခု ဟု သိရသည်။ ခရီးသွားခြင်း လေးပုံတစ်ပုံတွင် လမ်း လျှောက်ရခြင်းသည် အဓိက လုပ်ငန်းစဉ်အဖြစ် ပါဝင်နေသည်။ ခရီးတိုသွားခြင်းတွင်လည်း (၁၇) ရာခိုင်နှုန်း သည် ဘာရယ်မဟုတ် လမ်းလျှောက်ချင်၍ လျှောက်သွားခြင်းမျိုးဖြစ်ကြောင်း တွေ့ရ သည်။ ထိုသို့ ဘာရယ်မဟုတ် လမ်းလျှောက် ချင်၍ လျှောက်ခြင်းမျိုးသည် တွေးခေါ်သမား များ အကြိုက်တွေ့ သော လမ်းလျှောက်နည်း ဖြစ်သည်။ ဘယ်ကိုမှ ဦးမတည်ဘဲ ဘာရယ် မဟုတ် လမ်းလျှောက်နေရင်း စိတ်ကိုလည်း လွှတ်ပေးထားကာ တွေးချင် ရာ တွေး၊ ငေးချင် ရာ ငေးရင်း ကြုံရာကျပန်း စဉ်းစားရင်း မထင် မှတ်ထားသော အကြီးစား အိုင်ဒီယာကြီး များ ရတတ်ကြသည်။ ခြေထောက်နဲ့ ဦးနှောက်ဟာ တူတူ ခရီးသွားရတာ သဘောကျကြ တယ်။ ခြေထောက်က လျှောက်၊ ဦးနှောက်က တွေးရတဲ့ အရသာဟာ အလွန်ကောင်းတဲ့ အရသာပဲ။ လမ်းလျှောက် တာ ဟာ အာရုံတော့ နည်းနည်း စိုက်ရတယ်။ လမ်းလျှောက်တဲ့ နေရာကို လိုက်ပြီး အာရုံ နည်းနည်း စိုက်ရတာနဲ့ များ များစိုက်ရတာ ကွာနိုင်တယ်။ အေးဆေး တဲ့ နေရာမှာ လျှောက်မယ်ဆိုရင်တော့ အာရုံ နည်းနည်းပဲ စိုက်ရမှာ ဖြစ်ပြီး အချိန်တော် တော်များများဟာ စဉ်းစားဖို့ တွေးဖို့ ရလိမ့် မယ်။ လမ်းလျှောက် တော့ သွေးလှည့်ပတ်မှု ကောင်းတယ်။ သွေးလှည့်ပတ်မှုကောင်းလေ ဦးနှောက်ဟာ ဆန်းသစ် ဖန်တီးနိုင်လာလေ ပဲ””ဟု ပျောက်ဆုံးသွားသော လမ်းလျှောက် အနုပညာ” စာအုပ်ရေးသား သူ ဂေါ့ဖ် နစ် ကိုလ်ဆင်က ပြောသည်။ လမ်းလျှောက်နေရင် အာရုံတွေက ပြတ်သား လန်းဆန်းနေတယ်။ စာရေးဆရာ တစ်ယောက်အနေနဲ့ လမ်းလျှောက်ခြင်းကို ပြဿနာ ဖြေရှင်းပေးမယ့် နည်းတစ်ခုအနေ နဲ့ပါ ကျွန်တော် သုံးတယ်။ ဦးနှောက်သုံး စဉ်း စားပြီး ဖြေရှင်းရမယ့် ကိစ္စမျိုးကို စားပွဲမှာထိုင် စဉ်းစားမယ့် အစား လမ်းလျှောက်စဉ်းစားတာ ကျွန်တော့် အတွက် ပိုထိရောက်တယ်””ဟု နစ်ကိုလ်ဆင်က ပြောသည်။ နစ်ကိုလ်ဆင်သည် မော်တော်ကား အလွန်သုံးကြသော လော့စ်အိန်ဂျလိမြို့မှာ နေသည်။ လမ်းလျှောက်သူ ဟူသည် လူထူးဆန်းလို ဖြစ်နေ သော မြို့ဖြစ်သည်။ လမ်း လျှောက်သူများအတွက် အဆင်မပြေသော ကမ္ဘာ့ မြို့ကြီး အများအပြား ရှိသည်။ ဥပမာ မလေးရှားမြို့တော် ကွာလာလမ်ပူတွင် သိပ်မဝေးသော နှစ်နေ ရာကို လမ်းလျှောက်ဖို့ သည်ပင် အတော် စိတ်ရှည်ရ အာရုံစိုက် ရသော အလုပ်ဖြစ်သည်။ ကားရှုပ်သော လမ်းများမှာ ဂရုစိုက်ပြီး လျှောက်ရသည်။ မျဉ်းကြားမရှိ သော လမ်းတွေမှာ ဟိုကြည့် ဒီကြည့်နဲ့ ဖြတ် ကူးရသည်။ လမ်းလျှောက်မည်ဟု ပြောလျှင် ပင် အခြားသူများက ထူးဆန်းသလို ကြည့် ခြင်းကို ခံရမည်။ ကမ္ဘာ့ မြို့ပြ အများအပြား ကား အလားတူ ဖြစ်သည်။ စိတ်အေးလက် အေး စိတ်လွတ်ကိုယ်လွတ် လမ်းလျှောက်ရင်း စဉ်းစားခြင်း မပြုနိုင်။ တစ်ချိန်လုံး သတိ အနေအထားနဲ့ အာရုံစိုက်နိုင်မှ တော်ကာ ကျသည်။ မော်တော်ကား အဓိက၀ါဒီများ ရှိကြသည့် မြို့ပြများမှာ ပင် ဘာရယ်မဟုတ် ဟို လျှောက် ဒီလျှောက်လုပ်ခြင်း၏ အကျိုးကား ကျိန်းသေရှိသည်။

မြို့ပြမှာ ကြည့်စရာတွေ အများကြီး။ မြို့ပြကို တူးဆွတယ်ပေါ့ဗျာ။ ဘာရယ်မဟုတ် ဟိုလျှောက် ဒီလျှောက် လုပ်ပြီး မလျှောက်ဖူး သေးတဲ့ လမ်းကြားလေးတွေ၊ လမ်းထောင့် လေးတွေထဲ ကျွန်တော် လျှောက်သွား တယ်။ မထင်မှတ်ဘဲ စိတ်ကူးသစ်လေးတွေ ရလာ တတ်တယ်၊ စိတ် လည်း လန်းဆန်းတယ်”” ဟု နစ်ကိုလ်ဆန်က ဆိုသည်။ ထိုသို့ လမ်း လျှောက်ခြင်းကို “ပတ်ဝန်းကျင် ခံစားရင်း လမ်းလျှောက်ခြင်း”ဟု နစ်ကိုလ်ဆင် က နာမည် ပေးထားသည်။ ထိုသို့ စိတ်ကိုလွှတ်ကာ ဘာရယ်မဟုတ် လမ်းလျှောက်ခြင်းတွင် မမျှော် လင့်ဘဲ ရောက်လာမည့် အကျိုးရလဒ်လည်း များစွာ ရှိသည်။ ကိုယ်က စောင့်နိုင်ဖို့သာ လိုသည်။ သို့သော် လူအတော်များများကာ စောင့် ဖို့ စိတ်မရှည်။ ဘာရယ်မဟုတ် ဟိုလျှောက် ဒီလျှောက် လုပ်ခြင်းကို လည်း အချိန်ဖြုန်း ခြင်း သက်သက်ဟု သတ်မှတ်သူများလည်း ရှိသည်။ အလုပ်မှာ၊ လမ်းပေါ်မှာ အချိန် ကုန် နေသူများက ထိုသို့ ဘာရယ်မဟုတ် ဟို လျှောက် ဒီလျှောက် လုပ်မည့် အချိန်နေရာမှာ မိသားစု အတွက်၊ အခြား အပျော်များ အတွက်သာ အချိန်သုံး လိုက်ချင်ကြသည်။ ဘာရယ်မဟုတ် ဟိုလျှောက် ဒီလျှောက် လုပ်ခြင်းသည် အချိန် ဖြုန်းခြင်းဖြစ်သောကြောင့် အခြားလုပ်စရာ များနဲ့ အစားထိုးရမည့် အပြုအမူတစ်ခုဟု သတ်မှတ်တတ်ကြဟု “ဟိုသွား ဒီသွား လုပ်ချင် စိတ်၊ လမ်းလျှောက်ခြင်း သမိုင်း” ဟူသော စာအုပ်ကို ရေးသား ထားသည့် ရေဘတ်ကာ ဆိုးလ်နစ် က ပြောသည်။ ယနေ့ အင်တာနက် ခေတ် စမတ်ဖုန်း ခေတ်ကျမှ ပေါ်လာသည့် လမ်းလျှောက်စတိုင် သစ်ကား “ဖုန်းကြည့်ပြီး လမ်းလျှောက် ခြင်း” ဖြစ်သည်။ ထိုသို့ လမ်းမ ကြည့် ဘဲ ဖုန်းကြည့် လျှောက်ခြင်းကြောင့် လမ်းသွားရင်း ထိခိုက် ဒဏ်ရာရခြင်းမှသည် သေဆုံးခြင်းများထိ ရှိလာသည်။ လမ်းသွားရင် စမတ်ဖုန်းက မြေပုံ မကြည့်ဘဲ မသွားတတ်တော့သည့် လူက လည်း များသထက် များလာသည်။ လမ်းကို ကြည့်မသွား၊ စမတ်ဖုန်း မှာ ပြနေသော လမ်း မြေပုံကိုသာ ကြည့်ပြီး တကုန်းကုန်း သွား သည်။ ခလုတ်တိုက်မှာလောက် လူဝင် တိုက် မှာလောက် ကားတိုက်ခံရမှာလောက် ရှောင်ရန်သာ ခေါင်းမော့ကြည့်ကြသည်။ အမှတ် (၁) နေရာ ကနေ အမှတ် (၂) နေရာရောက် အောင် စမတ်ဖုန်းမြေပုံကြည့်မှ သွားတတ်တဲ့ လူစားတွေ များသထက် များလာနေပြီ။

လူတွေ အပြင်ထွက်ပြီး စိတ်လွတ် ကိုယ်လွတ် လမ်းလျှောက်ကြစေချင်တယ်။ ဘာကိုမှ စိတ်ပူပန် မနေဘူး။ လမ်းလျှောက် ရင်း ကြုံ လာ ခံစားလာရတဲ့ ပြင်ပ သက်ရောက် မှု၊ စိတ်ထဲ ပေါ်လာတဲ့ လတ်တလော ခံစားရ မှုလေးတွေကိုသာ အာရုံစိုက်ထားမယ်။ လမ်း လျှောက်တဲ့ အလုပ်မှာပဲ စိတ်ကို နှစ်မြှုပ်ပြီး လျှောက်ကြ မယ်ဆိုရင် စိတ် ငြိမ်းချမ်းခြင်း လည်း ရလာကြမယ်။ အဲ့လိုဆိုရင် ကိုယ်လုပ် နေတဲ့ အလုပ်မှာပဲ စိတ်က ရှိပြီး အာရုံစူး စိုက် နိုင်စွမ်းပါ ပိုကောင်းလာမယ်””ဟု နစ်ကိုလ် ဆန်က ပြောသည်။ လမ်းလျှောက်ရင်း သီချင်း နားမထောင် ဘူး။ ရေဒီယို နားမထောင်ဘူး။ အသံ ထွက် စာအုပ် နားမထောင်ဘူး။ အဖော်တောင် မခေါ် ဘူး။ တစ်ယောက်တည်း လျှောက်ပြီး တစ်ယောက်တည်း ငြိမ်းချမ်းမယ်။ ဦးတည်ချက်မဲ့ လမ်း လျှောက်ရာ တွင် အဖော်တစ်ယောက်နဲ့ စကားပြောခြင်းသည် ပင် ပျော်ရွှင်မှုကို ပျက်စေ၏။ အကယ်၍ အဖော်ခေါ်လို လျှင်လည်း ရင်ထဲက ကြည်နူး ခံစား ချက်ကို မျက်လုံးတစ်ချက် ကြည့်ရုံ၊ ခေါင်းတစ်ချက် ညိတ်ပြရုံ၊ တစ်ချက်လောက် မေးငေါ့ပြရုံလောက်နဲ့ နားလည်နိုင်မည့် လူချင်းသာ လျှောက်သင့်သည်။ သို့မှသာ ဘာရယ်မဟုတ် ဟိုလျှောက် ဒီလျှောက်လုပ် ခြင်းမှ ကြည်နူးခံစားချက်ကို အပြည့်အ၀ ရမည်။ စိတ်ကူးကောင်းများ ၀င်လာခွင့် ရမည်။ စိတ်လွတ် ကိုယ်လွတ် လမ်းလျှောက် ခြင်းဆိုင်ရာ အကြံပြုချက်များ ကို အနှစ်ချုပ် လိုက်လျှင် အောက်ပါ အချက်များ ရသည်။

- ဘယ်ကိုလျှောက်မယ်ရယ် သတ်မှတ်မထား ဘဲ လျှောက်နိုင်သမျှ လျှောက်သွားဖို့။

- လမ်းလျှောက်ရင်း ဖုန်း မသုံးဖို့။

- လမ်းလျှောက်ရင်း သီချင်း နားမထောင်ဖို့။

- တစ်ယောက်တည်း လျှောက်။

- လမ်းလျှောက်ကောင်းမည့်နေရာလေးတွေ ရှာထား။

- စိတ်ဖိစီးစရာများ မတွေးဘဲ ပစ္စုပ္ပန် ကြုံလာ ရတာများသာ အာရုံထားပြီး စိတ်ပေါ့စွာ လျှောက်။

တစ်ကိုယ်တော် လွတ်လပ်စွာ၊ လူမသိ သူမသိစွာ ဟိုလျှောက် ဒီလျှောက် လျှောက် ကြည့်ခြင်းဖြင့်သာ ကိုယ့်ပတ်ဝန်းကျင်က လူသား ဘ၀ များစွာ ကို ရှာဖွေတွေ့ရှိလာမည်”” ဟု “ခရီးသည်ကြီးနှင့် လမ်းလျှောက်ခြင်း သမိုင်း” ဟူသော စာအုပ်ကိုရေးသားသူ ရေ ဘတ်ကာ ဆိုလ်နစ်က ဆိုသည်။

Ref: The slow death of purposeless walking by Finlo Rohrer (BBC)

The Messenger

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...