အိမ်ထောင်ရေးပြဿနာကြောင့် လမ်းပေါ်မှာ တွေ့သမျှကို ကားနဲ့လိုက်တိုက်

ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က တရုတ်နိုင်ငံ Fuzhou Minhou မှာ ဖြစ်ပျက်ခဲ့တာပါ... အသက် ၃၇ နှစ် အရွယ် တရုတ်အမျိုးသား Lin Jianxin ဆိုသူဟာ အိမ်ထောင်းရေး ပြဿနာတခုကြောင့် စိတ်ထိမ်းမနိုင်ဖြစ်ကာ လမ်းပေါ်ရှိ မဆိုင်တဲ့ လူတွေရော ပစ္စည်းတွေပါမကျန် တွေ့သမျှအရာအားလုံးကို ကားနဲ့ လိုက်တိုက်ခဲ့တယ် လို့ ဆိုပါတယ်... ယခုအချိန်အထိ သေဆုံးသူ အရေအတွက်ဟာ ကလေးငယ် ၃ ဦးအပါအ၀င် စုစုပေါင်း ၆ ဦးနဲ့ ဒဏ်ရာရရှိသူကတော့ ၁၃ ဦး ရှိသွားပြီလို့ ရဲတွေက ဆိုပါတယ်..  အပြစ်ကျူးလွန်တဲ့ ကားသမား ကိုတော့ ရဲတွေက ဖမ်းမိထားပြီး ဒဏ်ရာရတဲ့ သူတွေအတွက် အရေးပေါ်ဆေးကုသမှုနဲ့ အခင်းဖြစ်စဉ်ကို ဆက်လက် စုံးစမ်းနေပါတယ်...


Beijing Times:"မိန်းမထံကနေ ငွေကို အဆက်မပြတ် တောင်းတယ်... ဇနီးဖြစ်က ငြင်းဆန်တော့ ပြန်ပေး ဆွဲမယ်ဆိုပြီး ခြိမ်းခြောက်တယ်...”

ယခုဖြစ်စဉ်ကို ပြန်ကြည့်ရင်... ဒီဇနီးမောင်နှံ ၂ ယောက်ဟာ လက်ထပ်ပြီးကတည်းက အိမ်ထောင်းရေး အဆင်မပြေ ဖြစ်နေပြီး ၃ နှစ်လုံးလုံး တကွဲတပြားစီ ဖြစ်နေကြတယ်လို့ ဆိုပါတယ်... သူတို့မှာ အသက် ၇ နှစ်အရွယ် သမီးလေး တယောက်လည်း ရှိပါတယ်... ဧပြီလ ၂၈ ရက်နေ့မှာတော့ Lin Jianxin နဲ့ ဇနီးဖြစ်သူဟာ တရားရုံးမှာလာပြီး ကွာရှင်းပြတ်စဲခဲ့ပါတယ်... ကွာရှင်းလို့အပြီး တရားရုံးကနေ ထွက်လာပြီး တဲ့နောက် Lin ဟာ ဇနီးဘက်က မိသားစု ပိုင်ကားကို စတင် မီးရှို့ခဲ့တယ်လို့ သတင်းက ဆိုပါတယ်... အဲဒီနောက် ငှားလာတဲ့ကားနဲ့ တရားရုံးကအပြန် လမ်းပေါ်မှာ တွေ့သမျှကို အကုန်လုံးသိမ်းကျုံးပြီး လိုက် တိုက်ခဲ့တာပါ...

ကားအတိုက်ခံရပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတဲ့ မူလတန်းကျောင်းသားလေးရဲ့ ကျောင်းကျောပိုး အိတ်တလုံး...

အခင်းဖြစ်ပွားတဲ့အထဲမှာ ဓားစာခံဖြစ်သွားတဲ့ မိသားစု ၄ ယောက်ကတော့ အတော်လေး ကံဆိုးရှာပါ တယ်... မိသားစု ၄ ယောက်မှာ ၃ ယောက်က သေပြီး... ၇ လသားအရွယ် ကလေးငယ် ၁ ယောက် ကတော့ ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လို့ ဆိုပါတယ်... အခုဆိုရင် ဒီကလေးငယ်လေးမှာ မိဘတွေ မရှိတော့ပါဘူး... သူဟာ မိဘမဲ့ဖြစ်သွားပါပြီ...


လမ်းတွေပေါ်မှာ ကျောင်းကျောပိုးအိတ်၊ ဖိနပ်တွေနဲ့ ကျောင်းစာအုပ်တွေဟာ လူသွားလမ်းပေါ်မှာ ပြန့်ကြဲနေ ဆဲ...

ဒေသခံတယောက်ဖြစ်တဲ့ Lin Huansheng ဆိုသူဟာ အခင်းဖြစ်တဲ့အချိန် အိမ်မှာ ရှိနေပါတယ်... သူက လမ်းပေါ်မှာ အသံတွေကို ကြားလို့ အိမ်အပြင်ကို ပြေးထွက်ကြည့်လိုက်တော့ လမ်းဘေးမှာ ကလေး ငယ်လေးတယောက်  သွေးအိုင်ထဲ လဲနေတာကို တွေ့လိုက်ရတယ်လို့ ပြောပါတယ်... ကားကတော့ တိုက်ပြီး အဝေးကို အရှိန်နဲ့ မောင်းထွက်သွားပါတယ်... အဲဒီနောက် သူ အနောက်ဘက်ကို တချက်ဝေ့ပြီး လှည့်ကြည့်လိုက်တဲ့အချိန်မှာ လမ်းပေါ်မှာ ကလေးငယ် အတော်များများ လဲကျနေတာကို တအံ့တသြ တွေ့ လိုက်ရတယ်လို့ ဆိုပါတယ်... လဲကျနေတဲ့ ကလေးငယ်တယောက်ကို ပွေ့ထူပြီး တစုံတရာ ထူခြားလာ မလားလို့ ကြိုစားကြည့်ပါသေးတယ်... ဒါပေမဲ့ ကလေးကတော့ အသက်မရှိတော့ပါဘူး... သူနေတဲ့ လမ်းအနီးတ၀ိုက်မှာဆိုရင် စုစုပေါင်း ၆ ဦး အတိုက်ခံရတယ်လို့ ပြောပါတယ်... ဒီထဲမှာ မြေး ၃ ယောက် ကို ကျောင်းကြိုပြီး ပြန်လာတဲ့ အဖွားတစ်ယောက်လည်း အပါအ၀င် ဖြစ်ပြီး သူတို့ဟာ အိမ်ရောက်ဖို့ ၁၀ မီတာကျော်ကျော်လေးမှာ အခုလို ဖြစ်သွားတာပါ... သေဆုံးသွားတဲ့ ကလေးတွေကတော့ အိမ်နီးနားချင်းက ကလေးတွေဖြစ်ပြီး သူတို့နဲ့အတူ ကျောင်းကနေ လမ်းလျှောက် ပြန်လာကြတာ ဖြစ်ပါတယ်... ကလေး ၃ ယောက်ရဲ့ မိဘတွေဆိုရင် တောင်အာဖရိကမှာ အလုပ်လုပ်နေကြတာ ဖြစ်ပြီး ဒီသတင်းကြားကြား ချင်း နိုင်ငံခြားကနေ အလျင်စလို ပြန်လာခဲ့ကြတယ်လို့ သိရပါတယ်...

ကားတိုက်ခံရတဲ့ အဖွားအိုတစ်ဦး...







အတိုက်ခံရတဲ့ ဆိုင်ကယ်တွေ... စက်ဘီးတွေ...
 


လမ်းတွေပေါ်မှာ စွန်းထင်နေတဲ့ သွေးတွေ...

အုတ်နံရံတွေပါ မကျန်...

ပျက်စီးနေတဲ့ ကားတွေ...



နောက်ဆုံးတော့ တရားခံကို ၀ိုင်းဖမ်းလိုက်ကြပြီ....

Ref: ChinaSmack/ http://lwanmapyay.blogspot.com/ ကိုမျိုး

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...