ကာကွယ်ဆေးထိုးထားသည့် အသားကို သတ်မှတ်ရက်မတိုင်မီ စားသုံးမိပါက အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ထိခိုက်နိုင်

 
photo;noti-rio.com.ar
 
ရောဂါကာကွယ်ဆေးထိုးထားသော တိရစ္ဆာန်များ၏ အသားကို သတ်မှတ်ရက်မတိုင်မီ စားသုံးမိပါက ပြည်သူ များအနေ ဖြင့် အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ကျန်းမာရေးထိခိုက်နိုင်ကြောင်း သတင်းရရှိသည်။

တိရစ္ဆာန်များ၌ရှိသော ကပ်ပါးရောဂါများကို နှိမ်နင်းရန် အတွက် ဆေးတိုက်သည့်အခါ၊ ကာကွယ်ဆေးများ ထိုးသည့်အခါ ၎င်းတိရစ္ဆာန်များ၏အသားကို ထိခိုက်လာသည်။ ထိုမှတစ်ဆင့် စားသုံးသူများကို ထိခိုက်နိုင်သောကြောင့် ဆေးထိုးပြီးအသားများကို သတ်မှတ်ရက် ၁၀ ရက်ကျော်မှ စားသုံးသင့်ကြောင်း သတင်းရ ရှိသည်။

‘‘ကာကွယ်ဆေးဆိုတာက ရောဂါပိုးအားလုံးအတွက် ဖော်စပ်ထားတာမို့ ထိုးပြီး ၁၀ ရက် ကျော်လောက်မှ စားရင် ပိုစိတ်ချရတယ်။ သူက ရောဂါပိုးအရှင်၊ အသေတွေနဲ့ ဖော်စပ်ထားတဲ့အတွက် အဲဒီရောဂါပိုးတွေ ကတော့ ရှိနေမှာပဲ။ ဒီတော့ စားတဲ့သူတွေအနေနဲ့ ကျန်းမာရေးတွေ ထိခိုက်နိုင်တယ်။ ပြီးတော့ မကူး စက်နိုင်တဲ့ ရောဂါပိုးဆိုရင် အကြောင်းမဟုတ်ဘူး။ ဥပမာ တိရစ္ဆာန်ကတစ်ဆင့် လူကို ကူးစက်နိုင် တဲ့ ဒေါင့်သန်းလိုမျိုးဆိုရင် အသက်အန္တရာယ်စိုးရိမ်ရတယ်’’ ဟု တိရစ္ဆာန်ကုဆရာဝန် ဒေါက်တာထွန်းမြင့်က ဆိုသည်။

တိရစ္ဆာန်မှတစ်ဆင့် လူကို ကူးစက်စေနိုင်သည့် ဒေါင့်သန်း ကဲ့သို့သော ရောဂါပိုးသည် တိရစ္ဆာန်များတွင် ကပ်ငြိနေရာ အသားများကို သယ်ယူရာ၌ တိရစ္ဆာန်သွေးများမှတစ်ဆင့် လူကိုကူးစက်စေနိုင်သည်။ ထို့အပြင် ရောဂါလက္ခဏာမပြဘဲ ၎င်းအသားကို စားသုံးမိပါက လူ၏ အသက်အန္တရာယ်ကို ထိခိုက်စေ နိုင် သည့် ကူးစက်မှုနှုန်း မြန်ဆန်သော ရောဂါပိုးတစ်မျိုးဖြစ်ကြောင်း သိရသည်။

‘‘ဒေါင့်သန်းရောဂါက လူကို ကူးစက်တတ်တဲ့ ရောဂါတစ်ခုဖြစ် တယ်။ ကူးစက်ပြီဆိုတာနဲ့ လူကို သေစေနိုင် တယ်။ စားသုံးမိရင် လည်း ကူးစက်တာမြန်တယ်။ အသားတွေကို ဒီအတိုင်းကိုင်ပြီး သယ်ယူတာဆို လည်း သွေးကတစ်ဆင့် ကူးစက်တယ်။ ကာကွယ်ဆေးမရှိဘူး’’ဟု မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ဆွေက ပြောသည်။

ထို့အပြင် အကျိုးဆက်အနေဖြင့် တိရစ္ဆာန်များ၌ ထိုင်းမှိုင်း သော လက္ခဏာများတွေ့ရပြီဆိုပါက အသားဈေး ကွက်များ ပိတ်ရခြင်းကြောင့် ဒေသတစ်ခုလုံး၏ စီးပွားရေးချွတ်ခြုံကျလာခြင်း၊ ပြည်ပသို့ တင်ပို့ရောင်းချရာ၌ လည်း ယင်းနိုင်ငံများက ရောဂါပိုး သန့်ရှင်းမှုကို အဓိကထား ဝယ်ယူကြသည့်အတွက် ပြည်ပဈေးကွက်ပါ ထိခိုက်လာနိုင်ကြောင်း သိရသည်။

‘‘ဒါကြောင့် သဘာဝနည်းအတိုင်း မွေးဖို့လိုတယ်။ တိရစ္ဆာန် တွေကို ကပ်ပါးရောဂါဒဏ်ခံနိုင်အောင်လို့ သန့်ရှင်းတဲ့ရေနဲ့ အာဟာရဓာတ်တွေကို မျှတအောင် ကျွေးဖို့လိုတယ်။

ဒါမှ ပြည်ပပို့တဲ့အခါမှာလည်း ဈေးကောင်းရမယ်။ ရောဂါလည်း ကင်းမယ်’’ဟု အာရှဒေသ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူ နည်းပညာပံ့ပိုးမှုအစီအစဉ်မှ ကျွမ်းကျင်ပညာရှင် Mr.Robert Spencer က အကြံပြုပြော ဆိုသည်။

7Day Daily
No.381 Saturday, May 17, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...