နန်ကျင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ် ပညာသင်ဆု လျှောက်ထားနိုင်



တရုတ်နိုင်ငံရှိ နန်ကျင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်တွင် ပညာသင်ယူရန် မြန်မာနိုင်ငံအပါအဝင် နိုင်ငံ တကာမှ ထူးချွန်ကျောင်းသားများ ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း သပြေပညာရေးဖောင် ဒေးရှင်းမှ သတင်းရရှိသည်။

သိပ္ပံနှင့်နည်းပညာဘာသာရပ်များသင်ယူမည့် ကျောင်းသားများအား ဒီဂရီဘွဲ့၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ များအတွက် ပညာသင်ဆုပေးအပ်မည်ဖြစ်ပြီး ဇူလိုင် ၁၀ ရက်နောက်ဆုံးထား၍ ပညာသင်ဆုလျှောက် ထားနိုင်သည်။

ပညာသင်ဆုအစီအစဉ်အတွက် ကျောင်းလခ၊ နေထိုင်စားသောက်စရိတ်၊ ကျန်းမာရေး အာမခံစ သည့် ထောက်ပံ့မှုများပေးအပ်သွားမည်ဖြစ်ပြီး ပါရဂူဘွဲ့အတွက် ၂ နှစ်ခွဲနှင့် ဒီဂရီဘွဲ့အတွက် လေးနှစ် ကြာ မြင့်မည်ဖြစ်သည်။

ပါရဂူဘွဲ့လျှောက်ထားသူများအနေဖြင့် အသက် (၄၀) နှစ်အောက်၊ မဟာဘွဲ့လျှောက်ထားသူများ အနေဖြင့် အသက် (၃၅) နှစ်အောက်နှင့် ဒီဂရီဘွဲ့လျှောက်ထားသူများအနေဖြင့် အသက် (၂၈) နှစ် အောက်ဖြစ်ရန် သတ်မှတ်ထားသည်။

ပညာသင်ဆုရွေးချယ်ခံရသူများသည် နန်ကျင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ် လက်အောက်ရှိ ကျောင်း ၁၃ ကျောင်းတွင် ဘာသာရပ်အမျိုးမျိုးကို ရွေးချယ် သင်ယူနိုင်မည်ဖြစ်ပြီး အချို့ဘာသာရပ်များသည် တရုတ် ဘာသာဖြင့် သင်ကြားခြင်းဖြစ်သည်။

နန်ကျင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်ပညာသင်ဆုလျှောက်ထားလိုသူများအနေဖြင့် အသေးစိတ် အချက်အလက်များကို http://www.csc.edu.cn/laihua/universityscholarshipdetailen.aspx?-collegeld=56&;id=105 တွင် အသေးစိတ် ဝင်ရောက်ကြည့် ရှုနိုင်သည်။

7Day News Journal
Vol.13, No.10, May.14, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...