ကိုယ်ဝန်ဆောင် နေစဉ်အတွင်း ပြင်းထန်တဲ့ အလေးမ လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့တဲ့သူ

အေသင်အောင်

အမေရိကန် ပြည်ထောင်စု၊ အရီဇိုးနား ပြည်နယ်မှာ နေထိုင်တဲ့ အသက်(၃၃) နှစ် အရွယ်ရှိ မက်ဂီဟန်းဟာ ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်းမှာ ပြင်းထန်တဲ့ အလေးမ လေ့ကျင့်ခန်း တွေကို ပြုလုပ်ခဲ့ပါတယ်။

ကိုယ်ဝန်ဆောင် မိခင်တွေဟာ သင့်တင့်လျောက်ပတ်တဲ့ လေ့ကျင့်ခန်း တွေကိုသာ ပြုလုပ်တတ် ကြပေမယ့် အလေးမပြားကြီး တွေကို “မ”ပြီး ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကိုတော့ ပြုလုပ်လေ့ မရှိပါဘူး။ ဒါပေမဲ့ မက်ဂီဟန်း ကတော့ မမွေးဖွားမီ နှစ်ရက်အလိုအထိ လေ့ကျင့်ခန်းတွေ လုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အ ပြင် မက်ဂီဟန်းဟာ မွေးဖွားခါနီးမှာ သူ “မ” နေကျ အလေးချိန်ထက် ပိုတဲ့ အလေးမပြား တွေကို “မ” ခဲ့တယ်လို့ သိရပါတယ်။ မက်ဂီဟန်းဟာ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေပြုလုပ် ခဲ့ပေမယ့် မွေးဖွားခဲ့တဲ့ ကလေးငယ်အပေါ် ဘယ်လိုထိခိုက်မှုမှ မဖြစ်ခဲ့ပါဘူး။ မက်ဂီဟန်း ရဲ့ ကလေးငယ်ဟာ (၆)ပေါင်နဲ့ (၁၁) အောင်စ ရှိပြီး ပြီးခဲ့တဲ့ မေလ(၃) ရက်မှာ မွေးဖွားခဲ့ခြင်း ဖြစ်ပါတယ်။

မက်ဂီဟန်းဟာ ရက်သတ္တပတ် တစ်ပတ်လျှင် လေးကြိမ် အလေးမ လေ့ကျင့်မှုတွေကို လုပ်လေ့ရှိပြီး တစ်နေ့ ကို လေးနာရီခန့် လမ်းလျှောက် ထွက်လေ့ရှိပါတယ်။ မက်ဂီဟန်းဟာ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက် နာပြီး လေ့ကျင့်ခန်းတွေ လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ကလေးငယ် မွေးဖွားပြီးနောက် သီတင်းသုံး ပတ်အတွင်းမှာ အလေး“မ”လေ့ကျင့်ခန်းတွေကို ပြန်လည် ပြုလုပ်သွားမယ်လို့ မက်ဂီဟန်းက ဆိုခဲ့ပါတယ်။ မက်ဂီဟန်းဟာ ကိုယ်ဝန်ဆောင် ကာလအတွင်း ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ပေမယ့် ဘာရောဂါဝေဒနာမှ ခံစားရ ခြင်းမရှိဘဲ ကလေးငယ်ကို ကျန်းမာသန်စွမ်းစွာ မွေးဖွားနိုင်ခဲ့တယ်လို့ သိရပါတယ်။

The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...