စမတ်ဖုန်းဖြင့် ထိန်းချုပ်နိုင်သော မောင်းသူမဲ့ ယာဉ်ပျံငယ် မကြာခင် ဈေးကွက်ဝင်မည်


ဆန်ဖရန်စစ္စကို

စမတ်ဖုန်းဖြင့် ထိန်းချုပ်နိုင်မည့် မောင်းသူမဲ့ ယာဉ်ပျံငယ်ကို ကြိုးမဲ့နည်းပညာ ပစ္စည်း ကုမ္ပဏီ Parrot က ယခုနှစ်ကုန်ပိုင်းတွင် ဈေးကွက်တင် ရောင်းချတော့ မည်ဖြစ်ကြောင်း သိရသည်။ ယာဉ်ပျံငယ်တွင် အရည် အသွေးမြင့် ကင်မရာ ပါဝင် သောကြောင့် လူနေအိမ်ခြေများနှင့် ပတ်ဝန်းကျင် မြင်ကွင်းများကို ကောင်း ကင်မြင်ကွင်းမှ ကြည့်လိုသူများ အထူး နှစ်ခြိုက်ဖွယ် ရှိသည်။

Bebop Drone ဟု အမည်ပေးထားသည်။ ရောင်းချမည့် ဈေးနှုန်းကိုမူ ကုမ္ပဏီက ကြေညာခြင်း မရှိသေး။ ထိုယာဉ်ပျံငယ်ကို ဆန်ဖရန်စစ္စကို မိတ်ဆက် ပြသခဲ့သည်။

““ငှက်တစ်ကောင်ရဲ့ မြင်ကွင်းမျိုးကို ခံစားနိုင်ကြမှာ ဖြစ်ပါတယ်”” ဟု Parrot ကုမ္ပဏီ ထူထောင်သူ ဟန်နရီဆေးဒေါ့က ပြောသည်။ ထိုယာဉ်ပျံငယ်ကို အိုင်ဖုန်း၊ အိုင်ပတ်၊ အန်းဒရွိုက်ဖုန်းများ တဲဘလက် များ ဖြင့် ထိန်းချုပ် နိုင်ပြီး ယာဉ်ပျံငယ်က ရိုက်ကူး ပေးပို့သော အရည်အသွေးမြင့် မြင်ကွင်းများကို ဖန်သားပြင်တွင် မြင်နိုင်မည် ဖြစ်သည်။

ဖုန်းနှင့် ယာဉ်ပျံငယ်ကို ၀ိုင်ဖိုင် စနစ်ဖြင့် ချိတ်ဆက်နိုင်သည်။ မီတာ ၃၀၀ အတွင်း ချိတ်ဆက် ထိန်းချုပ်နိုင် သည်။ ယာဉ်ပျံငယ် သည် ၂ ဒသမ ၂ ပေါင်သာ လေးသည်။

ထိုယာဉ်ပျံငယ်ကို သုံး၍ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် ချိုးဖောက် လာနိုင်သလို လေကြောင်း ပျံသန်း လုပ်ငန်း များကိုလည်း အနှောင့်အယှက် ဖြစ်လာနိုင်ကြောင်း ဝေဖန်မှု များလည်း ထွက်ပေါ် နေသည်။

Source: BBC
The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...