ခန္ဓာကိုယ် အပူချိန်မှ စွမ်းအင်ထုတ်လုပ်ရန် တောင်ကိုရီးယား သုတေသီများ စမ်းသပ်



ခန္ဓာကိုယ်တွင် ဝတ်ဆင်ရသည့် စမတ်အသုံးအဆောင် နည်းပညာ ထွန်းကားလာခြင်းနှင့်အတူ တောင် ကိုရီးယားမှ သုတေသီများက ခန္ဓာကိုယ်အား စွမ်းအင်ထုတ်လုပ်သည့် စက်ကိရိယာ တစ်ခုအနေဖြင့် အသုံးပြုမည့် နည်းလမ်းကိုပါ တီထွင်ဖန်တီးနေပြီ ဖြစ်သည်။ အမျှင်ဓာတ်ကို အခြေခံ တည်ဆောက်သည့် Generator တစ်မျိုးကို တောင်ကိုရီးယားနိုင်ငံမှ ပညာရှင်များက ဖန်တီးစမ်းသပ်လျှက် ရှိသည်။ ယနေ့ခေတ် တွင် ခန္ဓာကိုယ်၌ ဝတ်ဆင်ရသော လက်ပတ်နာရီ၊ လက်စွပ်နှင့် မျက်မှန်ကဲ့သို့ စမတ်ကိရိယာများ၌ အဓိက ပြဿနာ တစ်ရပ်မှာ စွမ်းအင်ထုတ်လုပ်သည့် အစိတ်အပိုင်းအတွက် တည်ဆောက်မှု ကြီးကြီး မားမား နေရာပေးရခြင်း ဖြစ်သည်။



ထိုအခြေအနေတွင် တောင်ကိုရီးယား သုတေသီများက ခန္ဓာကိုယ် အပူချိန်ကို စွမ်းအင်အဖြစ် ပြောင်းလဲထု တ်လုပ်ပေးနိုင်မည့် စမတ်နည်းပညာ တစ်ရပ်ကို စမ်းသပ်နေခြင်း ဖြစ်သည်။ ပတ်ဝန်းကျင် လေထုနှင့် ခန္ဓာကိုယ် အပူချိန်တို့ကြား ခြားနားမှုကိုလိုက်၍ ယင်းနည်းပညာက စွမ်းအင်ကို စုဆောင်း ထုတ်ယူပေး မည် ဖြစ်သည်။ အဆိုပါ နည်းပညာ အောင်မြင်သွားပါက ခန္ဓာကိုယ်တွင် ဝတ်ဆင်ရသည့် စမတ်အသုံး အဆောင် ကိရိယာများ ခေတ်မီကောင်းမွန်လာစေရေးအတွက် အဓိက အထောက်အပံ့တစ်ခု ဖြစ်လာနိုင် သည်။ ကိုရီးယား ခေတ်ရှေ့ပြေး သိပ္ပံနှင့် နည်းပညာ တက္ကသိုလ် (KAIST)မှ ပညာရှင်များသည် လူ့ခန္ဓာကိုယ် အပူချိန်မှတစ်ဆင့် စွမ်းအင်ထုတ်လုပ်ပြီး စမတ်ကိရိယာများအတွက် အထောက်အပံ့ပြုမည့် နည်းပညာအား ထဲထဲဝင်ဝင် စမ်းသပ်နေခြင်း ဖြစ်သည်။



ဦးဆောင်သုတေသီ တစ်ဦးဖြစ်သည့် ပရော်ဖက်ဆာ ချိုဗြောင်ဂျင်က ကွေးညွတ်နိုင်သည့် Thermoelectric Generator တစ်မျိုးကို စမ်းသပ်တီထွင်လျှက် ရှိသည်။ ယင်းသည် ခန္ဓာကိုယ်တွင် တွယ်စပ်တပ်ဆင်နိုင် မည့် နှလုံးခုန်နှုန်း ညွှန်ပြစက်၊ စမတ်မျက်မှန်များ အပါအဝင် အခြားသော ကိရိယာငယ်များကို အားဖြည့်ထောက်ပံ့နိုင်အောင် ကူညီပေးမည် ဖြစ်သည်။ သေးငယ်သော်လည်း တိကျပြတ်သားသည့် အပူချိန် ကွာခြားမှု ပမာဏကို အရေပြားနှင့် လေထုတို့ကြားမှ ခွဲထုတ်တွက်ချက်ယူကာ Generatorက လျှပ်စစ်စွမ်းအင်အဖြစ် ကူးပြောင်း ထောက်ပံ့မည် ဖြစ်သည်။



KAIST၏ လက်ရှိ တီထွင်နေသော Generatorလေးများသည် အလွန်ပေါ့ပါးပြီး ကွေးညွှတ်နိုင်သောကြောင့် သယ်ယူရန်လည်း လွယ်ကူလှကြောင်း သိရှိရသည်။ ပရော်ဖက်ဆာချိုက ၎င်းတို့၏ Generatorလေးများ သည် စမတ်ဖုန်းများကိုပါ အားသွင်းနိုင်လိမ့်မည်ဟု အတည်ပြုခဲ့သည်။ “လောလောဆယ်တော့ ကျွန်တော်တို့ရဲ့ စမ်းသပ်ဆဲ ပုံစံငယ်က ဆေးဘက်ဆိုင်ရာ အာရုံခံ ကိရိယာတွေကို စွမ်းအင်ထောက်ပံ့ဖို့ အဓိက ရည်ရွယ်ထားပါတယ်။ အဲဒီနောက်မှာတော့ ဒီGeneratorလေးတွေရဲ့ အဓိက ဦးတည်ချက်ဟာ စမတ်ဖုန်းတွေ ဖြစ်လာမှာပါ”ဟု ၎င်းက ပြောကြားသွားခဲ့သည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...