ဟောင်ကောင်ကမ်းလွန်တွင် ကုန်တင်သင်္ဘောနစ်မြုပ်ပြီး (၁၁)ဦးပျောက်ဆုံးနေ



ဟောင်ကောင်ကမ်းလွန်တွင် တရုတ်ကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်သွားပြီး အမှုထမ်း (၁၁)ဦး ပျောက် ဆုံးနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ တနင်္လာနေ့က အဆိုပါ ကုန်တင်သင်္ဘောသည် အခြားရေ ယာဉ် တစ်စင်းနှင့် မတော်တဆ တိုက်မိပြီး နစ်မြုပ်သွားခြင်းဟု သိရှိရသည်။ နံနက်အစောပိုင်းတွင် ပိုတွိုင်ကျွန်းအနီး ဖြစ်ပွားသည့် ရေယာဉ်ချင်း တိုက်မိမှုတွင် ကယ်ဆယ်ရရှိသူ တစ်ဦးသာ ရှိသေးကြောင်း လည်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီးက ဆိုသည်။ “ကုန်တင်သင်္ဘောနှစ်စင်း တိုက်မိတာပါ။ တစ်စင်းက မြုပ်သွားတယ်။ တစ်ယောက်တော့ လောလောဆယ် ကယ်လို့ရထားတယ်။ ခုတော့ ဆေးရုံမှာ ကုသမှု ခံယူနေပါတယ်”ဟု အဆိုပါ အရာရှိက AFPသို့ ပြောဆိုခဲ့သည်။


(ဟောင်ကောင်ကမ်းလွန်တွင်တွေ့ရသည့် ကုန်တင်သင်္ဘောတစ်စင်း)

အဆိုပါ ကယ်တင်ရရှိသူသည် အနီးရှိ ငါးဖမ်းလှေတစ်စင်းနှင့်ဆုံပြီး လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် လက်နှင့် ခြေထောက်တို့တွင် ဒဏ်ရာအနည်းငယ်မျှသာ ရရှိခဲ့ကြောင်းလည်း သိရသည်။ မီးသတ်ဌာန ပြောရေးဆိုခွင့်ရ အရာရှိက ပိုတွိုင်နှင့် (၃)မိုင်မျှအကွာ ရေပြင်တွင် သင်္ဘောမတော်တဆ မှု ဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့သည်။ “မြုပ်သွားတဲ့ သင်္ဘောပေါ်မှာ လူ(၁၂)ယောက်ပါတယ်။ လောလော ဆယ် (၁၁)ယောက်က ပျောက်နေတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ ဟောင်ကောင် ရဲတပ်ဖွဲ့သည် အခင်းဖြစ်ရာ နေရာသို့ ရဟတ်ယာဉ်များ စေလွှတ်ကာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင် ရွက်နေစေသည်။

လေယာဉ်ပေါ်မှ မှတ်တမ်းဓာတ်ပုံများအရ သင်္ဘောနစ်မြုပ်ရာ ရေပြင်တွင် ဆီကွက်ကြီး ပေါလောမျောနေ သည်ကို တွေ့ရသည်။ ဟောင်ကောင်ကမ်းလွန် ရေပြင်သည် ရေယာဉ်များ ဖြတ်သန်းမှု များပြားလွန်း သည့် နေရာဖြစ်သည်။ (၂၀၁၂)ခုနှစ်က မြန်နှုန်းမြင့် ကူးတို့ရေယာဉ် တစ်စင်းနှင့် ဇိမ်ခံရွက်လှေတစ်စင်း တိုက်မိရာ လူ(၃၉)ဦး သေဆုံးပြီး ဟောင်ကောင်၏ အဆိုးရွားဆုံး ရေကြောင်းမတော်တဆမှုအဖြစ် မှတ်တမ်းဝင်ခဲ့ဖူးသည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...