မလေးရှားတွင် ထိန်းသိမ်းခံထားရသော မြန်မာလုပ်သားများ နေရပ်ပြန်နိုင်ရေး လာမည့်လတွင် စတင်ဆောင်ရွက်မည်

ရန်ကုန် စိုးထက်ဝင်း

မလေးရှားနိုင်ငံရှိ ကန့်စခန်း အသီးသီး တွင် ရောက်ရှိနေသော မြန်မာလုပ်သားများ နေရပ်ပြန်နိုင်ရန် အတွက် လမည်လမှ စတင်ကာ One-stop စနစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလုပ်သမား အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန မှ သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာ၌ နေရပ် ပြန်လိုသည့် လုပ်သားများ စာရင်းကို ဦးစွာကောက်ခံသွားမည် ဖြစ်ပြီး စာရင်းရရှိပြီးပါ One-stop စင်တာများ ဖွင့်လှစ်ကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။တချို့တွေကတော့ UN ကတ်တွေကိုင်ပြီး တတိယနိုင်ငံမှာ နေ ဖို့ စောင့်ဆိုင်းနေ တဲ့ သူတွေရှိတယ်၊ တချို့ကတော့ မြန်မာနိုင်ငံ ပြန်ချင်တဲ့ လူတွေရှိတယ်။ အဲဒါတွေကို သိနိုင်ဖို့အတွက် အရင်ဆုံး စာရင်းကောက်မှု လုပ်ငန်းတွေကို အရင် လုပ်ရမှာ ဖြစ်ပါတယ်ဟု ၎င်းက ပြော သည်။ ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနနှင့်လည်း ညှိနှိုင်းပြီးဖြစ် ကာ ၎င်း တို့ဖက်မှလည်း တတ် နိုင်သမျှ ကူညီပေးသွားမည်ဟု ပြောကြား ထားပြီးဖြစ်ကြောင်း သိရသည်။ လုပ်သား များနေရပ်ပြန်နိုင်ရန်အတွက် အထောက်အထား ထုတ်ပေးမှု လုပ်ငန်းစဉ်များနှင့် နိုင်ငံ သား ဖြစ်ကြောင်း သက်သေခံပြုလုပ်မှုများ ကို နေရပ် ပြန်မည့် လုပ်သားစာရင်း ကောက်ယူပြီးမှ သာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ မလေးရှားနိုင်ငံ၏ ဥပဒေအရ ၎င်းနိုင်ငံ သို့ တရားမ၀င် လာရောက်သူ များကို ခြောက် လတစ်ကြိမ်ခန့် စီမံချက်ချ၍ လိုက်လံဖမ်းဆီး မှုများ ပြုလုပ်လျက်ရှိရာ ဖမ်းဆီးခံထား ရ သော မြန်မာလုပ်သားများသည် အဆိုပါစီမံချက်ကြောင့် ဖမ်းဆီးခံထားရခြင်းဖြစ်သည်။

ဘယ်တော့ အပြီးသတ်ဆောင်ရွက် နိုင်မလဲ ဆိုတာကတော့ ပြောလို့ မရသေးဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့နိုင်ငံမှာက မြန်မာနိုင်ငံသား တွေအပြင် အခြား နိုင်ငံသားတွေ လည်းရှိတယ်။ ဒါကြောင့် နိုင်ငံသား ဟုတ် မဟုတ်ဆိုတာတွေကို စိစစ်ပြီး နိုင်ငံသားဖြစ်ကြောင်း သေချာမှ ဆောင်ရွက် ပေးနိုင်မှာပါဟု လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှညွှန်ကြားရေးမှူး အဆင့် တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် မလေးရှား နိုင်ငံ၌ မြန်မာရွှေ့ ပြောင်းလုပ်သား သုံးသန်းဝန်းကျင်ရှိသည့် အနက်စခန်းများတွင် ဖမ်းဆီးခံထားရသော လုပ်သားတစ်သောင်း နှစ်ထောင်ခန့်ရှိ ကြောင်းဟု မလေးရှားအစိုးရ၏ ထုတ်ပြန် ချက်အရ သိရသည်။

The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...