မိတ်ဆွေများနှင့် ပျော်ရွှင်ခြင်း


Health Updates Journal No. 115

လူတွေကို ပိုပြီးစိတ်ချမ်းသာစေတာ ပိုက်ဆံကြောင့်လား။ ဒါမှမဟုတ် ပျော်ပျော်နေတတ်တဲ့ မိတ်တွေနဲ့ အိမ်နီးချင်းတွေကြောင့်လား။

ဟားဗတ်တက္ကသိုလ်နဲ့ ဆန်ဒီယေးဂိုးမှာရှိတဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ်တွေက သုတေသီတွေရဲ့ လေ့ လာမှု တစ်စိတ်တစ်ပိုင်းကနေပြီး အဖြေတစ် ခုရထားကြပါတယ်။

နစ်ကိုလပ်ခရစ်တာကစ် (Nicholas Christakis) နဲ့ ဂျိမ်းဖောင်လာ (JamesFowler)တို့ သုတေသီ နှစ်ေ ယာက်ဟာ စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးအတွက် လူပေါင်း ၅၀၀၀ နီးပါးကို လေ့လာခဲ့ကြပါတယ်။

ဖရာမင်ဟမ် နှလုံးဌာနမှာ သိမ်းဆည်းထားတဲ့အချက်အလက်တွေထဲက နှစ်ပေါင်း ၂၀စာ (၁၉၈၃-၂၀၀၃) ခုနှစ် အချက်အလက်တွေကို လည်း လေ့လာခဲ့ကြပါတယ်။ ဖရာမင်ဟမ်ဌာနဟာ မက်ဆာချူးဆက် ပြည်နယ် မှာရှိတယ်။ ဒီဌာနဟာနှလုံး ဖောက်ပြန်ခြင်း၊ လေဖြတ်ခြင်းနဲ့ ပတ်သက်တဲ့သုတေသနလုပ်ငန်းတွေကို လွန်ခဲ့တဲ့နှစ်ပေါင်း (၆၀)ကတည်း က စတင်ပြီး လုပ်ကိုင်ခဲ့တာ ဖြစ်တယ်။

ပျော်ပျော်နေတတ်တဲ့ မိတ်ဆွေ အပေါင်းအသင်းတွေရှိတာကြောင့် မိမိကိုယ်တိုင်ကလည်း ပျော်ရွှင်ရတဲ့ အကြောင်း လေ့လာမှုအသစ်တွေမှာတွေ့ရှိရတယ်။ အနေအနီးအဝေးမှာ မူတည်ပြီးတော့ မိတ်ဆွေတွေကြားမှာ အပျော်သက်ရောက်ပုံခြင်းလည်း ကွာခြားပါတယ်။

ဥပမာဆိုရင် တစ်မိုင်လောက်အကွာမှာ မိတ်ဆွေတစ်ယောက် ရှိနေရင် ပျော်ရွှင်နေမှု ၂၀ ရာခိုင်နှုန်း ရနိုင် တယ်။ ကပ်ရက်မှာ ပျော်ပျော်နေတတ်တဲ့ အိမ်နီးချင်းတစ်ယောက်ရှိရင် အပျော် ၃၄ ရာခိုင် နှုန်းလောက် ရတယ်လို့ဆိုတယ်။ အဲဒီမိတ်ဆွေတွေကြောင့် ရရှိတဲ့ ပျော်ရွှင်မှုဟာလည်း တစ်နှစ်လောက်တာရှည်တယ်လို့ ဆိုတယ်။

ပျော်ရွှင်မှုဟာ ကူးစက်တတ်တာကို သုတေသီတွေက တွေ့ရှိထားတယ်။ ၀မ်းနည်းမှုဟာလည်း ကူးစက် တတ်တယ်ဆိုပေမယ့် ပျော် ရွှင်မှုလောက်မဟုတ်ပါဘူး။

ပျော်ရွှင်မှုဟာ တစ်ဆင့်ပြီး တစ်ဆင့် သုံးဒီဂရီလောက် ရောက်သွားတာတောင် အပျော်က သက်ရောက်နေ တုန်းပဲ ဖြစ်တယ်။ သုံးဒီဂရီ ဆိုတာက မိတ်ဆွေရဲ့မိတ်ဆွေက တစ်ဆင့် တခြားမိတ်ဆွေတစ်ဦးစီ ရောက် သွားတာကို ဆိုလိုတယ်။

ငွေပိုငွေလျှံဒေါ်လာ ၅၀၀၀ (မြန်မာငွေဆိုရင် သိန်းငါးဆယ် လောက်) ရှိနေတာကလည်း လူတစ်ယောက် ကို နှစ်ရာခိုင်နှုန်းလောက် ပျော်စေနိုင်တယ်လို့ လေ့လာတွေ့ရှိ ကြတယ်။ ဒါပေမဲ့ အဲဒီပျော်ရွှင်မှုဟာ သုံး ဒီဂရီမိတ်ဆွေဆီကရတဲ့ ပျော်ရွှင်မှုထက် မပိုတဲ့အကြောင်း သုတေသီတွေက ဆိုပြန်တယ်။

ဒီလေ့လာမှုကို အမေရိကန် ပြည်ထောင်စုက National Institute on Aging ရဲ့အထောက်အပံ့နဲ့ပြုလုပ် တာဖြစ်တယ်။ ဗြိတိသျှဆေးဂျာနယ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ညွှန့်လွင်(စက်မှုတက္ကသိုလ်)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...