Blu-Ray Disc ဆိုတာဘာလဲ



ကျွန်တော်တို့ ငယ်ငယ်တုန်းက ဗီဒီယိုဇာတ်ကားတွေဟာ ရိုးရိုးတိတ်ခွေတွေနဲ့ တိတ်ခွေ ခေတ်ပေါ့ဗျာ ။ အဲဒီနောက်ပိုင်းမှာ VCD ခွေတွေ ထွက်လာတယ်။ တိတ်ခွေ ဗီဒီယိုခေတ် ပျောက်သွားတယ်။ အဲဒီနောက် DVD ခွေတွေ ထွက်လာတယ်။ DVD ဇာတ်ကားတွေ ထွက်လာတယ်။ အခုတော့ DVD ခွေခေတ်ကတော့ မကုန်သေးပါဘူး ။ ဒါပေမယ့် DVD ပြီးတော့ နောက်ထပ် ဆန်းသစ်ထီထွင်မှု Blu-Ray (Blue Ray မဟုတ် ပါ) ခွေဆိုတာ ထပ်ထွက်လာပြန်ပါတယ်။ Blu-Ray ခွေ ဆိုတာဘာလဲ ၊ Blu-Ray အကြောင်းလေး နည်း နည်းလောက် ဗဟုသုတ အဖြစ်ပြောပြချင်ပါတယ်။ Blu-Ray Disc ကို အတိုကောက်အားဖြင့် BD လို့ လည်းခေါ်ကြပါတယ်။ Blu-Ray Disc များကို ထီထွင်ခဲ့တဲ့ အဖွဲ့အစည်းကတော့ Blu-ray Disc Association (BDA) မှဖြစ်ပါတယ်။ BDA အဖွဲ့အစည်းဟာဆိုရင် ကမ္ဘာပေါ်က နာမည်ကြီး အီလက် ထရောနစ်ကုမ္ပဏီကြီး အခု ၂၀၀ လောက်ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ အစည်းဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းမှာ ပါဝင်တဲ့ထင်ရှားတဲ့ကုမ္ပဏီအချို့ကိုပြောပြရရင် Apple, Dell, Hitachi, HP, JVC, LG, Mitsubishi, Panasonic, Pioneer, Philips, Samsung, Sharp, Sony စတဲ့ ကုမ္ပဏီကြီးတွေ ပါဝင်ပါတယ်။ Blu Ray Disc ကို တီထွင်ခဲ့ကြတဲ့ အဓိကရည်ရွယ်ချက်ကတော့ ရုပ်ထွက် အလွန်ကြည်လင်ပြတ်သားတဲ့ 1080p resolution (1920×1080 pixels) အရည်အသွေးရှိ Hight Definition ဗီဒီယိုဖိုင် / ရုပ်ရှင်ဇာတ်ကားကြီး များကို ထည့်သွင်းရာမှာ ဓာတ်ပြားရဲ့ သိုလှောင်နိုင်မှု ပမာဏကို စိုးရိမ်ကြောင့်ကြစရာမလိုဘဲ ဇာတ်ကားရဲ့ မူရင်းအရည်အသွေးအတိုင်း ၊ မူလ file size အတိုင်း Disc ထဲသို့ထည့်နိုင်ဖို့ဖြစ်ပါတယ်။ Blu-Ray Disc များရဲ့အရောင်ဟာ အနက်ရောင်ဖြစ်ပါတယ်။

Blu-Ray Disc များရဲ့ Data သိုလှောင်နိုင်စွမ်း ပမာဏဟာ သာမန် DVD ပြားတွေထက် ငါးဆ ပိုများပါ တယ်။ Blu-Ray Disc မှာ Single-Layer Disc နဲ့Dual-Layer Disc ဆိုပြီး ၂ မျိုးရှိပါတယ်။ Single-layer Disc အမျိုးအစားဟာ 25GB ထိ data ထည့်သွင်းနိုင်ပြီး dual-layer disc အမျိုးအစားမှာတော့ 50GB file size ပမာဏရှိတဲ့ ဗီဒီယိုဖိုင်/file အထိ data ထည့်သွင်းနိုင်ပါတယ်။

Blu-Ray နည်းပညာကို လက်ရှိမှာ နာမည်ကြီး အီလက်ထရောနစ် ကုမ္ပဏီပေါင်း ၂၀၀ခန့်က အထောက် အပံ့ပေးနေပြီး Hollywood ကဲ့သို့သော ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့အစည်းများနဲ့ Music ကုမ္ပဏီကြီးများ ကလည်း ၄င်းတို့ရဲ့အနာဂတ် ရုပ်ရှင် နဲ့သီချင်းထုတ်လုပ်မှုများကို Blu-Ray နည်းပညာ ၊ Blu-Ray Disc ဖြင့်သာ ထုတ်လုပ်သွားကြမယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း Blu-Ray Disc နဲ့ထွက်ရှိနေတဲ့ ရုပ်ထွက် အလွန်ကြည်လင်ပြတ်သားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အများအပြား ထွက်ရှိနေပြီဖြစ်ပါတယ်။ Blu-Ray ဇာတ်ကားတွေကို ကြည့်မယ်ဆိုရင် သာမန် DVD Player နဲ့အဆင်မပြေပါဘူး ။ Blu-Ray ခွေကို အထောက်အပံ့ပေးနိုင်တဲ့ Blu-Ray Player နဲ့မှသာကြည့်ရှုနိုင်ပါမယ်။ ကြည့်ရှုမယ့် TV ဟာလည်း အနည်း ဆုံး 1920×1080 pixels အရည်အသွေးရှိသင့်ပြီး HDMI cable နဲ့ချိတ်ဆက်ကြည့်ရှုနိုင်တဲ့ TV မျိုးဖြစ်မှသာ Blu-Ray အရည်သွေးကို အပြည့်အ၀ ခံစားကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ ဒီလောက်ဆိုရင် Blu-Ray Disc နဲ့ Blu-Ray အကြောင်းကို သိရှိကြလိမ့်မယ်လို့ထင်ပါတယ်။

သက်နိုင်စိုး (Myanmar Mobile App Store)
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...