Birth Control Pill Types ကိုယ်ဝန်တား စားဆေး ဘယ်ဟာ ရွေးမလဲ
ဆရာ ၂၈ လုံးပါတဲ့ တားဆေး ကဒ်အကြောင်း သိချင် လို့ပါ။ ကောင်းကျိုး ဆိုးကျိုး အကုန်လုံး သိချင်ပါတယ်။
ကိုယ်ဝန် တားဆေး အမျိုးမျိုး ရှိတယ်။ မြန်မာပြည်မှာ လူအများ သုံးက ခေတ်အလျောက် မတူပါ။ ကျွန်တော် တို့ ဆရာဝန် လုပ်နေတုံး ကဆိုရင် UNICEF ကနေ အခမဲ့ ဝေတာက အင်္ဂလိပ်စာနဲ့ အဖြူရောင် + အညို ရောင် ဆေးပြားကပ် ဖြစ်တယ်။ အခု ကျန်းမာရေးေ မးခွန်းတွေအရ သိလာရ တာကို တချို့က လက်ညှိုး ကပ်ခေါ်တယ်။ တချို့က မြားကပ်လို့ ခေါ်ကြတယ်။ေးစာနဲ့ပြောရင် COC လို့ သုံးတယ်။ ကျွန်တော် ကတော့ ဟော်မုန်း ၂ မျိုးပါ တားဆေးလို့ သုံးချင်တယ်။
အစဆုံးပေါ်ခဲ့တဲ့ ကိုယ်ဝန်တားဆေး Enovid ကို ၁၉၆ဝ မှာ စသုံးခဲ့တယ်။ မိသားစု စီမံကိန်းမှာ တော် လှန်ရေး တရပ်လို့ သတ်မှတ်နိုင် ခဲ့တယ်။ နောက်နှစ် ၅ဝ လောက်အတွင်းမှာ တခြား တားနည်း-တားဆေး မျိုးစုံပေါ်လာပေမဲ့ Pills လို့ လူသိများတဲ့ ကိုယ်ဝန်တား-စားဆေးကတော့ ထိပ်ဆုံးမှာသာ ဆက်ရှိပါတယ်။ တကမ္ဘာလုံးမှာ အမျိုးသမီးကြီးငယ် သန်းပေါင်း ၁ဝဝ သုံးနေကြတယ်။ နောက်ပေါ် စားဆေးထဲမှာ အဟောင်းတွေထက် ဟော်မုန်း လျှော့ထည့်ထားလို့ တခြား ဘေးထွက်-ဆိုးကျိုးတွေ နည်းစေတယ်။ ထိရောက်မှုလဲ ရှိပါတယ်။
• Mala-D = (Levonorgestrel-0.15 mg + Ethinyl oestradiol 0.03mg) အိန္ဒိယမှာ အသုံးများတယ်။
• Marvelon = Desogestrel 0.15 mg + Ethinyl estradiol 0.03 mg) ယူအက်စ်မှာ အသုံးများတယ်။
• Enovid = (Mestranol 0.15 mg + Norethynodrel 9.58 mg)
• Alesse = (Ethinyl estradiol 0.02 mg + Levonorgestrel 0.1 mg)
• Ortho-Novum = (Ethinyl estradiol 0.035 mg + Norethindrone 0.5 mg)
• Modicon = (Ethinyl estradiol 0.035 mg + Norethindrone 0.5 mg)
• Microgestin 1/20 = (Ethinyl estradiol 0.02 mg + Norethindrone 1 mg)
• Microgestin 1.5/30 = (Ethinyl estradiol 0.03 mg + Norethindrone 1.4 mg)
ဟော်မုန်း နှစ်မျိုးတွဲဆေးကို ၂၁ လုံးပါကပ် နဲ့ ၂၈ လုံးပါဆေးကပ်တွေနဲ့ရှိတယ်။ ၂၁ လုံးဆိုတာ ဟော်မုန်း ပါတာတွေချည်း ဖြစ်တယ်။ ကျန် ၇ လုံးမှာ ဟော်မုန်းမပါဘူး။ ၇ လုံးပိုထည့်ထားလို့ ၂၈ လုံးအကုန်မှာ နောက်ဆေးကပ်သစ် သောက်ဘို့ သိသာတယ်။ ၂၁ လုံးပါဆေးကပ် သောက်သူက ကြားထဲမှာ ၇ ရက် တိတိ နားထားရမယ်။
ကိုယ်ဝန်တား စားဆေးထဲမှာ အခြေခံအားဖြင့် (၃) မျိုးရှိတယ်။
၁။ Combination pills (Estrogen + Progestin) ဟော်မုန်း နှစ်မျိုးတွဲဆေး၊
၂။ Minipill (Progesterone) ဟော်မုန်းတမျိုးထဲဆေး နဲ့
၃။ Emergency contraceptive pill အရေးပေါ်တားဆေးတွေ ဖြစ်တယ်။
(၁) Combination pills ပေါ်ပြုလာအဖြစ်ဆုံး ဟော်မုန်း နှစ်မျိုးတွဲဆေးကနေ (၁) မျိုးဥထွက်မှာကို တားပေးတယ်။ (၂) သားအိမ်ဝက ချွဲကိုလဲ စေးပျစ်စေလို့ သုက်ပိုးဝင်လာဘို့ ခက်ခဲစေမယ်။ (၃) သားအိမ်-အတွင်းဆုံးလွှာကိုလဲ သန္ဓေတွယ်ကပ်မှု မဖြစ်နိုင်အာင် ပြုပြင်ပေးတယ်။
Estrogen (အီစထိုဂျင်) ဟော်မုန်းကိုတော့ Ethinyl estradiol အဖြစ်ဘဲသုံးကြပြီး၊ Progesterone (Progestin) ကတော့ သုံးတာမတူကြဘူး။ ဥပမာ Mircette ဆေးထဲမှာ Desogestrel ပါပြီး၊ Yasmin ထဲမှာ Drospirenone ပါတယ်။
ဟော်မုန်း နှစ်မျိုးတွဲဆေးထဲမှာလဲ (၃) မျိုးရှိတယ်။ Monophasic (မိုနိုဖေးဆစ်)၊ Biphasic (ဘိုဖေးဆစ်) နဲ့ Triphasic (ထရွိုင်ဖေးဆစ်) တွေလို့ ခေါ်တယ်။
1. Monophasic တွေထဲက ၂၁ လုံးမှာ ဟော်မုန်းအဆ တူကြတယ်။ ဆရာဝန်အများစုက ဒီအမျိုးအစား ကို ပိုသဘောကျတယ်။ Alesse, Beyaz, Brevicon, Demulen, Desogen, Levlen, Loestrin, Norinyl, Ortho-Cept, Ortho-Cyclen, Ortho-Novum, Yasmin နဲ့ Yaz (၂၄ + ၄ ပါတယ်) တွေဖြစ်တယ်။
2. Biphasic တွေထဲက ၂၁ လုံးမှာ ဟော်မုန်းအဆ မတူတဲ့ ၂ မျိုးပါကြတယ်။ Jenest-28, Mircette, Necon 10/11 နဲ့ Ortho-Novum 10/11 တွေဖြစ်တယ်။
3. Triphasic တွေထဲက ၂၁ လုံးမှာ ဟော်မုန်းအဆ မတူတဲ့ ၃ မျိုးပါကြတယ်။ Ortho-Novum 7/7/7, Ortho Tri-Cyclen, Tri-Levlen, Tri-Norinyl နဲ့ Triphasil တွေဖြစ်တယ်။
ကောင်းချက်တွေက -
နေ့တိုင်း သောက်တာမှန်ရင် ၉၉% စိတ်ချရတယ်။ ရာသီသွေးဆင်းတာ မများဘူး။ ရက်မှန်တယ်။ ရာသီ လာလို့ နာတာ သက်သာတယ်။ မလာခင်ဖြစ်ချင်တာတွေလဲ သက်သာတယ်။ မျိုးဥအိမ်-ကင်ဆာ၊ သားအိမ်-ကင်ဆာ အဖြစ်နည်းတယ်။ မျိုးဥအိမ်-အကျိတ် နဲ့ ရင်သား-အကျိတ်ဖြစ်တာ နည်းတယ်။ တင်ပါး ဆုံ တွင်းရောဂါ အဖြစ်နည်းတယ်။ ဝက်ခြံထွက်တာ သက်သာတယ်။ သားအိမ်ပြင်ပ-သန္ဓေတည်တာ နည်းတယ်။ Endometriosis ဖြစ်နေလို့ ခံစားရတာတွေလဲ နည်းစေတယ်။ အပျိုတွေကိုလဲ ရာသီမှန် အောင် ပေးတယ်။
ဘေးထွက်-ဆိုးကျိုးတွေကတော့ -
ပျို့-အန်၊ ခေါင်းကိုက်၊ ရင်သားတင်း-နာ၊ လိင်စိတ်နည်း၊ ခေါင်းမူး၊ ဆေးစသောက်ဘူးသူတွေ တလ၊ နှစ်လမှာ ရာသီရက် မမှန်ဖြစ်နိုင်တယ်။ ရှားရှားပါးပါး ဖြစ်နိုင်တာတွေကတော့ သွေးဖိအားတက်၊ နှလုံး၊ သွေးကြောပိတ်၊ အသဲကင်ဆာ၊ သည်းခြေအိတ်ကျောက်တွေ ဖြစ်တတ်တယ်။ ဒီဆေးမျိုး မသုံးသင့် သူတွေကတော့ သွေးကြောပိတ်ရောဂါဖြစ်ဘူးသူတွေ၊ အသက်ကြီးသူတွေ၊ သွေးတိုးများသူတွေ၊ (မိုင်ဂရင်း ရောဂါရှိသူတွေ၊ အသဲ မကောင်းသူတွေနဲ့ မသင့်ဘူး။
(၂) Minipill (Progestin-Only) (မီနီ-ပီးလ်)
• Progestin-only pill (POP) လဲခေါ်တယ်။
• မျိုးဥ ထွက်မှာကို တားပေးတယ်။ သားအိမ်ဝက ချွဲကိုလဲ ပိုပြီးစေးပျစ်စေလို့ သုက်ပိုးဝင်လာဘို့ ခက်ခဲစေမယ်။ သားအိမ်-အတွင်းဆုံးလွှာကိုလဲ သန္ဓေတွယ်ကပ်မှု မဖြစ်နိုင်အာင် ပြုပြင်ပေးတယ်။
• အားလုံး ၂၈ လုံးမှာ ဟော်မုန်းပါတယ်။
• ကလေးနို့တိုက်နေသူတွေ၊ သွေးကြောပိတ်ဖြစ်သူတွေ၊ (အီစထိုဂျင်) မတည့်သူတွေ၊ အသက် ၃၅ နှစ် ကျော်သူတွေ၊ ဆေးလိပ်သောက်သူတွေ သုံးနိုင်တယ်။ သွေးတိုးရှိလဲ ဖြစ်တယ်။ (မိုင်ဂရင်း) ရောဂါရှိလဲ သောက်နိုင်တယ်။
• ရာသီဆင်းတာ နည်းတယ်။ ရာသီလာလို့ နာတာသက်သာတယ်။ မျိုးဥအိမ်-ကင်ဆာ၊ သားအိမ်-ကင်ဆာ အဖြစ်နည်းတယ်။ တင်ပါးဆုံတွင်းရောဂါ အဖြစ်နည်းတယ်။
• ဟော်မုန်း ၂ မျိုးတွဲလောက် မထိရောက်လှဘူး။ ကြားရက် သွေးဆင်းတာ ဖြစ်တတ်တယ်။ ဆေးသောက်ဘို့ တရက်မှ မေ့သွားလို့မရဘူး။ နေ့တိုင်း အချိန်တူမှာသောက်သင့်တယ်။
• ဘေးထွက်-ဆိုးကျိုးတွေက ဗိုက်နာတတ်တယ်။ အားယုတ်မယ်။ မျက်နှာနီမြန်းတာ၊ လိင်စိတ်နည်းတာ၊ ခေါင်းကိုက်၊ ပျို့၊ ခေါင်းမူး၊ အိပ်ရေးပျက်။
• ဆေးနာမည်တွေက Micronor, Nor-QD နဲ့ Ovrette တွေဖြစ်တယ်။
Extended-Cycle Pills/Continuous Use Pills ကိုယ်ဝန်နဲ့ရာသီကို တလမက တားပေးတဲ့ဆေး
• ဆေးသစ်ဖြစ်တယ်။ ရာသီလာရင် နာချင်သူတွေ သုံးနိုင်တယ်။ ရာသီကို မလာစေချင်သူတွေလဲ သုံးတယ်။
• Estrogen နဲ့ Progesterone ဟော်မုန်း ၂ မျိုးလုံးပါတယ်။ ဆေးလုံးတိုင်းမှာ ဟော်မုန်းတွေ ပါနေလို့ ဆေးသောက်နေသမျှ ရာသီသွေး မဆင်းစေပါ။
• Seasonale ဆေးက ၈၈ ရက်သောက်ရတယ်။ ၈၁ ရက်သောက်တာထဲမှာ ဟော်မုန်းတွေ ပါတယ်။ နောက် သောက်ရမဲ့ ၇ ရက်ဆေးမှာ ဟော်မုန်းမပါဘူး။ ရာသီက ၃ လတခါသာ လာလိမ့်မယ်။
• Seasonique ဆေးကတော့ ၈၄ ရက်ဆေးထဲမှာ ဟော်မုန်းတွေ အတူတူပါတယ်။ နောက် ၇ ရက်ဆေး ထဲမှာ (အီစထိုဂျင်) နည်းနည်းလေးပါတယ်။ ၄ လမှတခါသာ ရာသီလာမယ်။
• Lybrel ဆေးကတော့ ၃၆၅ ရက်တွက် ဟော်မုန်းတွေ အတူတူပါတယ်။ တနှစ်လုံးလုံး ရာသီမလာစေပါ။
• အလားတူ တခြားဆေးနာမည်တွေက Lybrel, Seasonale နဲ့ Seasonique တွေဖြစ်တယ်။
• ရာသီလာမဲ့ရက်မှာ မင်္ဂလာဆောင်၊ မွေးနေ့ ခရီးထွက်စရာ၊ အရေးကြီးကိစ္စရှိတာ၊ အလုပ်များတာဆိုရင် သောက်သင့်တယ်။ ရာသီလာရင်ဖြစ်ချင်တာတွေ သိပ်ဆိုးသူတွေ သောက်သင့်တယ်။ ရာသီလာခါနီး စိတ်မူပြောင်းလဲတာ ဆိုးသူတွေအတွက် ကလေးလဲ မယူချင်သေးရင် ဒီဆေးမျိုးက ကောင်းတယ်။
• ဘေးထွက်-ဆိုးကျိုးတွေက ကြားရက်မှာ သွေးဆင်းတတ်တယ်။ ပုံမှန် ဟော်မုန်း ၂ မျိုးတွဲ တားဆေးတွေ အတိုင်း ဖြစ်နိုင်တယ်။
(၃) Emergency contraceptive pill အရေးပေါ်တားဆေး
• FDA က အသိအမှတ်ပြုဆေးတွေက Plan B, Next Choice, Plan B One-Step နဲ့ Ella တွေ ဖြစ် တယ်။
• အသက် ၁၇ နှစ်ကျော်ရင် ကိုယ့်ဖါသာ ဝယ်နိုင်တယ်။ Ella ကိုတော့ ဆရာဝန်လက်မှတ်နဲ့သာ ရောင်း တယ်။
• Plan B pill (Next Choice) = (Progestin levonorgestrel 0.75 mg) ၁၂ နာရီခြား ၁ ပြားစီ သောက်ရတယ်၊
• Plan B One-Step = (Progestin levonorgestrel 1.5 mg) တခါတည်း ၁ ပြားထဲသောက်ရတယ်၊
• မျိုးဥ ထွက်မှာကို တားပေးတယ်။ သားအိမ်အတွင်းဆုံးလွှာကိုလဲ သန္ဓေတွယ်ကပ်မှု မဖြစ်နိုင်အာင် ပြင်ပေးတယ်။ ဒါပေမဲ့ သန္ဓေဖြစ်နေပြီ (ကိုယ်ဝန်ရှိနေပြီ) ဆိုရင်တော့ ဆက်ကြီးထွားမှာကို မတားနိုင်ဘူး။
• ပဌမဆေးလုံးကို အကာကွယ်မဲ့လိင်ဆက်ဆံမှု ပြုပြီးတာနဲ့ မြန်မြန်သောက်ပါ။ နောက်ထပ် ၁၂ နာရီ အကြာမှာ ဒုတိယ ဆေးလုံးသောက်ပါ။
• လိင်ဆက်ဆံအပြီး ၇၂ (၃ ရက်) နာရီအတွင်းမှာ ပဌမဆေးလုံးသောက်တာနဲ့ ကာကွယ်နိုင်တယ်။ ၁၂ဝ နာရီ (၅ ရက်) အထိလဲ သုံးနိုင်ကြတယ်။ % ပြည့်တော့မဟုတ်ပါ။
• ၈၉% ထိရောက်တယ်။ ကိုယ်ဝန် ရှိနေရင်လဲ ဆက်ယူလို့ ကလေးကို မထိခိုက်စေဘူး။ ဘေးထွက်-ဆိုးကျိုးတွေက တခြား ဟော်မုန်းပါ တားဆေးတွေနဲ့ အတူတူဘဲ။
Ella တားဆေးထဲမှာ Ulipristal ပါတယ်။ ဟော်မုန်းမဟုတ်ဘူး။ သန္ဓေတည်ဘို့လိုအပ်တဲ့ ဟော်မုန်းတွေ ကို တားဆီးပေးတယ်။ ၁၂ဝ နာရီ (၅ ရက်အထိ) အချိန်ရတယ်။ တပြားထဲသောက်ရတယ်။ ဆရာဝန် လက်မှတ်လိုတယ်။ ဘေးထွက်-ဆိုးကျိုးတွေက တခြား ဟော်မုန်းပါတားဆေးတွေနဲ့ အတူတူဘဲ။ ကိုယ်ဝန်ရှိသလို ထင်နေရင် မသောက်ပါနဲ့။ Abortion drug ဖျက်ဆေးလို့လဲ ခေါ်နိုင်တယ်။
Yuzpe Regimen (ယုဇ်ပီ-ရီဂျင်းမ်) နည်း
• Plan B pill လဲမရှိဘူး၊ Plan B One Step လဲမရှိဘူးဆိုရင် ဒီနည်းသုံးနိုင်တယ်။
• နေရာတကာမှာ လွယ်လွယ်လေးဝယ်ရတဲ့ ဟော်မုန်း ၂ မျိုးတွဲ စားဆေးကို အဆတမျိုးနဲ့ သောက်နည်း ဖြစ်တယ်။ ၇၂ နာရီအတွင်း သတ်မှတ်ချက်က အတူတူဘဲ။
• တချို့ဆေးက ၂ ပြား တခါတည်းသောက်၊ နောက် ၁၂ နာရီမှာ နောက်ထပ် ၂ ပြားတွဲသောက်။ တချို့ဆေးက ၅ ပြား တခါတည်းသောက်၊ နောက် ၁၂ နာရီမှာ နောက်ထပ် ၅ ပြားတွဲသောက်။
• Yuzpe Regimen နည်းမှာ အကောင်းဆုံးက (Ethinyl estradiol 50 µg + Levonorgestrel 250 µg) ပါတဲ့ ဆေးပြား ၂ ပြား တခါတည်းသောက်ပြီး နောက် ၁၂ နာရီအကြာမှာလဲ အတူတူ ၂ ပြား ထပ်သောက်ရတယ်။
• ထိရောက်မှု အကောင်းကြီး မဟုတ်ပါ။
• Rifamycin တီဘီဆေး နဲ့ Amobarbital, Butabarbital, Mephobarbital, Secobarbital, Phenobarbital, Phenytoin, Carbamazepine (Tegretol)ဆေးတွေသောက်နေသူတွေက ဆေး ပိုများများ ပေးရတယ်။ ဒီလိုအမျိုးသမီးတွေက ဆေးသောက်မဲ့အစား IUD သုံးသင့်တယ်။
Dr. တင့်ဆွေ

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) Scabies ယားနာ (ဝဲ) Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) Menopause (1) သွေးမဆုံးခင်၊ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၁) Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'