Message အမြောက်အများပေးပို့၍ Twitter ကိုတိုက်ခိုက်မှု ပြုလုပ်ခဲ့


ပြီးခဲ့သည့် ရက်အနည်းငယ်ခန့်က Twitter account ရာပေါင်းများစွာသည် message များစွာပေးပို့၍ တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် ည ၁၂ နာရီခန့်တွင် စတင်ဖြစ်ပွားခဲ့ပြီး account များကိုပေးပို့သည့် message များသည်ဝိတ်ချခြင်းနှင့် ဘဝကိုပြောင်းလဲနိုင်သည့် အကြောင်းအရာများဖြစ်သည်။ ၎င်း message တွင်ပါ ဝင်သည့် လင့်ခ်များသည် ဝိတ်ချဆေးကြော်ငြာထားသည့် အမျိုးသမီးကျန်းမာရေး မဂ္ဂဇင်းကိုနောက်ပြောင် ထားသော ဆိုက်သို့လမ်းညွှန်ထားကြောင်း တွေ့ရသည်။ သို့သော်လည်း ၎င်းစာမျက်နှာသည် malware ကို install ပြုလုပ်ရန် ကြိုးစားခြင်းမျိုးကို မတွေ့ ရှိရကြောင်း သိရသည်။

Twitter အနေဖြင့် အထက်ပါလင့်ခ်များသည် အန္တရာယ်ရှိနိုင်ကြောင်း သုံးစွဲသူများကို သတိပေးမှုများ ပြုလုပ် ခဲ့ကြောင်းသိရသည်။ တိုက်ခိုက်မှု၏ ရင်းမြစ်ကိုလည်း ရှာဖွေနေဆဲဖြစ်ပြီး တိုက်ခိုက်မှုသည် app နှင့် third party ဆိုက်များမှလုံခြုံရေး ကျိုးပေါက်မှုနှင့် ဆက်စပ်နေကြောင်း Ars Technica သတင်းဝက်ဘ်ဆိုက်မှ Dan Goodin ကပြောကြားခဲ့သည်။

-စိုးထက်
Ref: CNET
Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၆)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...