၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် နိုင်ငံတကာကျောင်းသား၊ ကျောင်းသူများ အီတလီတွင် သင်ယူနိုင်မည့် Fernand Braudel Senior

photo:google

နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများ Fernand Braudel Senior Fellowship အစီအစဉ်တွင် ပါဝင် တက်ရောက်နိုင်ရန် လျှောက်လွှာ ခေါ်ယူခြင်း ဖြစ်သည်။ လေ့လာရမည့် ဘာသာရပ်များ အနေဖြင့် ကျောင်း သား၊ ကျောင်းသူများသည် ၎င်းတို့ စိတ်ဝင်စားသော ပညာရပ်များကို မျှဝေနေသော သုတေသန ပညာရှင် များနှင့် ထိတွေ့ခွင့်ရမည် ဖြစ်သည်။ EUI မှ ပါမောက္ခများ၏ သင်ကြား ပြသမှုများကိုလည်း ခံယူရမည့်အပြင် လုပ်ဆောင်ဆဲ သုတေသန ပညာရပ်များထဲက တစ်ခုခုကိုလည်း တွဲဖက် လုပ်ဆောင်ခွင့် ရရှိမည် ဖြစ်သည်။

EUI ၏ ဌာနခွဲ လေးခုထဲက တစ်ခုအတွက် ဆယ်လကြာ သုတေသနပြုလုပ်ခွင့် ရရှိမည်ဖြစ်ပြီး စာပေဆွေးနွေးပွဲ၊ လုပ်ငန်းခွင် ဆွေးနွေးပွဲနှင့် စကားပြော စွမ်းရည်ပြပွဲများတွင် ပါဝင်လုပ်ဆောင်သွားရ မည်။ European Commission (DG Education and Culture) မှ ပညာသင်ဆု ထောက်ပံ့ပေးပြီး အီတလီနိုင်ငံတွင် သွားရောက် ပညာသင်ယူရမည် ဖြစ်သည်။ အွန်လိုင်းမှ တစ်ဆင့် Fernand Braudel Fellowship လျှောက်လွှာတွင် လိုအပ်သော အချက်အလက်များ ဖြည့်စွက်ပြီး သက်ဆိုင်ရာ စာရွက်စာတမ်း များကိုပါ တစ်ပါတည်း တွဲ၍ပေးပို့ တင်သွင်းရမည် ဖြစ်သည်။ လျှောက်လွှာ နောက်ဆုံးပိတ်ရက်မှာ မတ်လ ၃၀ စက်တင်ဘာလ ၃၀ ရက် တို့ကို သတ်မှတ် ပေးထားသည်။ နိုင်ငံရေးနှင့် လူမှုသိပ္ပံဌာနများကို စက်တင် ဘာလ ၃၀ ရက် နောက်ဆုံးထား ပေးပို့ရမည်။ ၂၀၁၅ ပညာသင်နှစ်အတွက် လျှောက်ထားနိုင်သည်။

လိုအပ်သော အရည်အချင်းများ

အင်္ဂလိပ်ဘာသာ စကားနှင့် ပတ်သက်သော ဗဟုသုတများ ရှိရမည်ဖြစ်ပြီး မိမိ တင်သွင်းထားသော သုတေသန နှင့် သက်ဆိုင်သော အခြားဘာသာ စကားများလည်း တတ်မြောက်ရမည် ဖြစ်သည်။

ပညာသင်ဆုဆိုင်ရာ အချက်အလက်များ

Fernand Braudel Senior Fellowship အစီအစဉ်သည် EUI တွင် ကျောင်းသားများ သုတေသန လုပ်ဆောင်ချက်တို့ လုပ်ဆောင်နိုင်ရန်နှင့် နိုင်ငံတာ အဆင့်မီ ပညာရေးတို့ကို ကောင်းမွန်စွာ တတ်မြောက်နိုင်အောင် ထောက်ပံ့ပေးသည်။

ပညာသင်ကြားရမည့် ကာလ

၃ လမှ ၁၀ လအထိ ကြာမြင့်မည်။ တက်ရောက်ခွင့်တောင်းသော ကျောင်းသား၊ ကျောင်းသူများ သည် နေထိုင်လိုသော အချိန်ကာလကို လျှောက်လွှာထဲတွင် ဖော်ပြပေးရမည်။ တက်ရောက်ခွင့်ပေးသည့် ဌာနက သင်ယူမည့် ဘာသာရပ်ကို အောင်မြင်စွာ လေ့လာနိုင်သော အချိန်ကာလကို အဆိုပြု ပေးရမည်။ ပုံမှန်အားဖြင့် ကျောင်းသား၊ ကျောင်းသူများသည် ဇူလိုင်နှင့် သြဂုတ်လအတွက် ထောက်ပံ့ကြေး ရရှိမည် မဟုတ်ပေ။

ရရှိနိုင်မည့် အခွင့်အရေး

လစဉ်ပေါင် ၃၀၀၀ ထောက်ပံ့ကြေး ရရှိမည်။ Florence ၏ ၉၀ ကီလိုမီတာ အတွင်း နေထိုင်မည့် ကျောင်း သား၊ ကျောင်းသူ များမှာ ကုန်ကျစရိတ် နည်းမည် ဖြစ်သည်။

ပညာသင်ဆုအကြောင်း စုံစမ်းနိုင်မည့် လိပ်စာ

http://scholarshippositions.com

Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၆)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...