Microsoft က Sensor များပါရှိသည့် ကီးဘုတ်ကို တီထွင်နေ



စာရိုက်နေသည့် အချိန် တွင် အခြား ၀င်းဒိုး တစ်ခု ကို ဖွင့်ချင်လျှင် Mouse ကို အသုံးပြုရလေ့ရှိပါသည်။ Zoom ဆွဲကြည့်ချင်သည့် အခြေအနေတွင်လည်း Mouse ကို အသုံးပြုရလေ့ရှိပါသည်။ ကီးဘုတ် တွင် စာရိုက်နေရင်း က Mouse ကို ပြောင်းလဲ အသုံးပြုရသည့် အတွက် အလုပ်ရှုပ်စေပါသည်။ Microsoft က ယခုအခါ Mouse အသုံးပြုရန် မလိုသည့် ကီးဘုတ် ကို တီထွင်နေပါသည်။ ကီးဘုတ် တွင် Sensor များ တပ်ဆင်ထားပြီး Mouse ၏ အလုပ်များ ကို လုပ်ပေးနိုင်ပါသည်။

Microsoft က ကီးဘုတ် တွင် Gesture Tracking နည်းပညာ ကို ထည့်သွင်းထားပါသည်။ ကီးဘုတ် ကို ကီးဘုတ် အနေဖြင့်သာမက Mouse, Touchscreen အဖြစ်ပါ အသုံးပြုနိုင်ပါသည်။ Scroll ပြုလုပ်ခြင်း၊ ၀င်းဒိုး တစ်ခု မှ အခြား တစ်ခု သို့ ပြောင်းလဲ အသုံးပြုခြင်း၊ Zoom ဆွဲကြည့်ခြင်း၊ Pinch ပြုလုပ်ခြင်း များကို ကီးဘုတ် ပေါ်တွင် လက်ဝှေ့ယမ်း၍ ပြုလုပ်ရမည် ဖြစ်သည်။ ကီးဘုတ် တွင် Sensor (၆၄) ခု တပ်ဆင်ထားပါသည်။

Microsoft ၏ Sensor များ တပ်ဆင်ထားသည့် ကီးဘုတ် အလုပ်လုပ်ပုံ ကို အောက်က ဗီဒီယို တွင် လေ့လာနိုင်ပါသည်။

https://www.youtube.com/watch?v=Y3dUeGNIX4M

သူရ
Myanmar Digital Life Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...