Min Anh and Brenda Smith

ဗီယက်နမ်က ရှားပါးတဲ့ အရေပြား ရောဂါရှင် မိဘမဲ့လေး Min Anh နဲ့ UK ကမုဆိုးမ Brenda Smith တို့ကြားက ၁၅ နှစ်ကြာ သူငယ်ချင်း သံယောဉ်ဇဉ် အကြောင်း ပြောပြချင်ပါတယ်။

Min Anh ဆိုတာ ဗီယက်နမ် နိုင်ငံက ရှားပါးတဲ့ အရေပြား ရောဂါ ဖြစ်နေတဲ့ မိဘမဲ့ ကောင်လေး တစ်ယောက်ပါ။ Brenda Smith ကတော့ ဗြိတိန် နိုင်ငံက အသက် ၇၈နှစ် အရွယ်ရှိ မုဆိုးမတစ်ယောက် ပါ။ သူတို့ ၂ယောက်ရဲ့ ရေစက်က ဆန်းကြယ်ပါတယ်။ Min Anh အသက် ၃နှစ် အရွယ်မှာ Brenda နဲ့စတွေ့ ခဲ့ပြီး အခု အသက် ၁၈နှစ် အရွယ်ထိ၊ ၁၅နှစ်တိုင်တိုင် မိုင်ထောင်ချီ ဖြတ်ပြီး တစ်နှစ်တစ်ခါ သူ့ကို လာတွေ့ဆုံပါတယ်။ Min Anh ရဲ့အရေပြား ရောဂါကြောင့် တစ်ချိန်လုံး ထိုင်ကုတ် နေတာကြောင့် ဂေဟာ က သူနာပြု တွေက ဘာလုပ်ရမလဲ ဆိုတာ မသိဘဲ သူ့ရဲ့လက်တွေကို ကြိုးချည် ထားရပါတယ်။ Brenda နဲ့တွေ့ဆုံပြီး နောက်မှာတော့ ကြိုးချည်ခံထားရတဲ့ ဘ၀က လွတ်မြောက်တဲ့အပြင် အပြင်လောက ကြီးကိုပါ ထိတွေ့ခွင့် ရလာခဲ့ပါတယ်။



ထူးဆန်းတဲ့ သူငယ်ချင်း သံယောဇဉ်လေးရဲ့ အစကို ပြောရရင် ၁၉၉၅ ခုနှစ်မှာ Brenda ဟာ သူ့ ဒုတိယမြောက် ယောက်ျားဖြစ်သူ Baz နဲ့ ဗီ ယက်နမ် နိုင်ငံတစ်လျှောက် လျှောက်သွားနေကြတာနဲ့ စရပါမယ်။ သူတို့ လမ်းခရီးမှာ ဗီယက်နမ် စစ်ပွဲမှာ သုံးတဲ့ ဓာတုလက်နက် Agent Or ange ရဲ့ နောက်ဆက်တွဲ ရလဒ်တွေ တွေ့ရှိခဲ့ပါတယ်။ ခြေလက် မပြည့်စုံတဲ့ ကလေးတွေ၊ လူ့လောက မရောက်လိုက်တဲ့ ကလေးတွေ စတဲ့ စစ်အကျိုးဆက်တွေ တွေ့ရှိပြီးနောက် UK ကို ပြန်ပြီး ဗီယက်နမ်က ကလေးတွေကို ကူဖို့ လုပ်ကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာပဲ သူ့ယောက်ျားဟာ လူမှု ကူညီရေး အတွက် ကျင်းပတဲ့ ရေကူးပွဲမှာ ပါဝင်ရင်း ရုတ်တရက် နှလုံးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။ Brenda ဟာ သူ့ယောက်ျား ဆုံးသွားပြီး နောက်ပိုင်း ဗီယက်နမ်ကို နောက်တစ်ကြိမ်အနေနဲ့ အမှတ်တရ သွားခဲ့ပါတယ်။



လူမှုကူညီရေးတွေ ၀ါသနာပါတဲ့သူ ဖြစ်တဲ့အလျောက် ဗီယက်နမ်က မိဘမဲ့ဂေဟာတစ်ခုမှာ လုပ်အားပေးနေရင်း မွေးရာပါ အရေပြားရောဂါ ခံစားနေရတဲ့ Min Anh ဆိုတဲ့ ၃ နှစ်အရွယ် ကောင်လေး တစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ Min Anh ဟာ နာမည်ပြောင် Fish လို့တောင် နာမည်ပေးခံရတဲ့ အထိ အရေပြားအခြေအနေက ဆိုးရွားလှပါတယ်။ Brenda ကတော့ Min Anh ရဲ့ ဆိုးရွားတဲ့ အရေပြား ရောဂါ ကို သူတို့ နှစ်ယောက်ရဲ့ ခင်မင်မှု အတားအဆီးအဖြစ် မသတ်မှတ်ခဲ့ပါဘူး။ Min Anh ကလဲ သူ့ပေါင်ပေါ်မှာ ထိုင်ရတာ ကြိုက်သလို သူကလည်း Min Anh သူ့အပေါ် ခင်တွယ်နေတာကို သဘောကျပါတယ်။ သူ့ယောက်ျား ချန်ခဲ့တဲ့ အထီးကျန်ဘ၀ဟာ Min Anh ကြောင့် စိုစိုပြေပြေ ဖြစ်လာခဲ့ပြီး ဗီယက်နမ်ကို နောက် ထပ်ပြန်လာဖို့ အကြောင်းအရာလဲ ဖြစ်ခဲ့ပါတယ်။ အဲဒီ အချိန်ကစလို့ နှစ်တိုင်း၊ တစ်နှစ်ကို သုံးလလောက် ဗီယက်နမ် ပြန်ကာ Min Anh နဲ့ သွားတွေ့သလို ကောင်လေး ရောဂါ ကုပေးဖို့လည်း တတ်နိုင်သမျှ နည်း လမ်း ရှာခဲ့ပါတယ်။



မိဘမဲ့ ဂေဟာမှာ ၀န်ထမ်းတွေဟာ Min Anh ကိုသူ့ အရေပြားတွေ မကုတ်နိုင်အောင် ဆိုပြီး ခြေလက်တွေ ကို ကုတင်မှာ နာရီပေါင်း များစွာ ချည်ထားပါတယ်။ ဆေးရုံရောက်တော့လဲ ဒီဓလေ့က ပျောက်မသွားပါဘူး။ ကံကောင်း ထောက်မလို့ တစ်နေ့မှာ Brenda ဟာ သူ့ကို မနက် ကစလို့ တစ်နေ့လုံး ကြိုးချည်ထားတာ တွေ့ ပြီးနောက်မှာ ဆေးရုံ တာဝန်ရှိသူတွေနဲ့ ထိပ်တိုက်တွေ့ပြီး ဖြေရှင်းပစ် လိုက်ပါတယ်။ ဘာပျော် စရာမှ မရှိဘဲ ကြိုးချည်ထားခံရတဲ့ သူ့ကို Brenda က ဟိုချီမင်း မြို့ကြီး ခေါ်သွား၊ အ၀တ်တွေဝယ်၊ စားသောက်ဆိုင်မှာ စားကြ၊ အရုပ်ဝယ် ကြနဲ့ သား တစ်ယောက်လို ဆက်ဆံခဲ့ပါတယ်။ ခုဆိုရင် Min Anh ဆိုတဲ့ ကောင်လေး ဟာ ၁၈ နှစ်တောင် ရှိပြီး Brenda ကတော့ ၇၈ နှစ်အရွယ် အဘွား အို ဖြစ်နေပါပြီ။ ခုထိလဲ Brenda ဟာ မိုင်ပေါင်းထောင်ချီ ဝေးတဲ့ ဗီယက်နမ်ကို နှစ်တိုင်း သွားနေတုန်းပါပဲ။ ၁၅ နှစ်တိုင် ကြာခဲ့ပြီဖြစ်တဲ့ သူတို့ရဲ့ သံယောဇဉ် သက်တမ်းဟာ ပိုမိုရှည်လာဖို့ပဲ ရှိပြီး နောက်ထပ် နှစ်ပေါင်းများစွာ တည်ရှိနေဖို့လဲ ဆုတောင်း လိုက်ပါတယ်။ သူတို့၂ဦး အကြောင်း ကို အောက်က documentary video မှာကြည့်ရှု နိုင်ပါတယ်။

Images from dailymail.uk. Source: dailymail.uk

Author
Paing Hmu Ko
Myanmar Youth Media Club

-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...