စင်ကာပူနိုင်ငံရှိ Nanyang Institute of Management မှ Tuition Grant ပေးအပ်မည်



စင်ကာပူနိုင်ငံရှိ Nanyang Institute of Management (NIM) မှ ဇူလိုင်လ ကျောင်းဖွင့်ချိန်အတွက် ပေး အပ်မည့် Tuition Grant များကို STUDY ABROAD Information Centre မှတစ်ဆင့် လျှောက် ထားနိုင်ကြောင်း သိရသည်။

Tuition Grant ကို ပေးအပ်မည့် ဘာသာရပ်များမှာ Diploma in Tourism & Hospitality Management ဘာသာရပ်အတွက် စင်ကာပူဒေါ်လာ ၅၀၀၊ Diploma in Construction Engineering ဘာသာရပ်အတွက် စင်ကာပူ ဒေါ်လာ ၁၀၀၀၊ Postgraduate Diploma in Tourism & Hospitality Management ဘာသာ ရပ်အတွက် စင်ကာပူဒေါ်လာ ၁၀၀၀ ပေးအပ်သွားမည်ဖြစ်ပြီး Bachelor of Applied Management ဘာသာရပ်ကို Final Year (Top Up) ကျောင်းသူ၊ ကျောင်းသားများအတွက် စင်ကာပူဒေါ်လာ ၁၀၀၀ ပေး အပ်သွားမည် ဖြစ်သည်။

NIM ၏ Tourism Postgraduate တွင် ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှု၊ စီမံခန့်ခွဲမှု ပညာရပ်များသာမက မိမိကိုယ်တိုင် ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ စတင်လုပ်ဆောင်ရာတွင် အသုံးပြုရသည့် ဘာသာရပ်များကိုလည်း သင်ကြားရမည်ဖြစ်သည်။ ခေတ်မီတိုးတက်သော နည်းပညာများ၊ နိုင်ငံတကာ အဆင့်မီ ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများကို လုပ်ငန်းခွင် အတွေ့အကြုံများစွာရှိသော ဆရာ၊ ဆရာမများ ကိုယ်တိုင် သင်ကြားပို့ချပေးမည်ဖြစ်သည့်အပြင် စာတွေ့ ၆ လ၊ လက်တွေ့ ၆ လ လုပ်ငန်းခွင် အတွေ့ အကြုံများကို နိုင်ငံတကာအဆင့်မီ ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများ တွင် ဝင်ရောက်လုပ်ကိုင်ကာ လုပ်ငန်းအတွေ့အကြုံ ရယူနိုင်မည် ဖြစ်သည်။

အသေးစိတ် စုံစမ်းသိရှိလိုပါက STUDY ABROAD Information Centre ဒိုင်းမွန်းကွန်ဒို၊ တိုက် အေ၊ ၁၁ လွှာ၊ အခန်းအမှတ် ၁၁၀၃၊ ပြည်လမ်း (မေတ္တာဦး ဆေးခန်းအနီး)၊ ကမာရွတ်မြို့နယ်၊ ဖုန်း-၀၉-၅၁၅၁၀၀၈ နှင့် ၀၉-၇၃၂၄၂၄၀၄ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်သည်။

သန္တာ
Internet Journal အတွဲ (၁၅)၊ အမှတ် (၁၈)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...