ကျောင်းပြင်ပ ပညာရေး ဌာနစုအတွက် ဝန်ထမ်းအင်အား လိုအပ်ချက်ရှိဟုဆို
ကျောင်းပြင်ပ ပညာရေး ဌာနစုအတွက် ဝန်ထမ်း အင်အား လိုအပ်လျက်ရှိပြီး၊ ထပ်မံတိုးချဲ့ရမည့် ဝန် ထမ်းအင်အားမှာ လက်ရှိရှိနေသော အခြေခံပညာ ဦးစီးဌာနသုံးခု၏ ဝန်ထမ်း အင်အားအတိုင်း လိုအပ် မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိကျောင်းပြင်ပ ပညာရေးလုပ်ငန်းများကို ဝန်ထမ်း အင်အား ငါးဦးဖြင့်သာ အကောင် အထည်ဖော် နေရပြီး ယင်းဝန်ထမ်းများ မှတစ်ဆင့် အခြေခံပညာ ဦးစီးဌာနများ၊ အဆင့်မြင့်ပညာ ဦးစီးဌာနများနှင့် တိုင်းဒေသကြီး ပြည်နယ်ပညာရေးမှူး ရုံးများ၏ အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေရ ကြောင်း သိရသည်။
“အစကတော့ ဦးစီးဌာနသီးသန့်လုပ်ဖို့ ပြောထားပေမယ့် နိုင်ငံတော်ရဲ့ ဘတ်ဂျက်အနေအထားက ရှိ နေသေးတော့ မဖွဲ့စည်းနိုင်သေးဘူး။ ဦးစီးဌာနမလုပ်နိုင်သေးပေမယ့် ဝန်ထမ်းအင်အားကတော့ တိုး ကိုတိုးမှရမှာပါ” ဟု ပညာရေးသုတေသန၊ ကျောင်းပြင်ပပညာရေးဌာနစုမှ လက်ထောက်ညွှန်ကြားရေး မှူး ဦးခင်မောင်ထွေးက ပြောသည်။
အမျိုးသားပညာရေးဥပဒေသည် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီး နိုင်ငံတော်သမ္မတမှ လက် မှတ်ရေးထိုးရန်သာကျန်ရှိတော့သည့်အတွက် မကြာခင်အချိန်တွင် ဥပဒေကိုအတည်ပြုပြဋ္ဌာန်းနိုင် တော့မည်ဖြစ်သည့်အတွက် အခြေခံပညာရေးဖွဲ့စည်းပုံ၊ အဆင့်မြင့်ပညာရေးဖွဲ့စည်းပုံများနှင့် ကျောင်း ပြင်ပပညာရေးလုပ်ငန်းများအတွက် ဖွဲ့စည်းပုံများကိုပြောင်းလဲရန် ဆွေးနွေးလျက်ရှိသည့်အတွက် ကျောင်းပြင်ပပညာရေးလုပ်ငန်းအတွက် ဦးစီးဌာနသီးသန့်ပေးနိုင်ခြင်းမရှိပါက ပညာရေးသုတေသန လက်အောက်တွင် ကဏ္ဍတစ်ခုအနေဖြင့် ထည့်သွင်းထားရန်လျာထားသတ်မှတ်ထားကြောင်း ပညာ ရေးသုတေသနမှ သိရသည်။
“ကျွန်တော်တို့ဌာနက ရုံးချုပ်အဆင့်နဲ့မလုံလောက်ပါဘူး။ လုပ်မယ်ဆိုရင်တိုင်းဒေသကြီး ပြည်နယ် ပညာရေးညွှန်ကြားရေးမှူးရုံးတွေကတစ်ဆင့် ကိုင်တွယ်ရမလား၊ လက်ရှိကျောင်းပြင်ပ ပညာရေးဌာန မှာပဲ ဝန်ထမ်းအင်အားကိုတိုးချဲ့ပြီး ဌာနကပဲတိုက်ရိုက်လုပ်ဆောင်မလားဆိုတာတွေကို ဆွေးနွေးနေပါ တယ်” ဟု ပညာရေးသုတေသနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ထွေးက ပြောသည်။
ယခင်ကအမျိုးသားပညာရေးဥပဒေ ထွက်ရှိလာပါက ကျောင်းပြင်ပပညာရေးလုပ်ငန်းများကို ထိထိ ရောက်ရောက်တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ကျောင်းပြင်ပပညာရေး ဦးစီးဌာနသီးသန့်ဖွဲ့စည်းရန် လျာထားသော်လည်း လက်ရှိညှိနှိုင်းချက်များအရ နိုင်ငံတော်၏ ဘတ်ဂျက်အခြေအနေအရ ပညာရေး သုတေသန လက်အောက်တွင် ကျောင်းပြင်ပပညာရေးလုပ်ငန်းကို Section တစ်ခုအနေဖြင့်သာ ဖွဲ့ စည်းရန်လျာထားကြောင်း သိရသည်။
“လက်ရှိလျာထားချက်ကတော့ ပညာရေးသုတေသနလက်အောက်မှာ Section တစ်ခုအနေနဲ့ပဲ ဖွဲ့ပြီး ဝန်ထမ်းအင်အားထပ်မံတိုးချဲ့ရပါမယ်။ ပြီးရင်ကျွန်တော်တို့ဆီက မူဝါဒလုပ်ငန်းစဉ်တွေကို ချပေးမယ်။ ဒါကိုတိုင်းဒေသကြီး ပြည်နယ်ညွှန်ကြားရေးမှူးရုံးတွေကတစ်ဆင့် အကောင်အထည်ဖော်ပေးမယ့် ပုံစံ ကိုလျာထားသတ်မှတ်ထားတယ်” ဟု ဦးခင်မောင်ထွေးပြောသည်။
ကျောင်းပြင်ပပညာရေးဌာနသည် ပညာရေးသုတေသနအဖွဲ့ဦးစီးဌာန လက်အောက်တွင်ရှိနေပြီး ဘတ်ဂျက်ကိုမျှဝေသုံးစွဲနေရကြောင်း သိရသည်။
ကျောင်းပြင်ပပညာရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံတွင် ရပ်ရွာပညာပဒေသာဌာန ၃၀၄၀ ကိုဖွင့် လှစ်ထားကြောင်း သိရသည်။
Democracy Today Daily
သြဂုတ် (၁၈) ရက်၊ ၂၀၁၄ ခုနှစ်

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူများ စဉ်းစားစရာ ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် Acer Aspire E1-510P-2671 Laptop Review ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်