Try Before You Die..
လူသေထည့်တဲ့ အခေါင်းထဲကို အသက်ရှင်လျက် ၀င်ပြီး သေပြီးနောက်ဘ၀ကို ခံစားကြည့်တာဟာ အတော်လေး စိုးရိမ်တုန်လှုပ်စရာ ကောင်းတဲ အတွေ့အကြုံတခုပါ... ဒါပေမဲ့ ဂျပန်လူမျိုးတွေကတော့ ဒီလိုလုပ်ရတာကို နှစ်သက် သဘောတွေ့ကြပါတယ်... သူတို့အနေနဲ့ "try-before-you-die" လို့ ခေါ်တဲ့ ပွဲတော်ကိုတောင် ကျင်းပ ကြတယ်လို့ ဆိုပါတယ်... ဒီပွဲတော်မှာဆိုရင် လူတွေဟာ အခေါင်းတွေထဲကို လူသေတွေလို ၀င်ရောက်လဲလျောင်းပြီး အခေါင်းထဲမှာ နေရတဲ့ ခံစားချက်... တနည်းအားဖြင့် သေးပြီးနောက်ဘ၀ကို... သူတို့မသေခင် ၀င်ရောက် ခံစားကြည့်ကြတာ ဖြစ်ပါတယ်.... တကယ့်ကို ထူးဆန်းစရာပါ...
ဂျပန်နိုင်ငံမှာ "Shukatsu Festa" လို့ ခေါ်တဲ့ ပွဲတော်ဟာဆိုရင် မကြာသေးခင် နှစ်တွေကစလို့ လူကြိုက်များလာ ခဲ့ပါတယ်... 'shukatsu' ဆိုတဲ့ စကားလုံးကတော့ "လူတဦးရဲ့ နောက်ဆုံး အချိန်အတွက် ပြင်ဆင်ပေးခြင်း" လို့ အဓိပ္ပါယ်ရပြီး နိုင်ငံအတွင်း အတော်လေး ရေပန်းစားလာတဲ့ အသုံးအနှုန်း ဖြစ်လာပါတယ်... ဂျပန်လူမျိုးတွေ အနေနဲ့ သူတို့ရဲ့နောက်ဆုံးအချိန်အတွက် ပြင်ဆင်တာဟာ ကံကောင်းမှု တခုလို့လည်း ထင်မြင်ယူဆကြပါတယ်... ပွဲတော်အတွင်း လာရောက်ဆင်နွဲကြ သူတွေဟာ မိမိတို့စိတ်တိုင်းကျ အခေါင်းပုံစံတွေကို ရွေးချယ် ပြင်ဆင် နိုင်ပါတယ်... အဲဒီနောက်မှာတော့ အခေါင်းထဲမှာ လူသေတွေလို ၀င်ရောက်လဲလျောင်းပြီး အခေါင်းထဲရှိနေစဉ် ကာလအတွင်း မိမိတို့ခံစားရတဲ့ ခံစားချက်တွေကို အတွေ့အကြုံ ရယူကြတာ ဖြစ်ပါတယ်... တချို့သူတွေဆိုရင် တကယ့် လူသေအစစ်တွေနဲ့ တူအောင် သူတို့ရဲ့ မျက်နှာပေါ်မှာ မိတ်ကပ်၊ ပေါင်ဒါတွေကို လိမ်းချယ်ကြပြီး တကယ့်နာရေး အခမ်းအနားတခုလို ကျင်းပကြတာလည်း ရှိပါတယ်...

ဂျပန်နိုင်ငံရှိ "Shukatsu Festa" ခေါ် နာရေးပွဲတော်ဟာ အမျိုးသားတွေရော အမျိုးသမီးတွေနဲ့ပါ စည်ကားလျက်ရှိပြီး... ယခုနှစ် တိုကျိုမှာ ကျင်းပခဲ့တဲ့ ပွဲတော်မှာဆိုရင် စီးပွားရေး ကုမ္ပဏီ ၅၀ ခုအပါအ၀င် စိတ်ပါဝင်စားသူ ၅,၀၀၀ ကျော် ရှိခဲ့ပါတယ်... တကယ်တော့ ဒီပွဲတော်ဟာ ပျော်ရေးရွှင်ရေးအတွက်သာလျှင် မဟုတ်ပါဘူး... စီးပွားရေးသမားတွေ အကွက်တွေ့တဲ့ နေရာတခုလည်း ဖြစ်နေပါတယ်... မသေခင် မိမိတို့ ကိုယ်ပိုင်အခေါင်းကို ဘယ်လိုပုံစံဒီဇိုင်း လုပ်မလဲဆိုတဲ့ ဂျပန်လူမျိုးတွေရဲ့ စဉ်းစားချက်ဟာ အခေါင်းလုပ်တဲ့ ကုမ္ပဏီတွေအတွက် စီးပွားရေးအကွက်တခု ဖြစ်နေပါတယ်...
အခုလို ဂျပန်လူမျိုးတွေအနေနဲ့ သေပြီးနောက်ဘ၀ကို အခေါင်းထဲဝင်ပြီး ခံစားကြည့်တဲ့ အယူအဆဟာ ဂျပန်နိုင်ငံ တခုတည်းသာလျှင် မဟုတ်ပါဘူး... တရုတ်နိုင်ငံနဲ့ ယူကရိန်းနိုင်ငံ တွေမှာလည်း အလားတူ အဖြစ်အပျက်တွေ ရှိကြောင်း သိရပါတယ်....ခင်ဗျား။
ref;Asahi/ Odditycentral/ By Ko Myo
--------------------------------------