Isotretinoin (Sotret) ဝက်ခြံဆေး
ဆရာရှင့် ကျမသားက အသက် ၁၅ နှစ်ပါ။ ဝက်ခြံတွေ အရမ်းပေါက်လို့ အရေပြား ဆရာဝန်ပြတဲ့အခါ ဟော်မုန်း မညီမျှလို့ဖြစ်တာ ဆိုပြီး ISOTRETINOIN 10 Mg (ACNOTIN 10) ကို တနေ့ ၂ ကြိမ်နဲ့ တလ သောက်ခိုင်း ပါတယ်။ အဲဒိဆေးရဲ့ ဘေးထွက် ဆိုးကျိုးက ဘာတွေဖြစ် နိုင်လဲ သိချင်ပါတယ် ဆရာ။ တလမပြည့်ခင် သက်သာရင်ကော ဆေးဖြတ်လို့ ရပါသလား သိချင်ပါတယ်ရှင့်။
Isotretinoin ဆိုတာ ဗီတာမင် (အေ) ဖြစ်တယ်။ အရေပြာမှာ အဆီ များနေတာကို သက်သာစေမယ်။ ဆိုးတဲ့ဝက်ခြံ အတွက်လဲ ပေးတယ်။ ပိုးသေဆေးဆေးနဲ့ တွဲပေးလေ့ရှိတယ်။
ဘေးထွက် ဆိုးကျိုးတွေကတော့ ဆေးဝါးဗေဒ အတိုင်းရေးမှာဖြစ်လို့ များနေတာအတွက် လိုတာထက်ပိုပြီး မစိုးရိမ်ဘို့ အရင်သတိပေးပါရစေ။ စိတ်ကျ၊ အာရုံစိုက်ရခက်၊ အိပ်ရေးပျက်၊ စိတ်တို၊ အမူအယာပြောင်း လဲ၊ သူများ မမြင်-မကြားတာတွေကိုမြင်ကြား၊ ကိုယ်တခြမ်းအားနည်း၊ မျက်စိဝေဝါး၊ အကြားအားနည်း၊ တက်၊ ဗိုက်နာ၊ ပျို့အန်ချင်၊ နှလုံးခုန်မြန်၊ အသားဝါ၊ ဝမ်းလျှော၊ ဝမ်းထဲသွေးပါ၊ ကိုယ်ပူ၊ ချမ်း၊ ကိုက်ခဲ၊ အဆစ်နာ၊ ထိခိုက်မိရင် သွေးထွက်လွယ်။
ဒီဆေးကို 0.5 to 1.0 mg/kg/day တနေ့ ၂ ကြိမ်ခွဲပေးတယ်။ ၁၅-၂ဝ ပါတ်အထိ ပေးနိုင်တယ်။

ဒေါက်တာတင့်ဆွေ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
- (အရှေ့သို့) Bell's palsy မျက်နှာတခြမ်း လေဖြတ်ခြင်း Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... တိရိစ္ဆာန်နှင့် လိင်ဆက်ဆံသော တိမွေးကု ဆရာဝန် တရားစွဲခံရ
- (အနောကျသို့) Kegel Exercise for Women (ကီဂယ်လ်) လေ့ကျင့်ခန်း Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... တိရိစ္ဆာန်နှင့် လိင်ဆက်ဆံသော တိမွေးကု ဆရာဝန် တရားစွဲခံရ