အမျိုးသားတစ်ဦးအား အဓမ္မပြုကျင့်မှုဖြင့် အမျိုးသမီးတစ်ဦး စွဲချက်တင်ခံရ
အမေရိကန်နိုင်ငံ ဆီယက်တဲလ်မြို့မှ အသက် ၂၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် အမျိုးသားတစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် အမှုရင်ဆိုင်နေ ရကြောင်း သိရသည်။
ကာယကံရှင်ဖြစ်သည့် အမည်မဖော်လိုသူ အသက် ၃၁ နှစ်အရွယ် အမျိုးသားက မိမိအခန်းထဲတွင် အိပ်နေစဉ် တစ်ရေးနိုး၌ အဆိုပါ အမျိုးသမီးက မိမိကိုယ်ပေါ်သို့ ရောက်ရှိနေပြီး လက်များကိုလည်း ချုပ်ထားပါကြောင်း ထွက်ဆို ထားသည်။
ချန်တေးဂီလ်မန် အမည်ရှိ အမျိုးသမီးသည် မူးယစ်ဆေးဝါး သုံးစွဲသူ တစ်ဦးဖြစ် ကြောင်းလည်း အမျိုးသားဖြစ်သူက ဆိုသည်။
အခင်းဖြစ်သည့်ညက ကာယကံရှင် အမျိုးသားသည် မွေးနေ့ပွဲတစ်ခုသို့ တက်ရောက်ပြီး ပြန်လာခြင်းဖြစ်ကြောင်းနှင့် တစ်နေ့လုံး သွားလာ ထားရသည့်အတွက် အိမ်ရောက်သည်နှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ခြင်းဖြစ်ကြောင်း စုံထောက် ရော်ဂျာ အီရှီမစ်ဆုက ဆိုသည်။
မိမိနိုးထလာချိန်တွင် အရပ် ၅ ပေ ၇ လက်မ၊ ပေါင်ချိန် ၂၄၀ ရှိ အမျိုးသမီးတစ်ဦး မိမိကိုယ်ပေါ်ရောက်ရှိနေသည်ကို တွေ့ပါကြောင်းနှင့် ကာမဆက်ဆံမှုမြောက် အနေအထားဖြစ်နေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ မိမိကိုယ်ပေါ်မှ ဆင်းရန် ပြောဆိုခဲ့သော်လည်း သူမက ဂရုမစိုက်သည့်အတွက် နောက်ဆုံး လွတ်အောင် ရုန်းပြေးခဲ့ရခြင်းဖြစ် ပါကြောင်း အဆိုပါအမျိုးသားက ဆိုထားသည်။
DNA စစ်ဆေးမှုအရ သူမ၏ DNA နှင့်တူညီနေကြောင်း Daily Mail သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဂီလ်မန်ကမူ သူမအနေဖြင့် အဆိုပါဖြစ်ရပ်ကို မမှတ်မိပါကြောင်းနှင့် ထိုစဉ်က သူမအနေဖြင့် စိတ်ဝေဒနာ ဖြစ်ပေါ် နေပြီး ပျော်ရွှင်လိုက် ၀မ်းနည်းလိုက်ဖြစ်နေပါကြောင်း ထွက်ဆိုထားသည်။ ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက အဆိုပါ ဖြစ်ရပ်ပေါ်ပေါက်ခဲ့ ခြင်းဖြစ်သည်။ ယခုအခါ ကလေးငယ်နှစ်ဦးရှိပြီး ကိုယ်ဝန်လွယ်ထားရသည့် သူမအား ရဲများက ဖမ်းဝရမ်းထုတ်ထားပြီး စက်တင်ဘာ ၂၂ ရက်တွင် တရားရုံး၌ အမှုစစ်ဆေးမည်ဟု သိရသည်။
Ref:Daily Mail
Sithu Kyawswar

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) အိပ်မပျော် သူအတွက် နည်း ၃ လက် ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း Sex coffee ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီ (+18)Acer Aspire E1-510P-2671 Laptop Review
- (အနောကျသို့) လူသား သန်းသုံးထောင်အတွက် စစ်တမ်းတစ်စောင် ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း Sex coffee ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီ (+18)Acer Aspire E1-510P-2671 Laptop Review